* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 11, 2010

မြတ်စွာဘုရား၏ ခြေတော်ကို မြူမှုန်ပေလို့ ခြေဆေးတော်မူတာလား

ဒကာ။ ။ မြတ်စွာဘုရားရှင်တို့၏ တန်ခိုးတော်နှင့်စပ်လို့ ဘုရားမြတ်တို့၏ သင်္ကန်းတော်တို့သည် အသားတော်နဲ့မထိခြင်း၊ ဘုရားရှင်တို့၏ သပိတ်တော်သည် လက်တော်နှင့်မထိခြင်း၊ မြတ်စွာဘုရားတို့၏ ခြေဖ၀ါးတော်တို့သည် ပကတိအားဖြင့် မြေသို့မကျ၊ မြေနှင့် မထိစပ်ခြင်း စတဲ့ တန်ခိုးတော် အနန္တတွေ ရှိတော်မူသော ဘုရားရှင်ဟာ ကျောင်းတော်သို့ ပြန်ကြွလာတိုင်း ခြေဆေးအင်းပျဉ်၌ ခြေဆေးတော်မူတယ်ဆိုတာ ခြေဖ၀ါးတော်၌ ရွှံ့ညွန် မြူမှုန်တို့ ကပ်သောကြောင့် ခြေတော် ဆေးကြောတာလား ဆရာတော်။
ဆရာ။ ။ မြတ်စွာဘုရားသခင်တို့၏ ခြေဖ၀ါးတော်၊ သို့မဟုတ် ခြေဖမိုးတော် စသည် တို့ကို ဘယ်သောအခါမှ ရွှံ့ညွန်မြူမှုန်တို့ ကပ်ငြိပေရေ လိမ်းကျံခြင်း မရှိပါဘူးတဲ့။
ခြေတော်မြတ် ဆေးတော်မူခြင်းကား ၀တ်ပြုကြသော တပည့်သာဝက အများတို့၏ အကျိုးစီးပွားကို လိုလားစွာဖြင့် ခြေဆေးဝတ်ပြုမှုကို ခံယူတော်မူခြင်းသာ ဖြစ်ပါတယ်တဲ့၊ ကဲ ရှင်းပြီလား၊ တော်တော့ကို သံသယထူတဲ့ ဒကာကြီးတွေပဲ….နော်။
ဒကာ။ ။ ရှင်းလင်းစွာ သံသယပျောက်လို့ ၀မ်းမြောက်လှပါတယ် ဆရာတော်၊ ဘာသာရေးနဲ့စပ်ပြီး ခေတ်တက်လူကလေးတွေက အမေးအစမ်း ထူလွန်းလို့ မေးထားရတာပါ ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP