အတိတ်တချိန်က အိပ်မက်များ (၁၀)
I was near TESSO Mall, Puchong, KL, Malaysia
I was visiting our one of relatives from Hongang, Singapore.
Malaysian Chinese, Mr Alex visited our owned people and Me at Kl area.
Ven Sasana, Ven Nyanuttara, Alex and Cousin, Rakhine Hla Thein at Breakfield Temple.
(I and two young monks came and met Famous Writer, Dr.K.Sri Dhamma nanda, KL)
၂၀၀၂ ခုနှစ်မိုးဦးကျ ရာသီလေက်ကပေါ့ စင်္ကာပူ။မလေးရှားမှာ ရာဟုလာဟာအဖေါ်မပါ တစ်ကောင်ကြွက် တမျက်နှာလေးဖြင့် ခရီးသွားနေခဲ့တဲ့ နေ့ရက် တွေကို မှတ်မိပါသေးတယ။် မေတ္တာတရား ရှားပါးလှတဲ့ ဟောဒီလောကကြီးမှာ တစ်ခါတစ်လေ မေ့မရတာလေးတွေ တွေ့ခွင့်၊ ဆုံခွင၊့် ကြုံခွင၊့် ကြိုက်ခွင့် ရတတ်ပြန်ပါတယ။် ပထမဆုံး မှတ်မိတာက မြန်မာနွယ်ဖွား တရုတ်မလေး Sabrina နှင့် ကိုဇော်ဝင်းထွန်း တို့ မိသားစုဖြစ်ပါတယ်။ လိုအပ်တာလေးတွေ Visa စာရွက်စာတမ်းလေးတွေ ပံ့ပို့ပေးဘူးပါတယ်။

Mrs Sabrina နဲ့တွေ့စဉ်တုန်းက ကိုယ့်အစ်မတစ်ယောက်လို ခင်မင်ခဲ့ပါတယ်။
When will your visa expired ? Oh. your visa is going to be expired စသည်ဖြင့် စိုးရိမ်စိတ်နဲ့မေးဘူးတဲ့ Sabrina ကို မြင်ယောင်မိပါသေးတယ်။ လူမွဲ ၊ဗီဇာမွဲ၊ သိက္ခာမွဲတဲ့ မြန်မာနိုင်ငံသား အနီရောင်စာအုပ်ကလေးနဲ့ဆိုတော့ Visa က Changi လေဆိပ်ကတည်းက (၁၄) လေးပဲ ရခဲ့တာကိုး။ အဲဒီတုန်းက ဗီဇာတိုးလို့ရတယ်ဆိုတာ မကြားဖူးပါဘူး ဒါကြောင့် စင်္ကာပူရှိ မလေးရှား High Commission ကိုသွားပြီး ဗီဇာရအောင် မနက်စောစောသွား တန်းစီသွားရပါတယ၊် နောက်နှစ်ရက်လောက်ကြာတော့ မလေးဗီဇာရသွားပါတယ်။ အဲဒီအခါမှ ရတက်အေးရပါတယ်။
ရန်ကုန်မြို့၊် တာမွေနေ အစ်မ ၊အစ်ကိုတွေ ဆက်သွယ်ပေးလို့သိရတဲ့ စင်္ကပူမှ ကိုတင်ဆွေ +မသစ်တို့ဟာ သမီလေး ဝင်းဆက်နိုင် (၃)နှစ်သမီးလေးနှင့် ခင်ခင် မင်မင် အားပေးကြတာ မှတ်မသေးပါတယ်။ ယခုတော့ သမီးလေး PSLE ခေါ် စင်္ကာပူ (၆) တန်းပြီးမြောက် အောင်မြင်သွားပါပြီ Hongang ဘက်မှာ နေထိုင်လျှက် ရှိကြပါတယ်။ ယနေ့ထိတိုင် ခင်မင်ရင်းနှီးလျှက် ရှိကြပါတယ် ၊ ယခုတလော ကိုတင့်ဆွေရဲ့ အစ်မကြီး (မမဉ္ဖူ- ဂျပန်) ရဲ့အမေတောင် စင်္ကာပူကို ရောက်နေတယ်လို့ ကြားရပါတယ်။ Clemenit ဘက်ကို လာလည်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်၊ စစ်မှန်သော မေတ္တာတရားသည် ကုန်ဆုံးခြင်းသို့ မရောက်သည်ကား မေတ္တာ သဘောတည်း။
တစ်နေ့သောအခါ ရာဟုလာ တစ်ဦးတည်း Golden mile (ထိုင်းဈေး)မှ Penang ကိုသွားမယ်ဆိုတော့ Mrs Sabrina တို့ကားဂိတ်ကို လိုက်ပို့ပေးကြတယ်၊ ပြီးရင် instruction လေးတွေမှာရှာတယ် ။Singapore ICA ဖြတ်တဲ့အခါ Bus ကားပေါ်မှ အများနည်းတူ အိပ်ကလေးကိုတစ်ပါတည်း ယူသွားဖို့ အသင့်စောင့်နေတဲ့ Bus ကားကို နံပါတ်ကြည့်ပြီး ပြန်တက်ဖို့ရယ်၊နယ်စပ်မြစ်ကို ဖြတ်ပြီးတဲ့အခါ အဆင်သင့်ယူလာတဲ့ Malaysia White card ကို လေယာဉ်လက်မှတ် စသည့် documents များနှင့် submit လုပ်လိုက်ရင် ဗီဇာ(၁၄) ရက်ရမယ။်
လူဆင်းရဲ အသိုင်းအဝိုင်း အပေါင်းအသင်းဆင်းရဲတဲ့ ရာဟုလာဟာ တစ်ခါမှ မရောက်ဖူးတဲ့ ခရီးလမ်းမှာ အချိန်မတော် ညဥ့်နက်သန်ခေါင်ပါပဲ၊အဲလိုနဲ့ နောက်နေ့မှာတော့ ပီနန်ကျွန်းကို ရောက်သွားခဲ့ပါတယ် ။ ပီနန်ဆိုတဲ့ကျွန်းဟာ မြန်မာတွေအဖို့ နာမည်လေးက သိပ်မစိမ်းပါ။ ကင်းဝန်မင်းကြီး အနောက်သွား ဆောင်ပါးမှ ပုလောပီနန်ကျွန်းဆိုတာ အဲဒီပီနန်ကျွန်းပေါ့။ ယခုလက်ရှိကာလမှာတော့ ဆရာတော်ကြီး ဦးပညာဝံသဖြစ်ပါတယ်၊ လက်ထောက်ဆရာတော် ဦးခေမာဝံသဆိုတဲ့ပုဂ္ဂိုလ်ဟာ အမေရိကန် နိုင်ငံသားဖြစ်ပြီးမှ ဆရာတော်ကြီးဆီမှာရဟန်းပြုခဲ့တာလို့သိရပါတယ်၊ ဆရာတော်ဟာ "ကက်လောက်စိ" လို့ခေါ်တဲ့ ပီနန်တောင်ပေါ်ကို လိုက်ပို့ဖူးပါတယ်၊ အဲဒီကျောင်းမှာ ဝေယျာဝစ္စလုပ်ဖို့အတွက် ဦးကိတ္တိလို့ ဦးပဉ္ဖင်းတစ်ပါးလည်းတွေ့ခဲ့ရပါတယ်၊။

ပီနန်တရုတ်တွေဟာ ဗုဒ္ဓဘာသာအနွယ်တွေဖြစ်တာရယ်၊အလုပ်ကြိုးစားပြီး ပစ္စည်းဥစ္စာကြွယ်ဝတာရယ် စတာတွေကြောင့် ဖွံဖြိုးတိုးတက်ပြီးဘာသာရေးမှာလည်းအားရစရာကောင်းပါတယ်၊ရဟန်းသံဃာတော်များ အရောက် အပေါက်နည်းတော့ ဒေသစာရီကြွလာတဲ့ ရဟန်းတော်များကိုလိုအပ်တဲ့အကူ အညီပေးကြ ပါတယ်၊
တစ်နေ့သောအခါဟဲရိုး(Harrot)အည်ရှိတရုတ်အမျိုးသားတစ်ဦးကွယ်လွန်တော့ မိမိတို့ညနေ ခင်းတိုင်း တက်ရောက်ကာ တရားစာတွေရွတ်ခဲ့ကြသေး တယ်၊ နောက်ဆုံး မီးသဂြိုဟ်ပြီးတဲ့အခါ အရိုးပြာကို ပီနန် မြစ်ပြင်ကျယ်မှာ ရေမျောတဲ့ အစီအစဉ်မှာလည်း တက်ရောက်ခဲ့ပါယ်၊ နှစ်တွေအတော် ကြာခဲ့ပြီးကော။

ကွာလာလမ်ပူမြို့Selangor ၊ဆူးဘန်းဂျာကျောင်းမှာ ဆရာတော်ဦးရေဝတဆိုတဲ့ မြန်မာတရုတ်အနွယ် ဘုန်းကြီးတစ်ပါးဟာ အတော်လည်း သဘောထားကောင်းပါတယ်၊ ကျောင်းနှင့်ဆက်စပ်ပြီး သိကျွမ်းခဲ့တဲ့ Mr Richard Tan တို့ဆိုရင် မြန်မာရဟန်းတော်များကြားတွင် မသိသူ မရှိသလောက်ပါပဲ Mr.Alex Tan ဆိုတဲ့ တကာလေးတစ်ယောက်နှင့် ဇနီး(စင်္ကာပူသူ) တို့ဟာသဘောထားအရမ်းကောင်းပါတယ်၊ နောင်နှစ် အတော်များများဆက်သွယ်ကာ အေးချမ်းသော မေတ္တာပေါင်းကူးတတားများဆက်သွယ်ဖြစ်ခဲ့ပါတယ်၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သံဃာတော်များ ခါးသည်းတဲ့ လောကဓံများကို ရင်ဆိုင်ခဲ့ရပြီးနောက် သူတို့လည်း အဆက်အသွယ် သိပ်လုပ်တာ အတွေ့ရတော့ပေ။
Mr Rich Tan ဆိုတဲ့ မလေးရှား တရုတ်အမျိုးသားဆိုရင် ဆရာတော်ဦးရေဝတ (ဆူဘန်းဇယာကျောင်း) နှင့်အတူရင်းနှိးသော ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ လာသမျှမြန်မာရဟန်းတော်များကို ဒိုင်ခံကူညီ ပို့ဆောင်ပေးရှာတယ်။ ရွှေတောင်ကုန်းရိပ်သာသြဝါဒခံအဖြစ်ကနေ၊ ချမ်းမြေ့ဆရာတော် သြဝါဒခံအဖြစ်တည်ရှိနေတဲ့ အဲဒီဆူဘန်းကျောင်းဟာ မြန်မာရဟန်းတွေအတွက် မမေ့စရာတွေ နေရာလည်းတစ်ခုပါပဲ။ အဲဒီကျောင်း တာဝန်ခံ ကျောင်းထိုင်ဆရာတော် ဦးရေဝတဆိုရင် စံပြရဟန်းတောတစ်ပါးပါ။ သင်္ကန်းဝတ်တာကအစ သပ်ရပ်တယ်၊ အင်္ဂလိပ်စာကိုလည်း ပိုင်ပိုင် နိုင်နိုင်နဲ့ ဘာသာရေး အခမ်းအနားတွေ လုပ်ပေးနိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ပါးပါ။ အရိပ်ကို ခိုဝင်လာသော ဘဝတူရဟန်းငယ်များကို အခွင်းအရေး ပေးလေ့ရှိပါတယ်၊ ထင်ရှားနေတဲ့နေရာတွေကို လိုက်ပို့ပေးပါတယ်။ ဆရာတော်ခမျာလည်း (၅)နှစ်သီတင်းသုံးပြီးနောက် ဗီဇာတိုးမရနိုင်ဖြစ်ကာ မလေးရှားမှ ထွက်ခွာပေးခဲ့ရပါတယ်၊
ကိုယ့်မြေ ကိုယ်ရေ ဝရုန်သုံးဖြစ်ကာ ခြေဦးတည်ရာထွက်လာကြတဲ့ မြန်မာတွေဟာ ရောက်တဲ့နေရာမှာ ဘာသာ သာသနာရေးကိစ္စကို မလစ်ဟင်းအောင် တာဝန်ယူပေးကြပြန်ပါတယ်၊ မမေ့အပ်သော စေတနာရှင်တို့မြန်မာများကို အထူးပဲမေတ္တာပို့သအပ်ပါတယ်၊
စင်္ကာပူ၊ မလေးရှားမှာ ကျောင်းများစွာ
၂၀၀၀ လွန်နှစ်များက စင်္ကာပူ မလေးရှားမှာ အဓိက လှည့်ပတ်သွားလာနေကြတာက ဒီနှစ်နေခွင့်ရပြီးတဲ့ ဆရာတော်တွေရဲ့ အဆွေအပွါးတွေရယ်၊ အိန္ဒိယ ၊သီရိလင်္ကာမှ ကျောင်းသား ရဟန်းတွေများပါတယ်၊ ပထမဆုံး လူနေအိမ်ကို ကျောင်းအဖြစ် အသုံးပြုကာ ဖွင့်လှစ်ခဲ့တာက ပူချုန်း TESCO ဝင်းထဲက ဓမ္မရောင်ခြည်ကျောင်းဖြစ်ပါလိမ်မယ်၊ တနေ့သောအခါ မိမိတို့ သန္တိသုခ သာသနာပြုကျောင်းမှ နောင်တော်ကြီးရဟန်းတော်တစ်ပါး ဆရာတ်ေကြီးရဲ့ (P.J.) ကျောင်းမှာ တည်းဖို့သွားခဲရာ၊ တာဝန်ခံ USA ဆရာတော်က လက်မခံလို့ ဥပသကာ ဦးပုည ဆိုသော ဒါယကာနဲ့ပေါင်းကာ ဗီလီယက်ထိုးကစားသော အခန်းတစ်ခန်းကို ကျောင်းအဖြစ် ဖွင်လှစ်ခဲ့ကြပါတယ်၊ ဦးပုညဓမ္မာရုံကို လူသိများပါတယ်၊ ကျောင်းမှာ၂၄ နာရီ အနီးအကပ် အုပ်ချုပ်နေသော စာရေးဆရာ မင်းသိုက်ထွန်းပင် မကြာခင်နှစ်တွေက ကွယ်လွန် သားပြီးဖြစ်လေသည်။
နှစ်အနည်းငယ်ကြာပြီးနောက်၊ နောင်တော်ကြီးလည်းသီးသန်းကျောင်းဖွင်လှစ်ခဲ့တော့တယ်၊ ညောင်ကန် အေးရိပ်သာလိုပဲ ဆရာရင်းရဲ့ဌာန အမည်ပေးလိုက်ပါတယ်၊ မိမိတို့ရဲ့ပညာရေး တစ်ပိုင်းတစ်စနဲ့ သူတို့ဆီမှာ ဝင်ထွက်သွားလာခဲ့တာ အကြိမ် မနည်းလောက်ပါ၊ မိမိလည်း အဲဒီကျောင်းကို နမူနာယူပြီး မိမိတို့ အသိုင်း အဝိုင်းကျောင်းတွေ ဖြစ်မြောက်အောင် ကြိုးစားခဲ့ဖူးပါတယ်၊ ယခုအချိန်မှာ မလေးရှားနိုင်ငံ တစ်ဝန်းမှာ မြန်မာရဟန်းတော် သီးတင်းသုံးနေထိုင်ရာကျောင်း (၃၀) ထက်မနည်းရှိပါလိမ့်မယ်၊ နောက်ဆုံးပေါ်ပေါက်လာတာက စင်္ကာပူနယ်စပ်၊ ဂျိုဟိုးမြို့ အနီးမှ ဒေါက်တာရာဟုလာရဲ့ ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ ဖြစ်ပါတယ်။
၂၀၀၄ နှစ်က ပီနန်ကျောင်းကြီးနှစ် (၂၀၀) ပြည့်အထိမ်းအမှတ်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါတယ်၊ စင်္ကာပူ မင်းသားကိုမြင့်အေး၊ဆိုင်းကိုမြင့်စန်းတို့ဖွဲ့ လာရောက်ဖြေဖျော်ခဲ့ကြပါတယ်။ (ဆက်ရန်)

0 comments:
Post a Comment