* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 16, 2010

ရှင်သာရိပုတ္တရာအား အထက်မဂ်ဖိုလ်တွက် မြတ်ဘုရား တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား

ဒကာ။ ။ ရှင်မောဂ္ဂလာန်အတွက် မြတ်ဘုရားကိုယ်တိုင် ကမ္မဋ္ဌာန်းတရားဟောကြား နည်းပေးတော်မူသော်လည်း၊ ရှင်သာရိပုတ္တရာအတွက်ကို အထက်မဂ်ဖိုလ်ရရေး သီးခြားနည်းပေး ဟောကြားခြင်းမရှိဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ စာပေမူက ဘယ်လို ဆိုပါသလဲ ဘုရား။

ဆရာ။ ။ ဟုတ်ပါတယ်၊ စာပေမူကတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန်းဖြစ်တဲ့နေ့ကစပြီးတော့ ရုပ်နာမ်ဓမ္မတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာကို တခုစီ တခုစီ အကျယ်ဖြန့်ပြီး ရှုမှတ်ပွားများလိုက်တာ ၁၅ ရက် လွန်သောနေ့၌ မြတ်စွာဘုရားသခင်နှင့် အတူတူ ရာဇဂြိုလ်ပြည် ဂိဇ္ဈကုဋ်တောင် “သူကရ ခတလေဏ” ခေါ်တဲ့ ၀က်တူးလိုဏ်၌ နေတော်မူစဉ် ယင်း၏တူဖြစ်သော ဒီဃနာခပရိဗိုဇ်အား ဝေဒနာပရိဂ္ဂဟဖြစ်တဲ့ ဒီဃနခသုတ္တန်ကို မြတ်စွာဘုရားဟောကြားတော်မူတဲ့အခါ ရှင်သာရိပုတ္တရာထေရ်က အဲဒီသုတ္တန်ကို နားစိုက်ကာ အစဉ်အတိုင်း မိမိ၏ဉာဏ်ကို သွတ်သွင်းပြီး ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းပွားများ ရှုမှတ်ရင်း အဂ္ဂသာဝက ပါရမီဉာဏ် အထွတ်အထိပ်ရောက် ပြည့်မြောက်ကာ ရဟန္တာအရှင်မြတ်ကြီးဖြစ်သွားတော်မူတယ်တဲ့။ အဲဒါ့ကြောင့် ရှင်သာရိပုတ္တရာအတွက် သက်သက်သီးခြား အထက်မဂ်ဖိုလ်များ ရရေးကို မဟောကြားဘူးလို့ ဆိုထားတယ်။
တူတော်မောင် ဒီဃနခ ပရိဗိုဇ်ကတော့ သောတာပတ္တိ မဂ်, ဖိုလ် ရကာ အရိယာပိုင်း ၀င်သွားတယ်တဲ့၊ အဲဒါ ဒီဃနာခသုတ် စာပေမူပဲ၊ ကဲ….ဘာပြောချင်သေးလဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP