* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 16, 2010

အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည်



ခရီးသွားလာရောက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အိန္ဒိယနိုင်ငံ၌ တည်ရှိသည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာဒေသအပြင် တာ့ခ်ျမဟာအပါအ၀င် အခြားသောလေ့လာဖွယ် ထင်ရှားသည့်နေရာများသည် နှစ်စဉ် ခရီးသွား တိုးတက်လျက်ရှိပြီး အာရှနိုင်ငံများမှ ပိုမိုလာရောက်ကြကြောင်းနှင့် အခြားသောနိုင်ငံများမှလည်း လာရောက်မှု ရှိနေကြောင်း သိရှိရသည်။

ယခုအခါတွင် ယင်းသို့ ခရီး သွားများ လာရောက်မှုကို ပိုမိုတိုးတက် လာစေရန်အတွက် အိန္ဒိယနိုင်ငံ အစိုးရသည် ဆိုက်ရောက် ဗီဇာကို နိုင်ငံငါးနိုင်ငံအား တိုးမြှင့်ခွင့်ပြုရန် စီစဉ်ထားရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးနိုင်ငံမှ နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာများကို လေဆိပ်တွင် ထုတ်ပေးမှုအား ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်နိုင်ဖွယ်ရှိနေပြီး တရားဝင်ကြေညာချက်ကို မကြာမီ ပြုလုပ်မည်ဖြစ်သည်ဟု ထုတ်ပြန်မှုတစ်ရပ်အရ သိရသည်။

ဆိုက်ရောက် ဗီဇာများအား အိန္ဒိယနိုင်ငံရှိဒေလီ၊ မွမ်ဘိုင်း၊ ချင်း နိုင်၊ ကိုးလ်ကတ္တား လေဆိပ်များတွင် ထုတ်ပေးသွားမည်ဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ် စသည့် နိုင်ငံသားများအား ဆိုက်ရောက် ဗီဇာများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ယင်းဝန်ဆောင်မှုဖြင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့သော ခရီးသွားဦးရေမှာ ၅၆၄၄ ဦးဖြစ်သည်။

မြန်မာနိုင်ငံမှ ခရီးသွားများသည် ပြည်ပခရီးစဉ်များ ထွက်ခွာ သွားရောက်ကြရာတွင် ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်မှု ပိုမိုပြီး အိန္ဒိယနိုင်ငံသည်လည်း ဘုရားဖူးခရီးသွားများ အနေဖြင့်နှစ်စဉ် ရွေးချယ်သွားရောက်ရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ သွားရောက်ရာတွင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ စီစဉ်မှုဖြင့် သွားရောက်ကြပြီး အိန္ဒိယနိုင်ငံ၏ ခရီးသွားစာရင်းတွင် မြန်မာနိုင်ငံသည်လည်း ခရီးသွားများပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP