* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 16, 2010

ဘုရားစင်တွင် ဘုရားဆင်းတုတော်နှစ်ဆူ ကိုးကွယ်ကောင်းပါသလားဘုရား...


7 Dec 10, 17:33

NaingLinnOo: ဘုရားစင်တွင် ဘုရားဆင်းတုတော်နှစ်ဆူ ကိုးကွယ်ကောင်းပါသလားဘုရား။

lknt။ ။ကိုးကွယ်ကောင်းပါသည်… ဘယ်လိုဘုရားဆင်းတုမျိုးလည်း ဆိုခဲ့ရင်တော့… ထေရ၀ါဒီများ ကိုးကွယ်သော ပစ္စေကဗုဒ္ဓါ နှင့် သဗ္ဗညုဘုရားရှင်များကို ရည်မှန်းထုလုပ်သော ဆင်းတုတော်များဖြစ်ကြပါတယ်…

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေနဲ့… ဂေါတမဗုဒ္ဓကို ရည်မှန်းထုလုပ်သော ဆင်းတုတော်များနှင့် တခြားကိုးကွယ်ရာ ဘာသာပေါင်းစုံ ဘုရားရုပ်တုများ တူတူရော၍ ကိုးကွယ်ခြင်းက မသင့်တော်ပါ…

ရတနာသုံးပါးကို ကိုးကွယ်သူမှသာ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်မှာပါ… တစ်ခြားဘုရားများ ရောနေသေးတယ်ဆိုရင်တော့ ရောတိရောရာ ဗုဒ္ဓဘာသာအဆင့်မှာပဲ ရှိနေပါတယ်…

ထေရ၀ါဒီများ ကိုးကွယ်သော ဆင်းတုတော်များကတော့ အတူတူ ဘယ်နှစ်ဆူ တင်ပြီး ကိုးကွယ်ကိုးကွယ် သင့်တော်ပါတယ်… နှစ်ဆူဆိုရင် မကောင်းဘူး သုံးဆူမှ ဆိုတာမျိုးကတော့ ဗေဒင်ဆရာ ယတြာဆရာများရဲ့ အာဘော်တို့သာ ဖြစ်ကြပါတယ်…

ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်လိုသူများ မိမိတို့၏ ကိုးကွယ်ရာဘုရားစင်များကို သန့်ရှင်းနိုင်ကြပါစေ…

ဒကာဒကာမတွေကိုသာ ပြောနေရတယ် တစ်ချို့ကျောင်းတွေက ဘုရားစင်မှာ အတော်စုံအောင် တွေ့နေရသေးတယ်… ဂေါတမဗုဒ္ဓသာသနာဝင် ဘုန်းကြီးဖြစ်ဖို့ ဘုရားစင် ရှင်းနိုင်ကြပါစေ…

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၁၂.၁၄.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP