* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 16, 2010

ရခိုင်ပြည်နယ်ရှိ “ဂီရိ”မုန်တိုင်း လေဘေးသင့်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးကော်မတီ၏ လေဘေးကယ်ဆယ်ရေးနှိုးဆော်လွှာ


(၂၀၁၀) ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းရိုးတန်းဒေသတွင် တစ်နာရီလျှင် မိုင် (၁၂၀)ကျော်နှုန်းဖြင့် အင်အားပြင်းစွာ ဝင်ရောက်တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားပြည်သူများစွာတို့၏ အသက် အိုးအိမ်နှင့် လယ်ယာများ များစွာပျက်စီး ဆုံးရှုံးခဲ့ရပြီဖြစ်ပါသည်။

ဤသို့ သဘာဝလေဘေးဒဏ်ခံခဲ့ရသော ရခိုင်ကမ်းရိုးတန်းနေ တိုင်းရင်းသားပြည်သူများသည် ကယ်ဆယ်ရေး စခန်းများဖြစ်ကြသော ဘုန်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီနေထိုင်ကြပြီး၊ စားဝတ်နေရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။

မုန်တိုင်းသင့်သော ရွာများသည် ပျောက်ဆုံး ပျက်စီးခြင်းများအပြင် လူအသေအပျောက်များစွာရှိသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလျက် လေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်း ထောက်ပံ့ကြ မည်ဖြစ်ပါသည်။

သို့ပါ၍ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေဘေးသင့်ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသောအားဖြင့် စွမ်းနိုင်သမျှ ပါဝင်ကူညီကြပါရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

လေဘေးသတင်းများ ကြည့်ရှုနိုင်သော ဆိုဒ်များ


ထိုင်းနိုင်ငံ အလှူခံရာဌာနနှင့် Bank Account
Cyclone Giri Relief Committee of Thailand

Wat Talom, Charan 13,
Khlong Khwang, Phasi Charoen,
Bangkok 10160,Thailand

Bank account
Name - Phra Kaweinda
A/C No - 119-234694-4
Bank Name - Siam Commercial Bank, Thailand

ဆက်သွယ်လှူဒါန်းရန်
Ven. Kundala,(+66-851235054,Email:venukundala2008@gmail.com)
Ven. Kavinda (+66-851663197, Email: kavi.inda@gmail.com)
Ven. Aloka (+66-894348411, Email: realsingle@gmail.cm)
Ven. Indobhasa(+66-850603342,Email: indobhasaa@yahoo.com)
Ven. Nanissara(+66-814919143, Email: nanissara@hotmail.com)
Ven. Nyanika(+66-835550824,Email: nyanika.2008@gmail.com)

ရခိုင်သဟာယအသင်းရုံးခန်း
အမှတ်၁၁၅၊ပထမထပ်(ညာ)၊သမိန်ဗရမ်း
လမ်း၊ MOON BAKERY အနီး၊ တာမွေအ၀ိုင်းထိပ်၊ ရုံးဖုန်း-၄၃၀၁၇၂၊ အီးမေလ်-rakhine.tay@gmail.com

ဒေါက်တာကျော်သိန်း(နာယက) - ၀၉၅၁၂၇၄၆၇၊
ဦးခင်မောင်စိုး (ဥက္ကဋ္ဌ) - ၅၅၂၁၂၆၊
ဦးဇော်အေးမောင် - ၀၉၅၁၄၀၄၀၇၊
မောင်ရဲထူးအောင် - ၀၉၉၀၄၁၃၉၆၊
ဦးဘိုးတင် - ၀၉၅၀၀၆၉၂၆၊
ဦးမျိုးဆွေ - ၀၉၅၀၀၁၁၈၀၊
ဦးဦးလှမြင့် - ၇၃၀၈၈၉၀၆၊
ဦးဇော်ဝင်း - ၀၉၅၀၀၆၈၂၀၊
ဦးသာမြကျော် - ၀၉၅၁၅၅၄၁၉၊
ဦးဦးမြင့်ကျော် - ၀၉၅၀၆၄၆၅၃၊
ဦးထွန်းနိုင် - ၀၉၈၅၁၀၄၀၀၊
ဦးကျော်နိုင် - ၀၉၅၀၆၁၈၈၄

လေးစားစွာဖြင့်
ဝိမုတ္တိရသအဖွဲ့သားများ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP