* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 18, 2010

မှန်ကြည့်လိုက်ပါ စာအုပ်ထွက်ရှိခြင်း…

ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ)၏ ဒုတိယမြောက် စာအုပ်ဖြစ်သည့် “မှန်ကြည့်လိုက်ပါ” ဟု အမည်ပေးထားသည့် ဓမ္မရသ စာအုပ်ကို ရဲမာန်စီးပွားရေး လုပ်ငန်းစု၏ စီစဉ်မှုဖြင့် ဆရာတော်၏ စာဖတ်ပရိတ်သတ်လက်သို့ အရောက်အပ်လိုက် နိုင်ပြီဖြစ်ကြောင်း စီစဉ်သူ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာမှ ပြောကြားသည်။ မနာပဒါယီ အင်တာနက်စာမျက်နှာတွင် ဆရာတော်ရေးသားသည့် ဓမ္မရသ ဆောင်းပါးများမှ ပရိတ်သတ်များ အဖတ်များ၊ အကြိုက်များသည့် ဆောင်းပါးများကို စုစည်းကာ မနာပဒါယီစာစဉ် (၂) အဖြစ် ဤ “မှန်ကြည့်လိုက်ပါ” ဟူသော စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်ပါသည်။

စာအုပ်ဖတ်မှ အားရတတ်သည့် စာအုပ်ပရိတ်သတ်များအတွက် ဓမ္မအသိ မျှဝေကြည့်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မနာပဒါယီစာစဉ် (၁) အဖြစ် ထုတ်ဝေခဲ့သည့် “မချစ်မမုန်း အကောင်းဆုံးဟူသော” စာအုပ်သည်လည်း ယခုအခါ ကုန်သလောက်နီးပါး ဖြစ်နေကြောင်း စာပေအသိုင်း အ၀ိုင်းမှတဆင့် ကြားသိရသည်။

နောင်ထွက်ရှိလာမည့် စာအုပ်များကိုလည်း မနာပဒါယီ စာစဉ်များအဖြစ် ဆက်လက်ဖြန့်ဝေသွားကာ စာအုပ်မှ ရရှိလာသည့် အကျိုးရလာဘ်များကို မနာပဒါယီ စာပေပြန့်ပွားရေးနှင့် ပညာရေး အလှူများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တမှ မိန့်ကြားတော်မူပါသည်။ နောင်ထွက်ရှိရန် စီစဉ်ထားသည့် စာအုပ်များမှာ
  • - အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း
  • - နဲနဲလေးတော့ လွဲနေတယ် အတွဲ (၁)
  • - စိတ်အားဖြည့် စကားစုလေးများ (၁)
  • - စိတ္တသုခ ဘုရားရှိခိုး ၀တ်ရွတ်စဉ် စသည်တို့ ဖြစ်ပါသည်။

ထို့ကြောင့် ဆရာတော်၏ ဓမ္မစာအုပ်များအား ဓမ္မဒါနပြု လှူဒါန်းလိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ ဌာနများသို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။

မနာပ ဒါယီ စာပန်းချီ ရှည်တည်ကာလ တိုင်စေသော်ဝ်….

  • သီရေဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း- ၃၈၃၇၉၆
  • စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊ တောင်ကိုရီးယား။ ဖုန်း = ၀၅၃-၂၉၅-၉၂၂၀
  • ရဲမာန်စီးပွားရေး လုပ်ငန်းစု ၄၆-၄၇၊ သိမ်ကြီးဈေး (စီ)၊ အဆောင်(၄) ပထမထပ်၊ ရန်ကုန်မြို့။ ဖုန်း = ၀၉၅၉၇၉၈၅

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP