* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 22, 2010

ဝါ၀ါရွင်ရွင၊်ကြည်ကြည်လင်လင် (JB)





၁၃၇၂ ခု တန်ဆောင်မုန်းလပြည့် (21-11-2010)တနင်္ဂနွေနေ့သည် မလေးရှားနိုင်ငံ ဂျိုးဟိုးဘာရုမြို့ ဒေဆာချမလင်းမြို့နယ်ရှိ ဇယမင်္ဂလာဗုဒ္ဓဝိဟာရ(မိုးကုတ်ရိပ်သာ)၏ ပထမဆုံးအကြိမ်မြောက် မဟာဘုံကထိန်ပွဲကိုကျင်းပပြီးစီးအောင်မြင်ခဲ့ပါတယ်။

ထိုကျောင်းတိုက်၏နာယကချုပ်ဒေါက်တာအရှင်ရာဟုလာသည် စင်္ကာပူနိုင်ငံဇယမင်္ဂလာဗုဒ္ဓဝိဟာရ
(မိုးကုတ်ရိပ်သာ)မှအရေးပါသေဒကာ၊ဒကာမများခြံရံလျက်တက်ရောက်ချီးမြင့်ခဲ့ပါတယ်။
ကြိုတင်စီစဉ်မှု အချိန်ရယူမှု့သိပ်မရှိခဲ့သော်လည်း အံ့သြစရာကောင်းလောက်သောပြည်ထောင်စု
မြန်မာနိုင်ငံဖွားတိုင်းရင်းသားများစွာတက်ရောက်ခဲ့ကြပါတယ်။ကြီးမားလှသောပဒေသာပင်များပစ္စည်း
လေးပါး အသုံးဆောင်များ၊မြောက်မြားစွာသောနဝကမ္မတို့ကိုစေတာနာထက်သန်စွာဖြင့်ဆက်
ကပ် လှူဒါန်းကြတာကိုတွေ့ရပါတယ်။

အခမ်းအနားကို နှစ်ကြိမ်ခွဲပြီးကျင်းပခဲ့ရပါတယ်။ နံနက် ဆယ်နာရီခန့်တွင် ပထမအခမ်းအနားကိုကျင်း
ပရာအခမ်းအနားအစီစဉ်အရနမောတဿ(၃)ကြိမ်ရွတ်ဆိုပြီးညီညာဖြဖြဖွင့်လှစ်ကြပါတယ်။
ရင်းတွင်းငြိမ်းဆရာတော်အရှင်ဥတ္တရထံမှ သရဏဂုံသုံးပါး ငါးပါးသီလကို ခံယူဆောက်တည်ကြပါတယ်။

ဇယမင်္ဂလာကျောင်းတိုက်ကြီးများ၏နာယကချုပ်ဒေါက်တာအရှင်ဝိစိတ္တကကထိန်နှင့်စပ်လျဉ်း၍
လည်းကောင်း၊ ပြည်ပရောက်မြန်မာများ ဖံွ့ဖြိုးတိုးတက်ရေးအတွက်Social Network
စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ကြဖို့ စိမ်းမံကိန်းများ ဆွေးနွေးတင်ပြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံဖွား တိုင်းရင်းသားအားလုံး Knowledge is power ဟူသည်နှင့်အညီ လူအများစု အင်္ဂလိပ်ဘာသာစကားကိုနေ့စဉ်ဘဝတွင်သုံးစွဲတတ်ကြစေရန်ထိုကျောင်းတိုက်၌သင်
တန်းများဖွင့်လှစ်ဖို့လည်း တင်ပြဆွေးနွေးသွားပါတယ်။ ထို့နောက် ရင်းတွင်းငြိမ်းဆရာတော်က ပြည်
တွင်း၌ တွေ့ကြုံခဲံ့ရသော ခါးသီးလှသည့်အတွေ့အကြုံများ၊နိုင်ငံတကာ၌ ကြိုးစားရုံးကန်နေကြသော ဆွေတော်မျိုးတော်များကို ဖွံ့ဖြိုးတိုးတက်လာဖို့အရေး ဦးစားပေးလုပ်ဆောင်ကြဖို့ ဆွေးနွေးတင်ပြ
သွားတယ် ။

ယနေ့အခမ်းအနားတွင် စင်္ကာပူနိုင်ငံမှာကြိုတင်အချိန်းအချက်မရှိဘဲ တက်ရောက်ခဲ့ကြသော ကိုလှမြတ်ဦးနှင့် မိသားစုဆွေမျိုးများကပ္ပတိန် ရန်နိုင်ကျော်နှင့် မိသားစုဆွေးမျိုးများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဤနေရာမှ ဂုဏ်ပြုစကားပြောကြားလိုက်ရပါတယ် ။ ထို့အပြင် ပါရမီရှင်များဖြစ်ကြတဲ့ ကျောင်းတိုက်ဒါယကာ ကိုစိုင်း+မစုစုဝင်းမိသားစုနှင့်ဆွေမျိုးများ၊ မစောနီလာ ၊ မစောမြတ်စန္ဒာ၊ ဒေါ်ဝင်းပပဟန်၊ဆရာမ မသန္တာသက်တို့ကို ဤနေရာမှကျေးဇူးတင်ကြောင်း ဂုဏ်ပြုစကားပြောကြားအပ်ပါတယ်။


ပွဲတော်ဖြစ်မြောက်ရေးအတွက်ကျောင်းတိုက်ယာယီတာဝန်ခံဆရာတော်အရှင်ဝါသေဋ္ဌ၊ကျောင်းတိုက်ကပ္ပိယ ဒကာလေးများ၊ရခိုင်မောင်မယ်အဖွဲ့အစည်းများ၊ကျောင်းတိုက်မတည်အလှူရှင်ကိုရဲမိုး+မသူဇာမိသားစု၊

ကိုအောင်ငွေမိသားစု၊ ကိုဦးမိသားစု၊သယ်ယူပို့ဆောင်ရေးတာဝန်ခံ ကိုလှဘုန်းမိသားစု၊ ကျောင်းတိုက်၌ အချိန်ယူခါ ချက်ပြုတ်စီမံပေးကြသော Johor နေ (ရမ်းပြည့်မြို့နယ် ၊ကုန်ဘောင်ရွာမှ) ဒကာမလေးများ အမည်မဖေါ်ပြနိုင်သော်လည်းရာပေါင်းများစွာသော စေတနာရှင်ပါရမီရှင်များကို ဘဝသမ္ပတ္တိကိုယ်လက်
အင်္ဂါ အသက်ထက်ဆုံးတိုင်ကျမ္မာခြင်း၊ ဘောဂသမ္ပတ္တိ-တစ်ဘဝတာကာလပတ်လုံး၊စားဝတ်နေရေးအဆင်
ပြေစေခြင်း၊ အစရှိသောကောင်းကျိုးချမ်းသာ အဖြာဖြာကိုရရှိကြပါစေလို့ ဆုတောင်းအပ်ပါတယ်။

(အလှူဒါယကာတစ်ဦး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP