* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 22, 2010

Brahmacariya (Third Portion) - ဗြဟ္မစိုရ်တရားတော်ကြီး (တတိယပိုင်း)

ဤတရားတော်၌ (၁၃၂)သွယ်သော မုဒိတာ ပွားနည်းကို ဟောတော်မူ၏။ ပွားများပုံမှာ ဤတရားတော် ဒုတိယပိုင်း၌ ဟောတော်မူသည့် ကရုဏာပွားနည်းနှင့် တူ၏။ ကိုယ့်ထက်သာသူအတွက် ၀မ်းမြောက်နိုင်ခြင်းသည် မုဒိတာဖြစ်ကြောင်း၊ “ကိုယ့်ထက်သာ မနာလို”တတ်သော ဣဿာသည် မုဒိတာ၏ ရန်သူဖြစ်ကြောင်း ဟောတော်မူ၏။ မုဒိတာကြောင့် ကောင်းကျိုးရပုံ၊ မနာလိုသည့် ဣသာကြောင့် နင့်နာပျက်စီးရပုံ ၀တ္တုသာဓကများကို ထုတ်ပြတော်မူ၏။ သူတစ်ပါး ဣဿာပွားနေသည်ကို တွေ့ရလျှင် အမှန်ဘက်က ရပ်တည်ထောက်ခံကြရန် အောက်ပါအတိုင်း ညွှန်ကြားတော်မူ၏။
လူတစ်ယောက်ကို အကြောင်းမဲ့ ဂုဏ်သိက္ခာကျအောင် ပြောဆိုနေတာကို ကြားရလျှင် စွမ်းနိုင်ပါက အမှန်ကို ရှင်းလင်းထုတ်ဖော်ပြီး ထိုသူရဲ့ ဂုဏ်သိက္ခာကို ထောက်ခံပြောဆိုပါ။
Mahasi Sayadaw - Brahmacariya3

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP