* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 22, 2010

မိတ်ဆွေတို့အတွက် ရေနွေးကြမ်းတစ်ခွက်

ဝါသနာအရ ကဗျာအတို စာအတိုလေးများ ရေးသားမျှဝေနိုင်စေရန်အတွက် ဟိုဟိုသည်သည် မေးစမ်းလေ့လာ ရင်းဖြင့် ဘလော့လေးတစ်ခု ဖန်တီးဖြစ်ခဲ့ပါသည်။ ယခင်ရေးပြီးသား ကဗျာများကလည်း အတန်အသင့် ရှိနေသည် ဖြစ်ရာ(၃)ရက်လျှင် တစ်ပုဒ်နှုန်းလောက်ဖြင့် မပျက်မကွက် တင်ဆက်နိုင်ခဲ့ပါသည်။ ဘလော့ကလေး အခါလည်သား မဖြစ်မီမှာပင် စေတနာရှင်မလေးနှင့် ထေရဝါဒလူငယ်များ ကောင်းမှုဖြင့် ဤစာမျက်နှာကို ဖွင့်လှစ်ဖြစ်ခဲ့ပြန်ပါသည်။

သို့ရာတွင် ယခင်ရေးထားနှင့်ပြီး ကဗျာများလည်းတဖြည်းဖြည်း ကုန်ခမ်းလာသလို စာမေးပွဲနတ် ဖမ်းစားခြင်း ဒဏ်ကိုလည်း နီးသထက်နီးကပ်စွာ ခံစားလာနေရကား ကဗျာများလည်းယခင်လို မထွက်လာနိုင်ချေတော့ပြီ။ သို့ကြောင့် အလည်လာမပျက်ကြပါသော စာရှုသူမိတ်ဆွေများကို အားနာလှပါသည်။ ထိုသို့ ရှိနေစဉ်အတွင်း စာမေးပွဲနတ်၏ ပူးကပ်ဖမ်းစားမှုဒဏ်ကို အတန်အသင့်ကာကွယ်နိုင်လောက်သော ကျေးဇူးတင်ဖွယ်ရာ အောက်ပါ အင်္ဂလိပ် စာကြောင်း (၈)ကြောင်းကို Email မှလက်ခံရရှိခဲ့ပါသည်။

Last Updated on Monday, 22 November 2010 10:08

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP