* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 22, 2010

စာတမ်း (၁)

အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော စာတမ်း

သုခါ သံဃဿ သာမဂ္ဂီ
(သံဃာထုကြီး ညီညွတ်ခြင်းသည် ချမ်းသာကြောင်း)

ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား
အောက်တိုဘာလ ၃၀၊၃၁ ရက်များတွင် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းစုမတြာကျွန်း၌ တည်ထားကိုးကွယ်အပ်သော ရွှေတိဂုံဘုရားကြီးအောင်မြင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးအတွက် သ၀ဏ်လွှာပို့ခွင့်သည့်အတွက် အလွန်ဝမ်းမြောက်ကြေားင်ပါဘုရား။
အင်ဒိုနီးရှားနိုင်ငံ ရွှေကျွန်း (သုဝဏ္ဏဒီပ-the Golden Island) ကြီးမှာ ကမ္ဘာအရပ်ရပ်က သံဃာထုကြီး စုစည်းမိခြင်းသည် အလွန်ကြီးမား တန်ဖိုးကြီးတဲ့ စည်းလုံးညီညွတ်သော သံဃာ့အစည်းအရုံးကြီးဖြစ်ပါတယ်။ တကမ္ဘာလုံး ရှိ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကြီးအတွက် အလွန်အမင်း ၀မ်းမြောက်စရာဖြစ်ပါတယ် ဘုရား။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရသည် ထောင်နှင့်ချီသော သံဃာထု စည်းရုံးနိုင်ရန် အလွန်ကြီးမား ထယ်ဝါသော ခန်းမဆောင်ကြီး ပါရှိသော ရွှေတိဂုံဘုရား ပုံတူဘုရားကြီးတည်ထား ကိုးကွယ်ခွင့်ရတာဟာဖြင့် အလွန်ကံကောင်းလှပါတယ်ဘုရား။ ထိုစေတီတော်ကြီးအတွက် တဦးတည်း အလှူရှင်ဖြစ်သာ အလွန်ရက်ရော သဒ္ဓါအားကောင်းသော မစ္စတာ တွန်ဂါရီယိုဂျို အန်ကာဆာ-အင်ဒိုနီးရှား မိသားစုအားလည်း ကောင်းချီးမင်္ဂလာ ပေးပါတယ်ဘုရား။ အိန္ဒိယနိုင်ငံ ဓမ္မာသောကမင်းကြီးလက်ထက် အခါသမယက နာလန္ဒတက္ကသိုလ်ကြီး၏ ခန်းမဆောင်ကြီးကဲ့သို့ ကြီးကျယ်ခန်းနား ကျက်သရေ ရှိလှပါတယ်ဘုရား။
ဤကဲ့သို့ စေတီတော်ကြီးပူဇော်ပွဲနှင့် သံဃာ့အစည်းအရုံးကြီးသည် သံဃာထုအတွက် အလွန်ဝမ်သာ စရာဖြစ်ရပါသည်ဘုရား။ ယခုလို ခရစ်မတိုင်မီ ထောင်စုနှစ်ကထဲ ထွန်းကားလာသော ဗုဒ္ဓသာသနာတော်ကြီးနှင့် ဗုဒ္ဓမြတ်စွာသာသနာရဲ့သမိုင်းကို ရွှေစာများဖြင့် ဖော်ဆောင်ကာ ချီးမြောက်ခြင်း ဂုဏ်ပြု ပူဇော်ခြင်းသည်လည်း အလွန့်အလွန်ကို ၀မ်းသာမိပါကြောင်းပါဘုရား။
အရှင်းဘုရားများရဲ့ ဗုဒ္ဓမြတ်စွာသာသာတော်ကြီး တိုးတက်စည်ပင်ဖို့ရန် ထက်သန်စွာ အားထုတ်တော်မူရာ၌ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးဖြင့် ကောင်းချီးမင်္ဂလာပြုပါတယ်ဘုရား။

ဆရာတော် တိဘတ်တုဝေ၀ သိရီသိဒ္ဓတ္ထသုမင်္ဂလ
မလ်ဝတ္တကျောင်း၊ ကန္ဒီ


အင်ဒိုနီးရှားနိုင်ငံ ဆုမတြာကျွန်း ရွှေတိဂုံပုံစံတူစေတီတော် ပူဇော်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးတွင် ဖတ်ကြားတင်သွင်းသော စာတမ်းများကို မိမိ စွမ်းနိုင်သလောက် ဘာသာပြန်ဆိုပြီး တင်လိုက်ရပါသည်၊ ဆက်လက်ပြီး ထိုအစည်းအဝေးတွင်ဖတ်ကြားသော စာတမ်းများကို တင်သွားပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၁၁-၂၀၁၀

0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP