* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 4, 2010

စိတ်ကောင်းရှိရန်လိုအပ်သည်

လောက၌ အရေးကြီးဆုံးသောအရာသည် စိတ်, စေတနာကောင်းမွန်ရေးပင်ဖြစ်သည်။ စိတ်ကောင်း စေတနာကောင်း ထားရှိပြီး မှန်သောအမှု မှန်သောကိစ္စတို့ကို ပြုလုပ်ရန်လိုအပ်သည်။ စိတ်ကောင်း စေတနာကောင်း မရှိသောသူများသည် မည်ကဲ့သို့ပင် တိုးတက်ကြီးပွါးစေကာမူ ထိုပုဂ္ဂိုလ်အတွက် တန်ဖိုးကြီးမားသော တိုးတက်မှု ကြီးပွါးမှုမဖြစ်နိုင်ဟုမှတ်ယူသင့်ပါသည်။ စိတ်ကောင်း စေတနာကောင်းရှိမှုသည် ဘ၀အတွက် တန်ဖိုးကြီးမြတ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏ ပယောဂကြောင့် သူတစ်ပါးတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမှု ဂုဏ်ကျက်သရေ ညှိုးနွမ်းပျက်စီးရခြင်းသည် မကောင်းသော အပြုအမူများဖြစ်သည်။

မိမိတို့အတွက် အဘယ်အမှုသည် ကောင်း၏ အဘယ်အမှုသည်မကောင်း ဟုသိရှိရန် လိုအပ်ပေသည်။ မြတ်စွာဘုရား ဓမ္မပဒမှာ မိန့်ကြားခဲ့တာလေးတစ်ခုရှိသည်။ “အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ရတက်၊ မျက်ရည်စက်လက် ငိုကြွေးလျက် ဆင်းရဲခံရတက်လျှင် ထိုအမှုသည် မကောင်း။ For that deed is not well done when being done one has to repent; and when one must reap with tears the bitter fruits of the wrong deed.
“အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရဘဲ၊ နှစ်သက်ဝမ်းမြောက်စွာ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရလျင် ထိုအမှုသည် ကောင်း၏” But the deed is indeed well done when being done one has not to repent; and when one can reap with joy the sweet fruits of the right deed. ဟုမိန့်ခဲ့သည်။ ကိုယ်တည်း တစ်ယောက်ချမ်းသာ ရောက်ခြင်းထက် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ချမ်းသာခြင်းသည် ကောင်းမွန်သော တရားဖြစ်သည်။ ထို့ကြောင့် မိမိ သူတစ်ပါး နှစ်ဦးသား ချမ်းသာရောက်အောင် ကြိုးစားသင့်ပေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP