* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 4, 2010

*အနေကဇာတင်ခြင်း အဓိပ္ပာယ်*

11/04/2010 တောသားလေး , Posted in , 0 Comments

အဘိသေက (အဘိသိက်) မင်္ဂလာသည်-
(၁) ရှင်ဘုရင်အဖြစ် အဘိသိတ်သွန်းလောင်းခြင်း (မုဒ္ဓါဘိသေကမင်္ဂလာ)၊
(၂) သာသနာ့ဘောင်သို့ ရှင်ရဟန်းအဖြစ် သွတ်သွင်းခြင်း (ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာ)၊
(၃) ရုပ်ပွားဆင်းတုတော် စသည်တို့ကို ဘုရားအဖြစ် အဘိသိတ်သွန်းခြင်း “ဗုဒ္ဓါဘိသေကမင်္ဂလာ”၊ ဟူ၍ “အဘိသေကမင်္ဂလာ” သုံးမျိုးရှိရာ စေတီရုပ်ပွား “ဒက္ခိဏသာခါ” စသော ဆင်းတုတော်များကို ပန်းနံ့သာ ဆီမီး အသီးသီးသော လှူဒါန်းဖွယ်တို့ဖြင့် ကပ်လှူပူဇော်၍ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းဂါထာတော်များကို ရွတ်ဖတ်ကြခြင်းသည် “ဗုဒ္ဓါဘိသေကမင်္ဂလာ” ဖြစ်၏၊ ဤသို့ ဗုဒ္ဓါဘိသေက မင်္ဂလာပွဲ ဆင်နွှဲကြရာဝယ် “အနေကဇာတိသံသာရံ” အစချီသော ဂါထာတော်ရွတ်ဆိုခြင်းကို အစွဲပြု၍ “အနေကဇာတင်” သည်ဟု မြန်မာတို့ ခေါ်ရိုးပြုခဲ့ကြသည်။ ရုပ်ပွားဆင်းတုတော်များအား ဤသို့ အနေကဇာတင်ခြင်းသည် ပူဇော်နည်းတစ်မျိုးဖြင့် ပူဇော်ခြင်းမျိုးသာဖြစ်၏။ အနေကဇာ မတင်ရသေးသမျှ ဘုရားမဖြစ်သေးဟူသော အယူအဆ အမြင်မျိုးဖြင့် ပြုလုပ်ကြရိုး မဟုတ်သည်ကို သတိပြုသင့်ကြပါသည်။

ကောက်နုတ်ချက်။ ။ မဏိဇောတ(ပရိတ်ကြီး ၁၁-သုတ် အသံထွက်ရွက်ဖတ်နည်းနှင့် မြန်မာပြန်) စာအုပ်မှ


အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP