* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 4, 2010

ခွင့်ပြုလိုက်ပါ

ဖက်တွယ်မထားချင်ပါနဲ့တော့
သွားလိုက သွားပါစေ
ခွင့်ပြုလိုက်ပါ
မင်းရင်ခွင်မှာမပျော်မွေ့မှန်း
စိမ်းလှတဲ့ အနမ်းတွေ သက်သေ
သူမနေလိုတော့မှန်း မင်းသိသင့်ပေါ့

အနုသယလွှမ်းတဲ့
ပိုင်ဆိုင်မှုကို မမှန်းချင်ပါနဲ့တော့
အချစ်စစ်မှန်ရင်
တစ်ခါတစ်ရံ
စွန့်လွှတ်ခန်းတွေလဲ ဇာတ်ရှိန်လှတာပဲ
အေးချမ်းမယ်ဆိုရင် ခွင့်ပြုလိုက်ပါ
သူပျော်ရာမှာနေပါစေ

အပြုံးများကိုကြည့်လိုက်ပါ
မင်းသိမ်းပိုက်ခြင်းခံရလို့
နှလုံးသားတွေမာကျောနေတာ
မင်းသိသင့်ပါရဲ့
နွေးထွေးမဲ့ရင်ခွင်
သူမျှော်လင့်ချင်တာ မဆန်းပါဘူး

ခွင့်ပြုလိုက်ပါတော့
သူ့စိတ်အစဉ်မပါတာကို
ဘာလို့များ ခင်တွယ်နေမှာလဲ
မင်းလဲပင်ပန်းပါတယ်
သွားလိုက သွားပါစေ
အချိန်တန်ပြီပဲလေ

ခွင့်ပြုလိုက်ပါတော့
အမုန်းတွေမရင့်မှည့်ခင်
သူကြင်ရာနဲ့ ပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့တော့
သူပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့.................
သူပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့တော့
ခွင့်ပြုလိုက်ပါ...



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP