* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 14, 2010

အမေ့ အိမ်

Thursday, 11 November 2010 23:53 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail


အမေမရှိလျှင်လရွှေအတိဆင်စေအုံးတော့
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီး၊ အရုပ်အိမ်------

အမေရှိလျှင်ပေါ့၊ ရွှေမရှိချင်နေစေဦးတော့
အဆင်းဗလာမွဲ နုံသေးသော်လည်း
တဲကုတ်ကလေး အေးရိပ်ငြိမ်----

ခွဲမလွှတ်နိုင်ဘူး
စွဲညွတ်ခဲ့ အမေနှင့်အိမ်
ငြိမ်သက်မြဲ အလှတရား-

သားအမိအိမ်
ပတ္တမြားမရှိ စိန်မစီလည်း
မမှိန်ပြီ မေတ္တာတန်ခိုးကြောင့် ရိုး၍မသွား-------တဲ့

ဲ့

ကမ္ဘာလောကကြီးထဲက အမေများနဲ့ သား သမီးတို့ရဲ့ ထပ်တူခံစားရတဲ့ ရင်ခုန်သံစစ်စစ်ပါ။ သမီးတယောက်ရဲ့ အမေ့အပေါ် အားကိုမှုတို့က ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်အားလှိုင်းတို့ လှုပ်ခတ်တယ်ဆိုတာ သိနိုင်ပါတယ်။ အမေ့အိမ်လေး ဘယ်လောက်ဘဲ ဟောင်းနွမ်း စုတ်ပြတ် သေးသိမ်နေပေမဲ့လည်း အမေရှိတယ်ဆိုရင် နန်းတော်ကြီးနဲ့မလဲနိုင်တာ သားသမီးတို့ရဲ့ဆန္ဒပါ။
နန်းတော်ကြီးလို ခန့်နားထည်ဝါ တင့်တယ်ပေမဲ့လို့လည်း အမေသာမရှိခဲ့ဘူးဆိုရင် ပြည့်စုံမှုမရှိတဲ့အိမ်ကြီးမို့ အရုပ်အိမ်လိုပါဘဲ။ ဘာမှ တန်ဖိုးမရှိပါဘူး။ အမေအိမ် အမေနေတဲ့အိမ် အမေရှိတဲ့အိမ်က အရာရာပြီးပြည့်စုံလို့ အလှတရားတွေနဲ့ပြည့်စုံပြီ ကျက်သရေရှိတဲ အိမ်လေးပါ။ အဲဒီအိမ်လေးထဲ ပတ္တမြားမရှိချင်နေပါစေ၊ ရွှေမရှိချင်နေပါစေ အမေ့ရဲ့မေတ္တာ အမေ့ရဲ့အကြင်နာ အလင်းရောင်တွေဟာ သားသမီးတို့အပေါ် အမြဲတမ်း ထွန်းလင်း ဖြန့်ကြက်နေတာဖြစ်လို့မို့ အမေအိမ်မှာ အမြဲလိုလို မေတ္တာအလင်းရောင် ထွန်းလင်းပြောင်ပြီး အမေရဲ့မေတ္တာပန်းခင်းလေးထဲမှာ သား သမီးဆိုတာ အစဉ်အဆက်မပြောင်းမလဲ ရှိနေအုံးမှာလေ။

မှတ်ချက်။ ကဗျာဆရာ မောင်ရိုးရဲ့ အမေ့အိမ်ကဗျာလေးပါ။ ဟိုတစ်နေ့က မနီဆိုးတာပြည်နယ်၊ ကထိန်ပွဲရောက်စဉ်က သူငယ်ချင်း ဆရာတော်လေးနဲ့ ဟိုအကြောင်း ဒီအကြောင်းဆွေးနွေးရင်းနဲ့ အမေ့အိမ်ကဗျာလေး ရွတ်ပြလို့ သဘောကျတာနဲ့ မေးနဲ့ ပို့ပေးပါအုံး ဆိုလို့ မေးနဲ့ ပို့လာတာလေးကို မျှဝေပေးလိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP