* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 14, 2010

မေတ္တာပေါ့နော်

ဟော လုပ်ပြန်ပြီ ။ ဒီနေ့  ညနေခင်း ဘုရားဝတ်ပြု ၊ တရားထိုင်ပြီးချိန်။ သံဃာတွေကို ဖျော်ရည်ကပ်ဖို့  ပြောလိုက်တော့နားလည် ပါးလည်စွာ သင်ထားတဲ့ အတိုင်း သေချာကပ်ပါတယ်။ ဘုန်းကြီးဆိုတော့ လည်း ကိုယ့်အတွက် ထည့်ပြီးချိန်မှာ သူများကိုလည်း ကိုယ်ချင်းစာ ဗိုက်ချင်း စာနာပြီး သူ ပင်ပန်း နေတာ လိုအပ်လေမလား အထင်နဲ့  သောက်ပါဦး လား မေးမိပါတယ်။ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးတဲ့။

အောင်မာ... သူက လုပ်ချလိုက်ပီ။
ဖျော်ရည်အတွက် လောဘ မရှိပါဆိုပါလား...
နောက်သလို ပြောင်သလိုနဲ့  ရယ်ပြီးပြောပါတယ်။
မြတ်ရောင်နီ ( ၀၈ ၊ ၁၁ ၊ ၂၀၁၀ )

အဲဒီလိုလေး ရေးခဲ့ပြီးသည့်နောက် ယနေ့  သူ့ ကို ဘုန်းကြီးတစ်ပါးက သောက်ဖို့  တိုက်တွန်းပြန် ပါတယ် ။ ဒီနေ့ တော့ သူမငြင်းတော့ ၊ မငြင်းသည့်အပြင် မုန့် ကိုတောင် စားပါသေးတယ်။ ကိုယ်က လည်း ရယ်သလို မောသလို သူပြောထားတဲ့ စကား ပြန်သတိရအောင် အစဖေါ်ပြောလိုက်တာပါ။

ဟေ... မင်းပြောတော့ ဖျော်ရည်အတွက် လောဘ မရှိတော့ဘူးဆို။ ခု ဘယ်လိုလည်းကွ။ မင်း သောက် နေပ့ါလား။ လောဘ ပြန်ဖြစ်တဲ့ သဘောလား။ အဲဒီလိုပြောလိုက်တော့ သူက- စိတ် အညစ် ကြေး ရေးချိုးပြီးကာစ ရွင်ရွှင်ပျပျ မျက်နှာနဲ့ လောဘ ဖြစ်တာ မဟုတ်ဘူး။ ဒေါသမဖြစ်တာတဲ့။ ဒီ ဘုန်းကြီးက သောက်ပါဆိုလို့  လေ။ မသောက်ရင် သူ က ပျော်မှာ မဟုတ်ဘူး တဲ့။ မသောက်ရင် စိတ်မကောင်းဖြစ်နေမယ် တဲ့။ (ပြောတတ်လိုက်တာကွယ်။)


အော်... သူ ပြောတာကို ကိုယ်ကလည်း စဉ်းစားကြည့်တယ်၊ အော် ဟုတ်ပေသားပဲပေါ့။ ဒို့ မြန်မာ သာမန်လူဆိုရင်တော့ အားနာလို့  သောက်လိုက်တဲ့ သဘောလို့  ပြောချင် ပြောမှာ။ သို့ သော် ဂျာမန် ယောဂီ လေးဆိုတော့ ယောဂီသံ ပါပါနဲ့ ဒေါသမဖြစ်အောင်၊ သူများပျော်အောင်တဲ့ လေ။ ကိုယ်က သူ့ ကို ကြည့်ပြီး တစ်ခု ကောက်ချက်ချမိတာက တရားရှိလာရင် တရားသံပါလာတယ် ပြောရမယ်နဲ့  တူတယ်။

ကိုယ်ကလည်း ပြောလိုက်ပါတယ်။ အေးကွာ ။ ဒီလိုဆို မင်းကို ဟေတု ပစ္စည်းတုန်းက ရှင်းပြထား ခဲ့သလိုပေါ့။ ဒေါသမဟုတ်တဲ့ အဒေါသ ပေါ့ကွာ။ အဲဒါ မေတ္တာပေါ့နော်။ မေတ္တာပေါ့။



မှတ်ချက်။ ။ ဒီနေ့  ဘလော့ဖွင့် ဒိုင်ယာယီမှတ်တမ်း ရေးလိုက်ပါတယ်။

ကျောင်းကထိန်အတွက် အလုပ်များ ရှုပ်နေသည်မို့  ။


မြတ်ရောင်နီ
( ၁၂ ၊ ၁၀ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP