* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 14, 2010

ဓမၼဒါန

ဂုဏ်တော် (၉) ပါး သစ္စာဓိဌာန် ဘုရားရှိခိုး

(၁) မြတ်စွာဘုရားရှင်သည် ကိလေသာတို့ ကုန်စင်လျက် လူ၊နတ်၊ဗြဟ္မာသတ္တ၀ါတို့၏
ပူဇော်အထူးကို ခံယူတော်မူထိုက်သောကြောင့် အရဟံ ဂုဏ်တော်နှင့်ပြည့်စုံ
တော်မူပါပေသည်။ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ အရဟံမြတ်စွာ
ဘုရားအားရှိခိုးကန်တော့ရသောကြောင့်လည်းကောင်း၊တပည့်တော်အား လူ၊ နတ်၊
ဗြဟ္မာ၊ သတ္တ၀ါတို့မှ နှစ်လိုချစ်ကြည်ကြပါစေသတည်း။ ၀န်မတိုရန်မလိုကြပါစေနှင့်။
တပည့်တော်တွင်လည်း မကောင်းမှုအကုသိုလ်ကင်းရပါစေသတည်း။ သဗ္ဗေသတ္တာ
သတ္တ၀ါ အပေါင်းတို့မှာလည်း ထိုနည်းတူဖြစ်ကြပါစေသတည်း။
(၂) မြတ်စွာဘုရားရှင်သည် အလုံးစုံသော တရားအပေါင်းတို့ကို မဖောက်မပြန် ကိုယ်တော်
တိုင် ထိုးထွင်း၍ သိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ
ပါပေသည်။ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း၊သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား
အား ရှိခိုးကန်တော့ ရသောကြောင့် လည်းကောင်း၊ တပည့်တော်သည် ထွင်ဉာဏ်
လျင်ဉာဏ်သင်ဉာဏ်ဖြစ်သောဉာဏ်ပညာတို့ထွန်းပြောင်၍ကြံတိုင်းအောင်ဆောင်
တိုင်းမြောက်ပါစေသတည်း။သဗ္ဗေသတ္တာသတ္တ၀ါအပေါင်းတို့မှာလည်းထိုနည်းတူဖြစ်ကြ
ပါစေဘုရား။
(၃) မြတ်စွာဘုရားရှင်သည် ၀ိဇ္ဇာ (၃) ပါး၊၀ိဇ္ဇာ (၈) ပါး၊ စရဏ (၁၅) ပါး(ဉာဏ်တော်ကျင့်
စဉ်တော်) တို့နှင့် ပြည့်စုံတော်မူသောကြောင့် ၀ိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်နှင့် ပြည့်စုံ
တော်မူပါပေသည်။ဤမှန်သောသစ္စာစကားကြောင့် လည်းကောင်း၊ ၀ိဇ္ဇာစရဏ သမ္ပန္န
မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသော ကြောင့်လည်းကောင်း၊ တပည့်တော်သည်
ဝိဇ္ဇာဉာဏ်အထူးဖြင့် ရန်ဆူးထွင်နိုင်ပါစေသတည်း။ အသိမှန် အကျင့်မြတ်ဖြင့် နိဗ္ဗာန်
အရပ်သို့ ခိုဝင်နိုင်ပါစေသတည်း။သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်းတူ
ဖြစ်ကြပါစေဘုရား။
(၄) မြတ်စွာဘုရားရှင်သည် ကောင်းမြတ်မှန်ကန်သော သစ္စာစကားကိုသာ ဆိုတော်မူတတ်၍
သဗ္ဗညုတ ဉာဏ်ရကြောင်း လမ်းစဉ်ကောင်းမှ ကြွတော်မူခဲ့သောကြောင့် သုဂတောဂုဏ်
နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့် လည်းကောင်း၊ သုဂတ
မြတ်စွာဘုရားအားရှိခိုးကန်တော့ရသောကြောင့်လည်းကောင်း၊တပည့်တော်သည်ဆိုရေး
ရှိကဆိုအပ်စွာသောစကားကောင်းလမ်းစဉ်ကောင်းတို့ဖြင့်အောင်နိုင်ရပါစေသတည်း။
လာခြင်းကောင်းသော မြတ်စွာဘုရား၏ တန်ခိုးက္ကိဒ္ဓိပါဒ်ဖြင့် တပည့်တော်၏ သွားရာ
လာရာဘ၀လမ်းခရီးမှန်ကန် ဖြောင့်မတ်ပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း
တို့မှာလည်း ထိုနည်းတူ ဖြစ်ကြပါစေဘုရား။
(၅) မြတ်စွာဘုရားရှင်သည် သတ္တလောက သင်္ခါရလောက ဩကာသလောက ဟူသော လောက
(၃) ပါးကို ကုန်စင်အောင်သိမြင်သူ ဆရာတစ်ဆူ ဖြစ်သောကြောင့် လောက၀ိဒူ ဂုဏ်တော်
နှင့် ပြည့်စုံတော်မူပါပေသည်။ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း၊ လောက၀ိဒူ
မြတ်စွာဘုရားအား ရှိခိုးကန်တော့ ရသောကြောင့်လည်းကောင်းတပည့်တော်သည် ဘုရားရှင်၏
ဆုံးမပဲ့ပြင်မှုတွင်အစဉ်တည်ကြည်ပြီးကြံတိုင်းအောင်ဆောင်တိုင်းမြောက်ကာကောင်းမြတ်
မှန်ကန်ပါစေသတည်း။သဗ္ဗေသတ္တာသတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်းတူ ဖြစ်ကြပါစေ
ဘုရား။
(၆) မြတ်စွာဘုရားရှင်သည် မယဉ်ပါးသောယောက်ကျား မိန်းမ သတ္တ၀ါများကို ယဉ်ပါးအောင်
ဆုံးမရာတွင် အတုမရှိသောကြောင့် အနုတ္တရော ပုရိဿ ဓမ္မသာရတိ ဂုဏ်တော်နှင့် ပြည့်စုံ
တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ အနုတ္တရော ပုရိဿ
ဓမ္မသာရတိမြတ်စွာဘုရားအားရှိခိုးကန်တော့ရသောကြောင့်လည်းကောင်း၊ တပည့်တော်
သည်မသူတော်တို့၏ဘေး၊လူရမ်းကားတို့၏ဘေးမှအစဉ်ကင်းဝေးရပါစေသတည်း။ဘေးရန်
ဟူသမျှမှကင်းဝေးရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်းတူ
ဖြစ်ကြပါစေဘုရား။
(၇) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ တို့၏ ကိုးကွယ်အားထားရာ၊ အကျိုးစီးပွား ပြုရာ
ဆရာသခင် ကျေးဇူးရှင် ဖြစ်သောကြောင့် သတ္တာဒေ၀ မနုဿာနံ ဂုဏ်တော်နှင့် ပြည့်စုံ
တော်မူပါပေသည်။ ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ သတ္တာဒေ၀ မနုဿန
မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသော ကြောင့်လည်းကောင်း၊ တပည့်တော်သည်
ကောင်းကျိုးခပ်သိမ်းပြီးပြည့်စုံ၍ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေသတည်း။
သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်း တို့မှာလည်း ထိုနည်းတူ ဖြစ်ကြပါစေဘုရား။
(၈) မြတ်စွာဘုရားရှင်သည် သစ္စာလေးပါးကို ကိုယ်တော်တိုင် သယမ္ဘူဉာဏ်ဖြင့် သိမြင်၍
သူတပါးကိုလည်းသိမြင်စေသောကြောင့် ဗုဒ္ဓေါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။
ဤမှန်သော သစ္စာစကားကြောင့်လည်းကောင်း၊ ဗုဒ္ဓ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရ
သောကြောင့်လည်းကောင်း၊ တပည့်တော်သည် သစ္စာလေးပါး မြတ်တရားဖြင့် နိဗ္ဗာန် သို့
အရောက်လှမ်းနိုင်ပါစေသတည်း။မကောင်းကိုပယ်အမှန်သယ်၍မကောင်းမှုအကုသိုလ်
ကင်းရပါစေသတည်း။သဗ္ဗေသတ္တာသတ္တ၀ါအပေါင်းတို့မှာလည်း ထိုနည်းတူဖြစ်ကြပါစေ
ဘုရား။
(၉) မြတ်စွာဘုရားရှင်သည် ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ တို့နှင့်
ပြည့်စုံတော်မူသောကြောင့် ဘဂ၀ါ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။ ဤမှန်သော
သစ္စာစကားကြောင့်လည်းကောင်း၊ ဘဂ၀ါ မြတ်စွာဘုရားအား ရှိခိုးကန်တော့ရသောကြောင့်
လည်းကောင်း၊ တပည့်တော်သည် ဘုန်းတန်ခိုးကြီးခြင်း၊ ကံဇာတာဖြောင့်ဖြူးကောင်းမွန်ခြင်း၊
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ဉာဏ်ပညာ အကျော်စောကြီးခြင်း၊ ချမ်းသာကြီးခြင်းတို့
နှင့် ပြည့်စုံရပါစေသတည်း။ သဗ္ဗေသတ္တာ သတ္တ၀ါ အပေါင်းတို့မှာလည်း ထိုနည်းတူဖြစ်ကြ
ပါစေဘုရား။

ဓမ္မဒါန။ ။ထူးဝေယံဖြိုး(ခ)သန့်ဝေယံ
ရေးသားချိန် နံနက်(၀၂း၃၀)နာရီ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP