သူ့အတွေ့အကြုံ
အားနည်းချက်လေးတွေကို ထောက်ပြကာ
ဘက်စုံမွမ်းမံဆိုတဲ့ခေါင်းစဉ်နဲ့ Post လေးတင်ဖြစ်ပါတယ်။
ဒီ Post လေးအပေါ်မှာ အမြင်အမျိုးမျိုးရှိမှာ သေချာတယ်။
အချို့လဲ ဒီ Post ကို ဖတ်ပြီး သူတို့တွေ့ကြုံခဲတဲ့ သူတို့နေခဲ့တဲ့စာသင်တိုက်ကို
သတိရမိကြတယ်။
သတိရလို့ သူနေခဲ့တဲ့စာသင်တိုက်အကြောင်းကို
အရှင်အရိယ၀ံသ က
Comment နေရာမှာ ဒီလို တင်ပြထားလေရဲ့။
ကျေးဇူးအထူးတင်ပါတယ်***********
စာကြည့်နဲ့ ပတ်သက်လို့ပြောပြချင်စရာများစွာထဲကမှ
ရန်ကင်းတောင်ရဲ့အခြေအနေကို ပြောရရင်ဖြင့်
ဆရာတော်ဟာ စာသင်တိုက်ဖွင့်ပြီး မကြာမီ စာကြည့်တိုက်အသေးစား စဖွင့်ပါတယ်။
နောက် လေးထပ်တိုက်ဆောက်ကာ စာသင်ခုံ မိုက်ခရိုဖုန်းစသည်ပါတဲ့
စာသင်ခန်းမများအပြင် စာကြည့်တိုက်ကိုပါ ထည့်သွင်းထားပါတယ်။
စာကြည့်တိုက်မှာ ရုပ်ပြ၊ကာတွန်း ပုံပြင်မှစကာ စာကြီးပေကြီး ၊
ကျမ်းကြီး ကျမ်းငယ် ပြည့်ပြည့်စုံစုံ ထားရှိပေးပါတယ်။
စာဖတ်လို့ အသိဥာဏ်တိုးမှာ သေချာပေါက်ပြောနိုင်ပေမယ့်
ဆရာတော်ကိုယ်တွေ့အရ " စာကြည့်တိုက်မတည်ထောင်ခင်တုန်းက
ကိုရင်တွေ အပြင်တွေကို အထွက်များတယ်။
စာကြည့်တိုက်ထောင်လိုက်တော့ အထွက်နည်းသွားတယ်.." တဲ့
အပြင်စာတွေဖတ်ပြီး ပါဠိစာပေဖက် အားမနည်းရအောင်လည်း
အပတ်စဉ် စာမေးပွဲ ကျင်းပပေးခြင်း။
ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးခြင်းတို့ကြောင့် စာလုပ်အား မလျှော့တဲ့ (အပြင်)
အပြောရတောင် သက်သာလာတာ တွေ့ရပါတယ်။
အဲဒါ ဘယ်ကွက်လပ်ကို ဘယ်လိုဖြည့်မယ် စတဲ့
တွေးခေါ်မြော်မြင် တီထွင်ကြံဆမှုတွေပဲလို့ ထင်ပါတယ်။
သာသနာခေတ်မီမီ ပြုနိုင်ဖို့ ရဟန်းတော်တွေကို အရင်ဆုံး ကမ္ဘာကြည့်ကြည့်မြင်တတ်အောင် လုပ်ပေးရအုံးမယ် ထင်ပါတယ်။
Photo: Google Search


0 comments:
Post a Comment