* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 12, 2010

မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ

ဒကာ။ ။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မယ်တော်မာယာ သက်တော် ဘယ်လောက်မှာ ပဋိသန္ဓေတည်နေစွဲယူပါသလဲ ဆရာတော်၊ သက်တော် ဘယ်လောက်ထဲမှာ နတ်ရွာစံပါသလဲဘုရား၊ ဒါဟာ ဗုဒ္ဓဘာသာရဲ့ မှတ်ကျောက်ပါပဲ ဆရာတော်။
ဆရာ။ ။ အင်း…ကြံကြံဖန်ဖန် တော်တော်တွေးပြီး မေးတာပဲကိုး၊ သည်အကြောင်းအရာကို သမန္တစက္ခုဒီပနီစတဲ့ ကျမ်းဆရာတော်တို့က အသက်တစ်ရာတမ်းကို သုံးပုံပုံ၍ အရွယ်သုံးပါး ပိုင်းခြားထားကာ မယ်တော်မာယာ၏ ဒုတိယပိုင်းအရွယ် အသက် ငါးဆယ့်ငါးနှစ်နှင့် ခြောက်လ အရက်နှစ်ဆယ်ရောက်သော ၀ါဆိုလပြည့် ကြာသပတေးနေ့မှာ အလောင်းမင်းသား ပဋိသန္ဓေတည်နေစွဲယူကြောင်းနှင့် ရေးသားပြဆိုတော်မူကြတယ်။
မယ်တော်မာယာ၏ ၀မ်းဗိုက်ရတနာတိုက်ခန်းမှာ ဆယ်လကြာမျှ ကိန်းအောင်းလျက် ကဆုန်လပြည့် သောကြာနေ့၌ ဖွားမြင်တော်မူကာ ခုနစ်ရက်ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံရသည်တဲ့။
သည်နှစ်ရပ်ကို ပေါင်းစပ်လိုက်လျှင် ငါးဆယ့်ခြောက်နှစ်နှင့် လေးလနှစ်ဆယ့်ခုနစ်ရက် ရှိရမှာမို့ သက်တော် ၅၆ နှစ်၊ ၄ လ၊ ၂၇ ရက်မှာ မယ်တော်မာယာ နတ်ရွာစံကြောင်းနဲ့ သိရတယ်၊ မိမိတို့ရဲ့ အထွတ်ထိပ်ထား ဗုဒ္ဓဘုရားကိစ္စမို့ သိထားကြပေါ့လေ၊ ဒါဟာ သိထားရမယ့် ဘာသာရေးအချက်ပဲကိုး။
ဒကာ။ ။ ဒီလို တိုတိုနဲ့ ရှင်းရှင်း သိရလို့ အားရကျေနပ် ၀မ်းသာလှပါတယ်ဆရာတော်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP