* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 12, 2010

မဂၤလာ ဘုရားရွိခိုး

မဂၤလေဂၢါ မဂၤလညဴ ၊ မဂၤလတၳပဒါယေကာ၊
မဂၤလပႏၳဒႆာ၀ီ ၊ဗုဒၶံ တံ ပဏမာမ်ဟံ။
( ဗုဒၶဂုဏဂါထာ၀လီ)

၁။မင်္ဂလာရှိလတ် ၊ မြတ်ထက်မြတ် ၊ ဦးထက် ရှိခိုးပါ၏ ဘုရား။
၂။မင်္ဂလာ သိငြား ၊ မြတ်ဘုရား ၊ ဦးတွား ရှိခိုးပါ၏ ဘုရား။
၃။မင်္ဂလာနက်၊ ကျိုးပေးမြတ် ၊ ဦးညွတ် ရှိခိုးပါ၏ ဘုရား။
၎။မင်္ဂလာလမ်းကြောင်း ၊ ဖေါ်ထုတ်ရှောင်း ၊ ဦးသျှောင်း ရှိခိုးပါ၏ ဘုရား။

ဘာသာပြန် ဘုန်းဘုန်းဘိုတေ

ဖွင့်ဆိုချက် အနည်းငယ်

၁။မင်္ဂလာ ပါဠိ သည် ကြီးပွါးခြင်း အနက်အဓိပ္ပါယ်၊
မကောင်းတာ မဖြစ် ၊ ကောင်းတာဖြစ်သည် အဓိပ္ပါယ်ပါဝင်သည်။

၁။ ဘုရားရှင်သည် ကြီးပွါးသူ ၊ မကောင်းတာမလုပ် ၊
ကောင်းသည့်လုပ်ငန်းကိုသာ လုပ်ဆောင်တော်မူပေသည်။
မင်္ဂလာရှိသည့် ပုဂ္ဂိုလ်များစွာတွင် ဘုရားရှင်သည်
အမြတ်ဆုံးသော မင်္ဂလာရှိသူ ဗုဒ္ဓတစ်ဆူဖြစ်ပေသည်။
ထိုမြတ်စွာဘုရားကို ဘုရားတပည့်တော် ရှိခိုးပါ၏ ဘုရား။

၂။ မင်္ဂလာဆိုသည့် စကား မင်္ဂလာသတင်း ကြားသာကြားရပြီး မင်္ဂလာ အကြောင်း မသိကြလေသော နတ်ဗြဟ္မာ လူများစွာမှာ ဝေ့လည် ဝေ့လည် ဖြစ်ခဲ့သည်မှာ တစ်ဆယ့်နှစ်နှစ်ဟု မင်္ဂလသုတ် နိဒါန်းမှာ လာပါသည်။ ဘုရားရှင် ပေါ်ထွန်းလာမှ မင်္ဂလာတရားတော်ကို ကောင်းစွာ နားလည်ခဲ့ရပေသည်။ ထိုသို့  နားလည်အောင် ရှင်ပြပေးမှသာ နားလည်ရလေသောကြောင့် မင်္ဂလာတရားကို စတင်ကာ သိတော်မူသော မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။

၃။ မင်္ဂလာတရားတော်၏ အနက် အဓိပ္ပါယ်ကို
နက်နက်နဲနဲ ရှင်းပြပေးသနားတော်မူခဲ့တော်မူသော
မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။

၎။မင်္ဂလာ နှင့် အမင်္ဂလာ ကို ရှင်းရှင်းလင်းလင်း
လမ်းပြပေးတော်မူသည့် မြတ်စွာဘုရားရှင်ကို ရှိခိုးပါ၏ ဘုရား။


မှတ်ချက်။ ။ ဗုဒ္ဓဂုဏဂါထာဝလီ - ဘုရားရှင်၏ ဂုဏ်တော်များကို

ဂါထာများစွာဖြင့် သီကုံးထားပါ သည်။
မင်္ဂလာပါသော ဂါထာများစွာ ရှိပါသည်။
သို့ သော် အချိန်လောက်ငှမှ ဆက်ရေးသားပါဦးမည်။


မြတ်ရောင်နီ

( ၁၁ ၊ ၁၁ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP