* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 12, 2010

သူ့သရော်


မနေ့က ဘက်စုံမွမ်းမံ ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတင်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ Logo နဲ့ ဘလော့ဂ်ရေးနေတဲ့
http://mrmrt.blogspot.com
ဘလော့ဂ်ရှင် အရှင်အာစာရ က အောက်ခြေ Comment မှာ
ဒီလိုသရော်ပြီး ဒီလိုဆော်ထားပါတယ်။
ကျေးဇူးပါ။

အရှင်အာစာရ said...

စာကြည့်တိုက် မထားတာက စာသင်သားတွေ စာကြည့်တိုက်သွားနေရင်
ရုပ်တွက်တို့ သရုပ်ခွဲတို့ အာဘောဖော်တို့ ဥာသ်ကောက်တို့
ဘာတို့ညာတို့ မလုပ်ဖြစ်မှာစိုးလို့၊
အဲဒါတွေ ဘာတွေညာတွေ အားနည်းသွားမှာစိုးလို့ ထင်ပါတယ်။

နောက်တစ်ခုက မလိုအပ်ဘူးထင်လို့
(ရုပ်တွက်တို့ သရုပ်ခွဲတို့ အာဘော်ဖော်တို့ ဥာသ်ကောက်တို့
ဘာတို့ညာတို့က ပိုအရေးကြီးတယ်ထင်လို့)၊
နောက်တစ်ခုက စရိတ်မတတ်နိုင်လို့ (မွဲလို့) ထင်ပါတယ်။

မိတ္တူကူးစက်လည်း မ၀ယ်နိုင်လို့ နေမှာပါ။ မီးမလာတာလည်း ပါမှာပေါ့။

စာသင်ခန်းမထားတာလည်း မတတ်နိုင်လို့ (မြေကြီးပဲ တတ်နိုင်တာမို့၊
လှူမယ့်ဒကာတွေက စိတ်မ၀င်စားလို့၊
နောက်ပြီး အလှူခံမယ့် ဆရာတော်ကြီးတွေကလည်း စိတ်မ၀င်စားလို့) ထင်ပါတယ်။

နောက်တစ်ခု ဖြစ်နိုင်တာက စာချဆရာတော်တွေကိုယ်တိုင်က
စာသင်သား တပည့်တွေ ကြမ်းပြင်ပေါ်မှာ ၀တ်အဲကုန်းပြီး
စာဝါလိုက်နေတာကို ကြည့်ပြီး ပီတိဖြစ်နေကြပုံရပါတယ်။

စာဝါချိန်တစ်နာရီအတွင်းမှာ ဘုန်းတော်နေလထွန်းလင်းတောက်ပတဲ့
ရှင်ဘုရင်ကြီးလိုလို၊ ရွှေဇီးကွက်ကြီးလိုလို အပေါ်စီးက နေခွင့်ရတာကိုး။
တပည့်တွေရဲ့ လေးစားရိုကျိုးမှုကို ဘာသာပြန်လွဲနေကြပုံရပါတယ်။

ဟုတ်ပါတယ်။ ဘက်စုံမွမ်းမံရအုံးမှာ။ လာမယ် ကြာမယ်။
ကြာချင်သလောက် ကြာပါလိမ့်မယ်။
ကြာချင်သလောက် ကြာစမ်းပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP