ကထိန်အလှူ နဲ့ ဆွမ်းလောင်းပွဲ (၂၂.၁၁.၂၀၁၀)တနလာင်္နေ့
မင်္ဂလာပါရှင်။
စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း ၊သာသနာ့ဝေပုလ္လကျောင်းတိုက် ၊ ကထိန်အလှူပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ (တနလာင်္နေ့) မှာကျင်းပပြုလုပ် လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်ရှင်။
၁၃၇၂ ခု တန်ဆောင်းမုန်းလပြည့်ကျော်(၁)ရက် ၂၂.၁၁.၂၀၁၀ တနင်္လာနေ့.....
ကထိန်အလှူအောင်ပွဲ နှင့် ဆွမ်းလောင်းလှူခြင်း(ဒေါ်နန်းသန္တာအောင်မိသားစု)
အရုဏ်-ကြက်သားကြာဇံချက်ဆွမ်း
နေ့ဆွမ်း-၀က်သား
ကုလားပဲနှပ်
သရက်ချဉ်
ပါလချောင်ကြော်တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။
အလှူရှင် ဒေါ်နန်းသန္တာအောင်မိသားစုမှ
သံဃာတော်များအား ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ခေါင်းရိတ်ဓါးများ လှူဒါန်းပေးခဲ့ပါသည်။
ကထိန် အလှူရှင်များဖြစ်ကြတဲ့...
(၁)ကိုကျော်သူရ (စင်္ကာပူ) သင်္ဃန်းတစ်စုံ (စင်္ကာပူဒေါ်လာ ၃၀၀)
(၂)ကိုထွန်းထွန်း (စင်္ကာပူ) မှ သင်္ဃန်း တစ်စုံ( ၅၀၀၀၀ ကျပ်)
(၃)ဒေါ်ကျင်အေး (စင်္ကာပူ) မှ သင်္ဃန်းတစ်စုံ (၂၈၀၀၀ ကျပ်)
(၄)အလှူရှင်မောင်နှမ တစ်စု (စင်္ကာပူ)မှ သင်္ဃန်းတစ်စုံ (၆၂၀၀၀ ကျပ်) တို့ကို ပါဝင်လှူဒါန်းမှုပြုခဲ့ကြပါတယ်ရှင်။
စင်္ကာပူမှ အလှူရှင်မောင်နှမတစ်စု၏အလှူငွေ ၆၂၀၀၀ ကျပ်မှာ ဒုတိယအကြိမ် ရေအေး ရေသန့်စက် အလှူငွေမှ ငွေ ၆၂၀၀၀ ကျပ် တိတိ ပိုထွက်လာသောကြောင့် မောင်နှမများအားလုံး၏ အလှူဖြစ်နိုင်စေရန် ကထိန်သင်္ဃန်းအလှူတွင် ပါဝင်လှူဒါန်းမှု ပြုခဲ့ခြင်း ဖြစ်တာကြောင့် အလှူရှင်မောင်နှမများအနေနဲ့ ၀မ်းသာစွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါတယ်ရှင်။
အလှူရှင်များ ပါဝင်လှူဒါန်းကြတဲ့ အလှူငွေများကို ကထိန်သင်္ဃန်းတစ်စုံစီ ကပ်လှူပူဇော်ပြီး ပိုငွေများကို ပဒေသာပင်အဖြစ်သီးပြီး ငွေပဒေသာပင်အဖြစ် လှူဒါန်းမှုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ဦးဇင်းမှ ငွေသားကထိန်အလှူငွေများကို သာသနာ့ဝေပုလ္လကျောင်းတိုက်အား အုတ်တံတိုင်းခတ်မည့် အလှူတွင် ပါဝင်လှူဒါန်းမည်ဖြစ်ပါကြောင်း ၊ကျောင်းတိုက်အား အုတ်တံတိုင်း ပေ ၅၀ ကျော်ကာရန်ရမှာ ဖြစ်ပြီး ကထိန်အလှူရှင် ဒေါ်နန်းသန္တာအောင်မှ တစ်ပေလျှင် ၁၅၀၀၀ ကျပ် ကုန်ကျမည့် အုတ်တံတိုင်းခတ်ခြင်းအလှူတွင် ပေ ၂၀ အတွက် လှူဒါန်းမှု ပြုခဲ့သလို ကထိန်အလှူရှင်များ၏ ငွေသားအလှူငွေများကိုလည်း အုတ်တံတိုင်းခတ်ရာတွင် ပါဝင်လှူဒါန်းမည်ဖြစ်ပါကြောင်း မိန့်ကြားသွားခဲ့တဲ့အတွက် အလှူရှင်များအနေနဲ့ အုတ်တံတိုင်းခတ်ခြင်းအလှူအတွက် ထပ်ဆင့် ကုသိုလ်ယူကာ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။
ကထိန်အောင်ပွဲအလှူ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင်
သြ၀ါဒဆရာတော်ကြီးများနှင့်ပင့်သံဃာတော်(၁၈)ပါးတို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်း
ကပ်လှူခဲ့ကြပါသည်။မန္တလေးမှ ဦးဘုန်း(ဓါတု)၊ဆရာမ ချောအိမာန်၊ ဆရာဇော်ခိုင်ဦး၊ ဒေါ်မမနိုင် (မြန်မာ့ရုပ်သေး)တို့မှ
အနုပညာဖြင့်ပရိတ်သတ်အားဖျော်ဖြေကြပြီး ဆရာဦးဘုန်းမှ စာပေဗဟုသုတဆိုင်ရာဟောပြောပေးပြီး
အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
အားလုံးပဲ ၀မ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။
WWKM

0 comments:
Post a Comment