* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 25, 2010

“ကြက်သားထက်တောင် ကြိုက်သေး”

ရမည်းသင်းမြို့ပေါ်ရှိ စာသင်တိုက်တစ်ခုတွင် ဦးဝံသသည် ဆွမ်းစာကျောင်းဘုန်းကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ သုံးလခန့်ရှိပြီးဖြစ်သည်။ ဦးဝံသသည် ဒါယကာ ဒါယကာမများအပေါ် အပြောကောင်းသလို အမြှောက်လည်းကောင်းသည်။ ထို့ကြောင့် လှူမည့်တန်းမည့်သူများ မကြာခဏ ရောက်လာတတ်သည်။ တစ်နေ့ ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ယောက် ဆွမ်းချိုင့်လာပို့ရာ အပြောကောင်းသော ဦးဝံသမှာ မြင်မြင်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။
“ဟာ ဒကာမကြီး ဆွမ်းလာပို့တာလား”
“မှန်ပါဘုရား တပည့်တော် သဒ္ဓါဆွမ်းလာပို့တာပါဘုရား”
“အင်း သာဓုဗျာ သာဓု သာဓု-- ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“မှန်ပါ ကြက်သားဟင်းပါဘုရား”
“ဟေ ဟုတ်လား ဟန်ကြတာပဲ ကျောင်းက စာချဘုန်းကြီးတွေကို ကြက်သားနဲ့ မကပ်ရတာ ကြာပေါ့ဗျာ ကြက်သားထက် ကောင်းတဲ့ဟင်း မရှိတော့ဘူး”
“မှန်ပါဘုရား”ဟု ဒါယကာမကြီးမှာ ၀မ်းသာအားရဖြင့် ဆွမ်းဟင်းများလှယ်ပြီး ပြန်ရန် ကျောင်းအောက်ထပ်လှေကားအနီးမှ ဖိနပ်ဝင်ယူနေ၏။
မကြာမီ ဒါယကာမတစ်ယောက်ဆွမ်းချိုင့်လာပို့ပြန်၏။ ထုံးစံအတိုင်း နှုတ်ဆက်ပြန်၏။
“ဟာ ဒကာမကြီးဆွမ်းချိုင့်လာပို့တာလား”
“မှန်ပါဘုရား မွေးနေ့မို့ ဆွမ်းလာပို့တာပါဘုရား”
“သာဓုဗျာ သာဓု သာဓု ကဲ မှန်းစမ်း ဘာဟင်းတွေတုန်း”
“၀က်သားဟင်းပါအရှင်ဘုရား”
“ဟေ ဟန်ကျတာပဲ စာချဘုန်းကြီးတွေကို ၀က်သားနဲ့ကပ်ရတာပေါ့၊ ကျုပ်တို့က ၀က်သားဆို ကြက်သားထက်တောင် ကြိုက်သေးတယ်၊ ကြက်သားကမှ အရိုးထွင်နေရသေး”
ဦးဝံသသည် အရင်ကြက်သားဟင်းလာလှူသော ဒါယကာမကြီးပြန်သွားပြီထင်၍ နောက်ဝက်သားဟင်း လာပို့သော ဒါယကာမကြီးကို မြှောက်ပင့်၍ ပြောဆိုနေလေ၏။
လှေကားအနီးမှ ဖိနပ်ဝင်ယူနေသော ကြက်သားလှူသော ဒါယကာမကြီး ကြားသွားရာ
“ဘုန်းကြီးတန်မဲ့ တော်ကြာတစ်မျိုး ခုတစ်မျိုးပြောတတ်တဲ့ဘုန်းကြီး၊ နောက် အရှင်ဘုရားကျောင်းကို ဘယ်တော့မှ ဆွမ်းလာမပို့တော့ဘူး”ဟု ပြောကာ စိတ်ဆိုးထွက်သွားလေတော့သည်။ထိုဦးဝံသသည်လည်း နောက်တစ်ကြိမ် ထိုဒါယိကာမကြီးကို ပြန်လည်တွေ့ဆုံခွင့် မရတော့ချေ။

မှတ်ချက် ဥယျာဉ်တိုက်(ရန်ကင်းတောင်) အနှစ်(၂၀)ပုံရိပ် မဂ္ဂဇင်းမှ ထုတ်နှုတ်ပြင်ဆင်ရေးသားတင်ပြလိုက်ရပေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP