* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 25, 2010

*တန်ဖိုးအရှိဆုံး အချိန်*

11/24/2010 တောသားလေး , Posted in , 2 Comments


ဒီပို့စ်လေးကို ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားသော ဘ၀ဆိုတဲ့ ကျောင်း စာအုပ်မှ ကောက်နုက်ပြီးတော့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

  • “There” is no better than “here”.
ဟိုနေရာက ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုန်ပ္ပန်ထက် ပိုမကောင်းဘူး။
လူတွေမှာ အချိန်ရွှေ့တတ်တဲ့ အကျင့်ရှိတယ်။ အခု တရားအားမထုတ်သေးဘူး။ အခု အဆင်မပြေသေးဘူး။ နောက်မှ အဆင်ပြေတဲ့ အခါ အားထုတ်မယ်။ ဒကာကြီးတစ်ယောက်က ပြောတယ်- “တပည့်တော်က လုပ်ရင် အပြတ်လုပ်ချင်တာ။ ဒါကြောင့် ပင်စင်ယူပြီးမှ ရဟန်းဝတ်ပြီးတော့ တောထဲမှာ အပြတ်တရားကျင့်မယ်။ အခုတော့ လုပ်လည်း တကယ် ထိထိ ရောက်ရောက် လုပ်နိုင်မှာမဟုတ်လို့ မလုပ်သေးဘူး” သူက အဲဒီလို ပြောတယ်။ သူပြောတဲ့ အချိန်ထိအောင် နေရဖို့ သေချာသလား။
နေရရင်တောင် တကယ်လုပ်နိုင်တဲ့ အခြေအနေရှိပါ့မလား။ မပြောနိုင်ဘူး။ အခုလုပ်နိုင်သလောက် လုပ်နေတဲ့သူဟာ နောင်အခါ အခြေအနေ ပိုကောင်းရင် ပိုလုပ်မှာပဲ။ အခုမလုပ်ဘဲ အပြောကြီးနေတာဟာ မလုပ်ချင်တာကို ဖုံးတဲ့နည်းတစ်မျိုးပဲ။
ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂတ်ကို မျှော်ပြီး ပစ္စုန်ပ္ပန်ကို မဖြုန်းသင့်ဘူး။
  • A bird in the hand is worth two in the bush.
လက်ထဲမှာရှိတဲ့ ငှက်တစ်ကောင်ဟာ ချုံထဲက ငှက်နှစ်ကောင်လောက် တန်တယ်။
  • When your “there” has become a “here” you will simply obtain another “there” that will again look better than the “here”.
သင် မျှော်လင့်တဲ့ အနာဂတ်ဟာ ပစ္စုပ္ပန် ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီပစ္စုပ္ပန်ထက် ပိုကောင်းတယ်လို့ ထင်ရတဲ့ နောက်ထပ် အနာဂတ်တစ်ခု ရဦးမှာပဲ။
မျှော်နေတာက ဆုံးမှာမဟုတ်တော့ဘူး။ လက်ရှိကို အကောင်းမထင်တတ်တာ လူ့ သဘာဝပါပဲ။ ဒါကြောင့် အချိန်ရွှေ့နေတာ၊ နေရာရွေးနေတာတွေ လုပ်မနေတော့ဘဲ အခု အချိန် အခုနေရာမှာပဲ ရသလောက် တရား အားထုတ်ပါ။ သတိနဲ့နေပါ။ ကိုယ့်စိတ်ကို သိနေပါ။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ်ကို တကယ် သဘောပေါက်တဲ့သူဆိုရင် အချိန် မရွေးတော့ဘူး။ အချိန် မရွေး၊ နေရာမရွေး အားထုတ်လို့ ဖြစ်တယ်ဆိုတာ သိမယ်။ စကားပြောရင်းတောင် ရတယ်။ အလေ့အကျင့်ပဲ လိုပါတယ်။
  • ပျော်ဖို့ထက် ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေဖို့က ပိုအရေးကြီးပါတယ်။
အဓိပ္ပာယ်ရှိရှိ နေနိုင်တဲ့သူဟာ ဘ၀ကို ကျေနပ်မှု ပိုရပါတယ်။ ကျေနပ်မှုဟာ လေးနက်တဲ့ ပျော်ရွင်မှုတစ်မျိုးပါပဲ။ ပျော်ဖို့သက်သက်ကို ဦးစားပေးတဲ့သူများမှာ လေးနက်မှုမရှိဘူး။ မကြာခင် စိတ်ဆင်းရဲမှုနဲ့ ကြုံရမယ်။ ပျော်တာကို အဓိကကျတဲ့ အလုပ်ကြီးတစ်ခုနေနဲ့ မလုပ်သင့်ဘူး။ ပျော်ဖို့ တမင်ကြိုးစား လေလေ ပျော်ဖို့ မလွယ်လေလေပါပဲ။ ပျော်ဖို့ဦးစားပေးကြတဲ့သူတွေ ဘ၀ ဇာတ်သိမ်း မကောင်းတာ တွေ့ရတယ်။ အဓိပ္ပာယ်ရှိရှိ နေချင်ရင် အမြဲတမ်း သတိနဲ့နေပါ။
သတိနဲ့ နေတဲ့သူ၊ သတိနဲ့ လုပ်တဲ့သူ၊ သတိနဲ့ ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပာယ် ရှိပါတယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP