* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 7, 2010

နိဗ္ဗာန် ဥပမာသိစေရာများ


၁။ နိဗ္ဗာန်နှင့်လမ်းညွှန်သူ


နိဗ္ဗာန်သည် ထင်ရှားရှိ၏။ နိဗ္ဗာန်ရောက်ကြောင်းလည်း ထင်ရှားရှိ၏။ လမ်းပြသူ အရှင်ဘုရားလည်းရှိ၏။ သို့ပါလျက် အဘယ့်ကြောင့်အချို့ ရကြ၍ အချိုမရကြပါသနည်း။
ပုဏ္ဏား …. သင်သည် ရာဇဂြိုဟ်သို့ သွားသောလမ်းကိုသိသလော´´
``သိပါသည်အရှင်ဘုရား´´
``လူတစ်ယောက်သည် သင့်အား ရာဇဂြိုဟ်ပြည် သွားရာလမ်းကို ညွှန်ပြပါဟုမေးလာခဲ့သော် သင်က ဘယ်လမ်းကနေ ဘယ်လိုသွား၊ ဘယ်ကိုရောက်လိမ့်မည်ဟု ညွှန်ပြ၏။ သင်ပြောသည့်အတိုင်း အသွားဘဲ၊ လမ်းလွဲလိုက်ကာ ပြန်လာ၏။ တစ်ယောက်ကမှု သင်ညွှန်ပြသည့်အတိုင်းသွား၍ ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ပုဏ္ဏား ရာဇဂြိုဟ်လည်း အထင်အရှားရှိ၏။ ရာဇဂြိုဟ်ပြည်သို့ သွားရာလမ်းသည်လည်း အထင်အရှားရှိ၏။ ညွှန်ပြသူ သင်ပုဏ္ဏားလည်း အထင်အရှားရှိ၏။ သို့ဖြစ်ပါလျက် တစ်ယောက်ကရာဇဂြိုဟ်ပြည်သို့ ရောက်၍ တစ်ယောက်မှာ အဘယ့်ကြောင့် မရောက်ဘဲရှိသနည်း´´
``အရှင်ဘုရား၊ မတတ်နိုင်ပါ၊ တပည့်တော်သည် လမ်းပြတတ်သူသာ ဖြစ်ပါသည်´´
´´ပုဏ္ဏား၊ ထို့အတူပဲ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလည်းရှိ၏။ ညွှန်ပြဆုံးမတတ်သူ ငါဘုရားလည်းရှိ၏။ သို့ဖြစ်ပါလျက် အချို့မှာ နိဗ္ဗာန်ရကြ၍ အချို့မှာမရခြင်းသည် ငါဘုရားအပြစ်မဟုတ်ပါ။ ငါသည်လည်းနည်းပေးလမ်းပြ ဆုံးမတတ်သူသာ ဖြစ်ပါသည်။

(ဗုဒ္ဓ-ဥပရိပဏ္ဏာသဂဏမောဂ္ဂလ္လာနသုတ်)


၂။ နိဗ္ဗာန်ကိန်းဝပ်ရာ နေရာဌာန


`ဉာဏ်ပညာ´ တို့ `လေ`တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်း ရှိပါလျက်၊ ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုပဲ၊ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်တယ်လို မပြနိုင်ဘူး။ ဉာဏ်ပညာ ဆိုတဲ့တရား၊ လေဆိုတဲ့တရားတို့ တကယ်တမ်း ရှိတယ်ဆိုတာကို အာရုံခံစားခြင်း၊ တွေ့ထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ သိနိုင်နားလည်နိုင်သလို၊ နိဗ္ဗာန်ဆိုတဲ့တရား တကယ်ရှိ တယ် ဆိုတာ ကိုလည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရနေကြတဲ့ လောကုတ္တရာဉာဏ် အာသ၀တ္ခယ ဉာဏ်တို့ဖြင့်သာ သိမြင်နားလည်နိုင်ပေတယ်။
(အရှင်အရိယဓမ္မ-ဗုဒ္ဓ၀ါဒပြဿနာများ)

၃။ နိဗ္ဗာန်၏အထည်ဒြပ်


``အရှင်ဘုရား၊ နိဗ္ဗာန်ဟာအထည်ဒြပ်သဏ္ဍာန်နဲ့ ထင်ရှားရှိပါသလား´´
``မင်းကြီး . . . နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဍာန်နဲ့တော့ ထင်ရှားမရှိဘူး´´
``အရှင်ဘုရား၊ နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဍာန်နဲ့ထင်ရှား မရှိဘူးဆိုရင် နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်ဆိုတဲ့စကားဟာ အလကားမဖြစ်နေဘူးဘားဘုရား´´
``မင်းကြီး ၀ါးလုံးထဲမှာ အရင်က မီးပါသလား´´
´´မပါခဲ့ပါ´´
``၀ါးလုံးနှစ်လုံးကို အားထုက်ပြီး အချင်းချင်း ပွတ်တိုက်ပါများရင် မီး မထွက်လာပေဘူးလား´´
´´ထွက်ပေါ်လာပါတယ်ဘုရား´´
´´၀ါးလုံးထဲမှာ နဂိုက မီးမပါပေမယ့် ပွတ်တော့ မီးထွက်လာရတယ်၊ ဤဥပမာအတိုင်းပါပဲ၊ မပွတ်ရင် မီးမထွက်သလို၊ နိဗ္ဗာန်ဟာလည်း အားထုက်မှ ပေါ်လာတာပါ။ အားထုတ်တဲ့ပုဂ္ဂိုလ်မှ သာ မြင်နိုင်တယ်။ တွေ့နိုင်တယ်၊ အားမထုက်ရင် မမြင်နိုင်ဘူး´´
(အရှင်နာဂသိန်(မိလိန္ဒပညှာ)

၅။ နိဗ္ဗာန်ပုံသဏ္ဍာန်


ကျန်းမာခြင်းတရားဟာ တကယ်ရှိပြီး ဒီတရားရဲ့ အကျိုးကျေးဇူးကို လူသားတွေ ခံစားနေရသော်လည်း ဘယ်သူမကမျှ ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဘာနဲ့တူတယ်၊ ဘယ်လိုတိုင်းတာစမ်းသပ်လို့ရတယ်၊ ဘယ်လိုအဖိုးတန်တယ်ဆိုတာ ကိုင်တွယ်ပြသလို မရသလိုပဲ နိဗ္ဗာန်ဆိတဲု့ တရားဟာလည်း စကြ၀ဠာကြီး အတွင်းမှာရှိတဲ့ သတ္တ၀ါနန္တတို့ ခံစားနေကြရတဲ့ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းဆိုတဲ့ဆင်းရဲ ဒုက္ခတွေနဲ့တကွ အခြားဒုက္ခတွေပါ၊ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့ မှန်ပါတယ်၊ ဒါပေမယ့် နိဗ္ဗာန်ဆိုတဲ့တရားဟာ နီတယ်၊ ၀ါတယ်၊ ညိုတယ်၊ ပြောပြလို့မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊တိုတယ်လို့လည်း ပြောပြလို့မဖြစ်ဘူး၊ ဒီတရားကို ရတဲ့လူမှသာ ကိုယ်တိုင်တွေ့ကြုံခံစားပြီး သိအပ်တဲ့တရားဖြစ်တယ်။

(အရှင်အရိယဓမ္မ-ဗုဒ္ဓ၀ါဒပြဿနာများ)

၆။ လူတိုင်းနှင့် နိဗ္ဗာန်

``အရှင်ဘုရား၊ နိဗ္ဗာန် မရသေးပဲလျက် နိဗ္ဗာန်၏ ချမ်းသာအေးငြိမ်းခြင်းကို သိနိုင်ပါသဘား``
``သိနိုင်ပေတယ် မင်းမြတ်´´
``အရှင်ဘုရား၊ မိမိ မရောက်သေးပါဘဲ အဘယ်ကြောင့် သိနိုင်ပါသနည်း´´
``မင်းမြတ် အကြင်သူတစ်ဦးသည် လက်ခြေဖြတ်ခြင်း၊ မခံရသေး၊ လက်ခြေပြတ်ခြင်း သည်လည်း မရှိသေး၊ ပြတ်ခဲ့လျှင် မည်ရွေ့မည်မျှဆင်းရဲဒုက္ခ ရောက်မည်ကို ကြိုတင်မသိ အပ်ပါသလော´´
``သိပါတယ်ဘုရား´´
အဘယ့်ကြောင့်နည်း မင်းမြတ်
``မိမိအဖြတ်မခံရသေးသော်လည်း အခြားသူတို့၏ အဖြတ်ခံရစဉ် ငိုကြွေးမြည်တမ်းသံကို ကြားရသဖြင့်လည်းကောင်း လက်ခြေပြတ်နေသည့်အတွက် အဘက်ဘက်မှ ဆင်းရဲပုံကို လည်းကောင်း သိမြင်ရခြင်းကြောင်ဖြစ်ပါသည်´´
´´မင်းမြတ်၊ နိဗ္ဗာန်၏ချမ်းသာကိုလည်း ထိုကဲ့သို့ပင် နှိုင်းယှည်သိမှတ်အပ်ပေတယ်၊ မိမိကိုယ်တိုင် မရောက်သေးသော်လည်း နိဗ္ဗာန်ကို မြင်တတ်သူ၊ ရောက်သူတို့၏စကားကို ကြားရ နာရခြင်းအားဖြင့် နိဗ္ဗာန်၏ အခြင်းအရာ နိဗ္ဗာန်၏ချမ်းသာအေးငြိမ်းခြင်းကို သိနားလည် နိုင်ပေတယ်´


၇။ နိဗ္ဗာန်နှင့် ဆုတောင်းခြင်း


နိဗ္ဗာန်ကို ဆုတောင်းနေရုံနဲ့ ရမယ်လို့ ထင်ကြတယ်။ ကြက်ဥက ကြက်ကလေးပေါက်ပါစေ၊ ပေါက်ပါစေဆိုပေမယ့် မပေါက်ပါဘူး၊ ကြက်မကြီး ၀ပ်ပေးမှ ကြက်ကလေးတွေ ပေါက်မှာပါ။ နိဗ္ဗာန်လည်း ဆုတောင်းနေရုံနဲ့ မရဘူး၊ပွားမှရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး)


ပြန်လည်ဝေမျှသူ - ကိုရင်လေး

၅.၁၀.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP