သူ့အရိပ်နှင့် ပဋိပက္ခ

ဘ၀ရဲ့ နေမူ့ထိုင်မူ့
သင်ရိုးညွှန်းတမ်းတွေထဲ
နေသားတကျ ရှိနေခဲ့တာကြာပြီ။
ခု….
သူ့အရိပ်နှင့် မှ ကိုယ်ဟာ
ပြေးသူဖြစ်ရ လိုက်သူဖြစ်ရ
တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခေတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။
ကြည့်……….
သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။
သင်ရိုးညွှန်းတမ်းတွေထဲ
နေသားတကျ ရှိနေခဲ့တာကြာပြီ။
ခု….
သူ့အရိပ်နှင့် မှ ကိုယ်ဟာ
ပြေးသူဖြစ်ရ လိုက်သူဖြစ်ရ
တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခေတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။
ကြည့်……….
သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။

0 comments:
Post a Comment