ထွက်ပေါက်
နားလည်မှုကို နာခံကြ
အမိန့်ဆိုတာ နေရာကျမှ…။
တမတ်ဆိုလား နှစ်မတ်ဆိုလား သုံးမတ်လား
ကျပ် မပြည့်တာသေ ချာတယ်…၊
ဈေးရောင်းပွဲပဲ
လျှော့ဈေးရမှာဘဲ
ချိုတယ်ဆိုပြီး မှိုတက်စာ ၀ယ်မစားနဲ့
အသိနဲ့ ချွေတာ
ရှိအောင်ရှာပါ
နာတာရှည် မထားကြနဲ့…၊
ကိုယ့်မွေးမြေမှာ ကိုယ်ကစားကြ
အဖိုးအဖွားတွေကို အောက်မေ့ကြ
ကိုယ့်စကားတွေကို နားလည်ကြ
….အရမ်း မဆာနဲ့
…လောင် မပြနဲ့
…တော မထနဲ့
ခြံတိုင်ရွှေ့လို့ မခတ်ကြနဲ့...၊
ဦးနှောက်ကို ချုံ့ထားဖို့ကောင်းလား?
နှလုံးသား လူတိုင်းမှာပါတယ်
သမိုင်းက ကိုယ်စီ
ရင်ချင်းနီးလို့ စည်းချည်တယ်…၊
ခါးကြား မထိုးနဲ့
အညီအမျှ ဝေစားကြ
ကျေနပ်မှ ခရီးဆက်ပါ…။ ။
ကိုပိန်
၀၆.၁၀.၂၀၁၀

0 comments:
Post a Comment