*ဧည့်သည်*
0 အကြံပြုပါသည်။ Posted in: သံဝေဂယူစရာအဖြာဖြာ
သံဝေဂ ရစရာ လင်္ကာလေးပါခင်ဗျာ။ လင်္ကာလေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဧည့်သည်
လာတုန်းကလည်း တစ်ယောက်တည်းနော့၊လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ၊
မလိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ“ဧည့်သည်”ပါတကား။
ဗန်းမော်ရွေညို။
ကျွန်တော်တို့တွေအားလုံးဟာ အမှန်တော့ သံသရာခရီးကို သွားနေသည့် ခရီးသွားဧည့်သည်များပင်ဖြစ်ပါ သည်။ ရထားစီးရင် ဘယ်ခရီး ဘယ်ဘူတာကို သွားရမယ်ဆိုတာ လက်မှတ်လေးဝယ်ရပါတယ်။ အဲဒီလိုဝယ် ရာတွင် အထက်တန်းလက်မှတ်ဝယ်ရင် အထက်တန်းကျကျစီးရပြီး ရိုးရိုးလက်မှတ်ဝယ်ရင်တော့ ရိုးရိုးနဲ့ တိုးဝှေ့ပြီးစီးရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့တွေဟာလည်း ဘ၀ခရီးမှာ တစ်ယောက်တည်းလာ ပြီး တစ်ယောက်တည်း ပြန်ရမှာဆိုတော့ လက်မှတ်ကောင်းလေးကို ၀ယ်ပြီးသွားမှသာ နေရာကောင်းလေး ရမှာဖြစ်ပါတယ်။
ကျွန်တော်ပြုလုပ်ထားသော ပုံလေးကိုဓမ္မမိတ်ဆွေများအားလုံးအတွက် လက်ဆောင်ပေးလိုက်ပါတယ်။
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး





0 comments:
Post a Comment