* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 23, 2010

အရဏ၀ိဟာရ တရား (၆) ပါး...

အရဏ၀ိဟာရ (ကိလေသာကင်းကွာ ချမ်းသာစွာ နေနိုင်ကြောင်း) တရား (၆) ပါး...
(၁) အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွားမဇ္ဈိမ။
(၂) မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖေါ်ပြ။
(၃) သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပွားများအဇ္ဈတ္တ။
(၄) မျက်မှောက်မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဖွယ်သိတတ်လှ။
(၅) မလျင်မဆော၊ စကားပြော၊ ပြေချောသိမ်မွေ့စွ။
(၆) အရပ်စကား၊ မလွန်ငြား၊ ခြောက်ပါးအရဏ။


အဓိပ္ပာယ် -
(၁) အယုတ်တရားနှစ်ပါး မလိုက်စားဘဲ မဇ္ဈိမ ပဋိပဒါလမ်းသို့ လိုက်ပါခြင်း။
(၂) ပုဂ္ဂလဓိဋ္ဌာန် နည်းဖြင့် ပုဂ္ဂိုလ်ကို ဦးတည်၍ စကားပြော တရားဟောလျှင် “ချီးမွမ်းအပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်” ဟု ဟောပြောက “မြောက်စားခြင်း” မည်၍၊ “ကဲ့ရဲ့အပ်သည့် ပုဂ္ဂိုလ် ဖြစ်သည်” ဟု ဟောပြောက “သူ့ကို နှိမ်ခြင်း” မည်လေသည်။ ထိုသို့ မြောက်စားခြင်း၊ နှိမ်ခြင်းကို အလျင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် နည်းအားဖြင့် တရားသဘောကိုသာ ညွှန်ပြ၍ “ချီးမွမ်းအပ်သော တရားဖြစ်သည်၊ ကဲ့ရဲ့အပ်သော တရားဖြစ်သည်” ဟုသာ ဟောပြောခြင်း။
(၃) သူတော်တရား (သမထ၊ ၀ိပဿနာ) အားထုတ်၍ ရရှိသော အဇ္ဈတ္တ သုခ၊ အပြင်အပ ဗဟိဒ္ဓ အာရုံငါးပါးကို အကြောင်းပြု၍ ရရှိသော ဗဟိဒ္ဓသုခ ဟု သုခနှစ်ပါးကို ခွဲခြားသိမြင်ပြီးလျှင် အဇ္ဈတ္တသုခ ကိုသာ ပွားများခြင်း။
(၄) ပုဂ္ဂိုလ် တစ်ဦးဦး၏ အကြောင်းကို မျက်မှောက် မျက်ကွယ် နှစ်နေရာလုံး မှာပင် မှန်ကန်၍ အကျိုးရှိမှ ပြောဆိုခြင်း။
(၅) စကားပြော တရားဟောသောအခါ မလျင်မဆော ချောမောပြေပြစ်စွာ ပြောဟောခြင်း။
(၆) အရပ်တစ်ပါးသို့ ရောက်သွားသော် ထိုအရပ်၌ သုံးစွဲသည့် ဝေါဟာရ စကားများနှင့် စပ်၍ (မိမိ၏ အရပ်သုံး ဝေါဟာရနှင့် မတူ ကွဲပြားသော်လည်း) ငြင်းခုံ လွန်ဆန်မှု မပြုခြင်း။


ဤကား ဥပရိပဏ္ဏသ ပါဠိတော် အရဏ၀ိဘင်္ဂသုတ်လာ အဓိပ္ပာယ်တည်း.....

(မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP