* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 23, 2010

ကိုသက်မြင့်ဦး+မကေသီလွင်၊ သမီး လွင်မာမင်း အရုဏ်ဆွမ်းအလှူနှင့် ဒေါ်ရီ သီလရှင် အပါး ၁၀၀ အလှူ

၁၃၇၂ ခု တော်သလင်းလဆန်း(၁၂)ရက် တနင်္လာနေ့ ၂၀.၉.၂၀၁၀ ရက်နေ့
အရုဏ် မုန့်ဟင်းခါးဆွမ်း
အလှူရှင်
နှစ်ဘက်မိဘများကိုအမှူးထား၍ ကိုသက်မြင့်ဦး+မကေသီလွင်
သမီး လွင်မာမင်း (စင်္ကာပူ)မှဖြစ်ပါတယ်။

နေ့ဆွမ်းလောင်း
ဆွမ်း+ပဲ ကိုဖြိုး၊ကိုထက် ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး (မန္တလေး)
ဆီ ဒေါ်ချိုကုန်မျိုးစုံရောင်းဝယ်ရေး(ရွှေဘို)
ဝက်သား+ရွှေဖရုံသီး
သရက်ချဉ်သုတ်
ပုစွန်ခြောက်ပွ+ငါးရုတ်သီး+ကြက်သွန် ပါလချောင်ကြော်
ကိုရန်အောင်၊မ၀ါဝါခိုင်မင်း၊ဂျူလိုင်ဒရင်းတို့ဦးဆောင်သောတစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့ဖြစ်ပါတယ်။
ဝေယျာဝစ္စများကတော့ ဒေါ်ကြည်ဌေး၊မပွေး၊ငြိမ်းအိထွေး၊ မောင်စိုးလင်းအောင်၊
မောင်ကျော် တို့ဖြစ်ကြပါတယ်။

သီလရှင်အပါး(၁၀၀) အလှူရှင်
စက်တင်ဘာ ၁၃ ရက်နေ့တွင်
အရုဏ်+နေ့ဆွမ်းလှူဒါန်းခဲ့သော အလှူရှင်ဒေါ်ရီ
မွေးနေ့အလှူပွဲတွင် သီလရှင်အပါး၁၀၀လှူဒါန်းရန်အတွက်
ယနေ့ စစ်ကိုင်းတောင်ရိုး
အောင်မြေဦးကျောင်းတိုက်တွင် ဒေသအသီးသီးမှ လာရောက်၍ပညာသင်ကြားနေကြသော
သီလရှင်အပါး(၁၀၀)အတွက် ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊
ဗလာစာအုပ်၊ဘောပင်၊မှင်ချောင်း၊ များလှူဒါန်းပေးခဲ့ပါသည်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...













0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP