* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 5, 2010

ချွေးတွေက ရွှဲ အလွဲတွေနဲ့ ဟဲ


ချန်ဂီလေဆိပ်မှာ လွဲသွားတဲ့ နောင်တော်ကြီး (ရန်ကုန်လေဆိပ်တွင် အမှတ်တရ)

စိတ်လှုပ်ရှားသွားသည်။ ခရီးသည်တွေကလည်း ကုန်သလောက်ရှိနေပြီ။ အားလုံးကတော့ မြန်မာပြည်က ခရီးသည်တွေချည်းပါပဲ။ ကောင်လေးတယောက်ဆီကို ခပ်သုတ်သုတ်လိုက်ပြီး ဒကာလေး အခုစီးလာတဲ့ လေယဉ်ပေါ်မှာ ဘုန်းကြီးတပါးလောက်မှ မမြင်မိ ဘူးလားလို့ မေးကြည့်တော့ အင်း..ဦးဇင်း တပည့်တော်တော့ မမြင်မိဘူးဘုရားတဲ့။ သေချာပြီး ဒီလေယဉ်နဲ့ ပါမလာဘူးဆိုတာ။ နောက်တခေါက် ကောင်တာအပြေးလွှားသွား ဒကာမလေးကို အကျိုးကြောင်းပြောပြတော့ နောက်လေယဉ် တစင်းကျန်ပါသေး တယ် ဦးဇင်းတဲ့။ ဦးဇင်း အကိုဘုန်းကြီးက ဒီနေ့လာမှာ သေချာလားတဲ့။ သူမေးခွန်းမေးတော့မှ မနက်ဖြန်တောင် ကိုယ့်ကိုယ် မယုံကြည်ချင်သလိုပဲ။ ဒါနဲ့ သူ့ရှေ့တင်ပဲ မြန်မာပြည်ကို ဖုန်းခေါ်ပြီး ညီမငယ်ဆီ မေးကြည့်မိတယ်။ ကဲ သေချာတယ်တဲ့ ခုမနက် (၈)နာရီကပဲ လေဆိပ်လိုက်ပို့လိုက်တယ်တဲ့လေ။ MAI နဲ့တင်ပေးလိုက်တယ်တဲ့။ စလုံးကိုရောက်ကတည်းက ဖုန်းဆက်လိုက်ရမှာ မဆက်မိတဲ့ ငါ့အမှားလို့ တွေးမိတယ်။ ဖုန်းပြောပြီး...

အကျိုးကြောင်းပြောပြတော့ ကောင်တာက ဒကာမလေးက သေသေချာချာ လေကြောင်းတွေ ပြန်စစ်ကြည့်လိုက်တဲ့အခါ ဟောတော့ ဦးဇင်းရေ..စောရီးပဲ။ MAI လေယဉ်က မနက် ၉နာရီလောက်ကတည်းက တာမီနယ် ၁-မှာဆိုက်သွားပြီးဘုရားတဲ့။ အဲဒါမှ ပြာဿနာပဲ ဒကာမလေးရေလို့ ပြောပြီး...တာမီနယ် ၀မ်းဆီသို့ အပြေးနှင်ရင်း နာရီကြည့်လိုက်တော့ ၁၁နာရီတောင် ခွဲနေပြီ။ ၉နာရီလောက်က ဆိုက်သွားတယ်ဆိုတော့ အချိန်က ကြားထဲ ၂နာရီကျော်ကြာနေပြီ။ စိတ်ပူသွားသည်။

နောင်တော်ကြီးက တခါမှ ပြင်ပကမ္ဘာကိုထွက်ဖူးသူ မဟုတ်သလို အင်္ဂလိပ်လိုကလည်း မပြောတတ်။ လက်ထဲမှာလည်း ငွေအလုံလောက် ပါမသွား။ စင်ကာပူလေဆိပ်မှာ ညီအကိုနှစ်ယောက် ဆုံကြမယ်။ တွေ့မှပဲ စင်ကာပူမှာ သုံးဖို့ ဒေါ်လာ လှူမယ်ဆိုပြီး စိတ်ကူးနဲ့ အစီစဉ်တွေ လုပ်ထားတာလေ။ ခုတော့ စိတ်ကူးနဲ့လွဲ အဖြေရှာမရပြီပဲပေါ့။ တွေ့ပါစေလို့ စိတ်ထဲမှာ ဆုတောင်းရင်း တာမီနယ်ပြောင်း ရထားကိုစီးလိုက်တာ ကံဆိုးချင်တော့ တာမီနယ် ၃-ကိုသွားတဲ့ ရထားဖြစ်နေလေရော။ အချိန်မရပါဘူးဆိုမှ အလွဲတွေနဲ့ ရင်ဆိုင်ရသေးတယ်။ အင်း ငါသတိလွတ် စိတ်လွတ်ဖြစ်နေတာကိုးလို့ သတိကို ပြန်ထိမ်းပြီး စိတ်ပူပန်ခြင်းတွေ ဖြေလျှော့ကာ ရထားပေါ်မှာရှိတဲ့ မြေပုံစာရွက်လေးတခုယူပြီး တာမီနယ် ၀မ်းကို သွားမဲ့ရထားကို ရှာကြည့် လိုက်တယ်။ အဲဒီကျမှာပဲ အဆင်ပြေသွားတော့တယ်။ ချွေးတွေက ရွှဲ အလွဲတွေနဲ့ ဟဲ နေရတဲ့ မနက်ဖြန် မျက်လုံးကို ကျီးကန်း တောင်းမှောက်လုပ်ပြီး တာမီ ၀မ်းမှာ မည်သို့ပင် ရှာစေကာမူ နောင်ကြီးနဲ့ အလွဲကြီးလွဲခဲ့ရလေသည်။

အဲဒါနဲ့ စလုံးအတွင်းမှာနေတဲ့ သူငယ်ချင်း မောင်တိက္ခဆီကို ဖုန်းခေါ် အကျိုးကြောင်းပြောတော့ မင်းကလုပ်တာမှ မသေချာ မရေရာ မတိကျဘဲတဲ့ အဟောက်ခံလိုက်ရသေးတယ်။ သူလည်း အလုပ်များတဲ့ ကြားက လေဆိပ်ကို အပြေးလာနောင်တော် ကြီးကို ရှာပုံတော်ဖွင့်ပေမဲ့ မတွေ့ခဲ့ပါဘူး။ အချိန်ကြည့်တော့ သုံးနာရီတောင် ထိုးတော့မယ်လေ။ ငါ့နောင်တော်ကြီး ဘယ်ရောက်လို့ ဘယ်လို အခြေနေတွေနဲ့ ကြုံနေရပြီလဲ မသိလို့ တွေးပြီး စိတ်က မတည်ငြိမ်။ ဘယ်လိုလုပ်ရမလဲ ဘယ်လိုကြံရမလဲပေါ့။

ရှုပ်ထွေးသောစိတ်တွေနဲ့ အကြံတခုရလိုက်တယ်။ ဘုံဘေကို သွားမဲ့လေယဉ်က ည၈နာရီမှ ဒီကြားထဲ ငါးနာရီလောက် အချိန်ရှိ သေးတယ်။ စလုံးအတွင်းကို ၀င်ပြီး သတင်းစုံစမ်းမယ်ပေါ့။ စလုံးက လုံခြုံရေးစိတ်ချတဲ့ နိုင်ငံပဲလေ တယောက် ယောက်က ကူညီလို့ သူ့လက်ထဲက လိပ်စာအတိုင်း တည်းခိုရမဲ့ နေရာကိုတော့ အေးချမ်းစွာ ရောက်တန်ကောင်းပါရဲ့လို့ တွေးမိတယ်။ သူ့ကိုပေးမိတဲ့ လိပ်စာတော့ မနက်ဖြန်လက်ထဲမှာ ရှိပါတယ်။ အဲဒီနေရာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တော့ မပါဘူးဖြစ်နေတယ်။ ဖုန်းနံပါတ်က မောင်တိက္ခ (ယောအသင်း)ရဲ့ နံပါတ်ပဲရှိတယ်လေ။ သူ့ဆီဖုန်းပြန်ဆက်တော့ သူကဖုန်းမကိုင် တော့ဘူး။

အလုပ်များနေပြီ ထင်ပါရဲ့လို့ တွေးထားပြီး...အင်မီဂရေးရှင်း ကောင်တာသွား လေယဉ်လက်မှတ်နဲ့ ဂရင်းကာဒ်ကိုပြ ငါခဏ အတွင်းဝင်ပြီး ငါ့အကိုနဲ့တွေ့ချင်တယ် အရေးလည်းကြီးနေတယ် လေယဉ်က ညရှစ်နာရီမှ စီးရမှာ ဒါကြောင့် ငါ့ကိုခွင့်ပြု မလားလို့ ပြောကြည့်တယ်။ ရဲအရာရှိက သေချာကြည့်ပြီး ၀င်ခွင့်ပေးမယ်ပေါ့ ဆိုတဲ့ အဓိပ္ပါယ်နဲ့ စာရွက်တခုပေါ်ကို ဖြည့်ခိုင်းပြီး Passport Please Sir လို့ပြောတော့ ပတ်စပို့ထုတ်ပေးလိုက်တယ်။ ပတ်စပို့ကိုကိုင်ကာ သေချာကြည့်နေတဲ့ ဒကာတော် ရဲအရာရှိက မျက်မှောင်ကုတ်ကာ Sir So Sorry. You can not go inside တဲ့။ ဘာကြောင့်လဲပေါ့ မေးလေတော့ Even though you are Green Card holder, you are burmese so you need visa တဲ့။

သေပါပြီဗျာလို့ စိတ်ထဲမှာ တွေးပြီး ပြုံးပြုံးလေးနဲ့ အသာခေါင်းညိတ်ကာ နောက်ပြန်လှည့်ခဲ့ရလေသတည်းပေါ့။ အော် အဖြစ်ဆိုး လိုက်တဲ့ မြန်မာပြည်သားရယ်လို့ပဲ ပြောရမလား။ ပတ်စပို့ကိုပဲ ဆုတ်ဖြဲပစ်ရမလား။ လွဲချော်မှုတွေကြောင့် စိတ်ပူပန်ရ မျက်နှာမွဲ မိဘတို့၏ သားသမီးများရဲ့ ပတ်ဝန်းကျင် ကြဉ်ဖယ်ခြင်းဒဏ်ကို ကိုယ်တွေ့ ကြုံရ.. မနက်ဖြန် စိတ်ထဲမှာ ဘယ်လိုကြီး ဖြစ်နေမလဲ စဉ်းစားကြည့်ပေါ့။ ပြင်းရှသော ဝေဒနာများနဲ့ တလှမ်းခြင်း လှေးကားထစ်တွေကို လှမ်းရင်း နောင်တော်ကြီး ဘယ်ရောက်နေလဲ ဘယ်လို ရှာရမလဲ...စိတ်ညစ်ခြင်းပေါင်းများစွာ ....ကြဉ်ဖယ်ခံရလေခြင်း..လို့ အခံရခက်ခြင်းပေါင်းများစွာ ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP