* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 5, 2010

အကြင်နာ ဆေးတစ်ခွက်

ဒီကနေ့ ဘာအတန်းမှ မရှိတာနဲ့ ပူနေးတက္ကသိုလ်တွင် ကျောင်းတက်နေသော သူငယ်ချင်းများ၏ ဘလော့ဂ်များကို ပူနေးအလွမ်းပြေ သွားရောက် လည်ခဲ့သည်။ ကိုကောင်းမွန်၊ အရှင်ဇ၀န၊ မေမေ့လပြည့်ဝန်း၊ အရှင်နာဂ၀ံသာလင်္ကာရ တို့၏ ဆိုဒ်များကို လေ့လာရင်း အရှင်နာဂဆိုက်မှ သီတဂူဆရာတော်ကြီး၏ ဂိလာန အပေါ် ပြုစုပုံကို မြင်လိုက်သဖြင့် အလွန်ဝမ်းသာလွန်းလို့ ကူးယူပြီ တဖန် တင်ပြလိုက်ပါသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အုပ်ချုပ်ရေးမှူးဆရာတော်) စာရေးဆရာ စစ်ကိုင်း မင်းရှိန်သည်..မကျန်းမမာဖြစ်နေသည်မှာ ငါးလနီးနီးရှိပါပြီဖြစ်ပါသည်။ လေဖြက်ရောဂါဟု သိရပါသည်။


အကြင်နာ ဆေးတစ်ခွက်

အားဆေးတစ်ခွက်

ကြင်ကြင်နာနာဖြင့် မကျန်းမာနေသူအား စောင့်ရှောက်ခြင်းသည်..နာမကျန်းဖြစ်နေသူအတွက် လွန်စွာမှ တန်းဘိုးဖြတ်မရနိုင်သောအရာဖြစ်ပေသည်....။ချိုသာ နူးညံ့သောအားပေးစကားကို ကြားရသဖြင့်..နာမကျန်းသူအတွက် အားဆေးဖြစ်ရသည်ကို ကိုယ်တိုင်တွေ့ကြုံဘူးကြပေမည်..ကိုယ်၏ စောင့်ရှောက်ခြင်း နုတ်၏စောင်မခြင်းဖြင့် လုနာကို သက်သာရာရစေသည်...ရောဂါနှိပ်စက်သဖြင့် အားငယ်နေရသော လူမမာအတွက်..ကျွန်ုပ်တို့ ကူညီသင့်ကြပေသည်...ထိုကဲသို့ ပြုလုပ်ခြင်းသည်...စိတ်ကောင်းရှိသော သူတို့မှသာ လုပ်နိုင်ပေသည်။


သီတဂူဆရာတော်နှင့် အရှင်မဟောသဓပဏ္ဍိတ
ယခုအခါ သီတဂူဆရာတော်သည်..အမေရိကန်ပြည်ကို ရောက်နေခိုက် လေဖြတ်ရောဂါခံစားနေရသော ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတ(၀ါရှင်တန်)အား...ကြင်ကြင်နာနာ ဂရုစိုက်နေပုံမှာ ဂိလာန ရဟန်းတွေအတွက် အားဆေးတစ်ခွက်ဖြစ်သလို မြင်ရသူတိုင်းအတွက် ကြည်နူးစရာဖြစ်ရပေသည်။

အရှင်နာဂ၀ံသာလင်္ကာရ (ပူနေး )ဆိုဒ်မှ ကူးယူပြီး ဖော်ပြပါသည်။

အကြင်နာတရား ပွားများနိုင်ကြပါစေ။
သီတဂူစတား
၅-၉-၂၀၁၀

0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP