နယ်စပ်နာဂတောင်တန်းဒေသ သာသနာပြုဘဝ

သားတို့အားမာန်ထေရဝါဒ
ဖ-ဘုရားသာသနာ
လ-စန္ဒာကမ္ဘာလွှမ်း
ငြိမ်းချမ်းမည်သာ
ထွန်းပြန့်ဖို့ ဒေသစာ
ခြေချကာ ကြွမြဲ
ယပ်သပိတ်တွေ ယူဆောင်ထမ်းပါလို့
မြတ်စိတ်စေ ဖြူရောင်သန်းစွာနဲ့
ရပ်ဆိတ်ငြိမ် တောင်ပြာတန်းကိုကွယ်
လှမ်းပျော်ဝံ့ရဲ။
ကဗျာဆရာမိုးပြို(မင်းပြား)၏ “သားတို့အားမာန်”ကဗျာလေးကို သတိရမိသည်။ သာသနာပြုရဟန်းတော်
များသည် သက်စွန့်ဆံဖျား ဝေးလံသီခေါင်သော တောင်တန်းမြေဒေသမှာ ကွဲလွဲခြားနားသည့် ရာသီသဘာ
ဝဒဏ်ကိုကြံ့ကြံ့ခံရင်း သာသနာတော်စည်ပင် ပြန့်ပွါးထွန်းကားရေးအတွက် ဆင်းရဲမှုကိုပဓာနမထားဘဲ သာ
သနာ့အာဇာနည်များပီသစွာ ဘုရားရှင်ရဲ့သာသနာ့တာဝန်ကို မချွတ်ထမ်းဆောင်ပါမည်ဟူသော သာသနာ
စိတ်ဓာတ်ဖြင့် သာသနာပြုနေကြသည်။
ဘုရားရှင်၏ သာသနာတော်တည်းဟူသော မိုးရေမိုးပေါက်များကို ဗုဒ္ဓဘာသာ သူတော်ကောင်းများတည်းဟူ
သော စဉ့်အိုး၊ ရေကန်များနှင့်ခံပြီး သာသနာတော်တည်းဟူသော ရေမရှိသည့်နေရာဒေသများတွင် အေးမြ
ကြည်လင်သော သာသနာ့ရေများ၊ မိုးရေများ ရရှိအောင် ဖြန့်ဝေရမည့်တာဝန်မှာ ဗုဒ္ဓဘာသာဝင်တိုင်းတို့၏
တာဝန်တစ်ရပ်ပင် မဟုတ်ပါလား။
နယ်စပ်နာဂတောင်တန်းဒေသတွင် သာသနာပြုလုပ်ငန်းတာဝန်သည်လွယ်ကူသော လုပ်ငန်းတာဝန်တစ်ရပ်
တော့ မဟုတ်ပေ။ တောင်ပေါ်ဒေသသည် ဒေသ၊ ဘာသာ၊ စကား ဓလေ့၊ စရိုက်အာုးဖြင့် ကွဲပြားခြားနား
သည့်အတွက် သာသနာပြုရဟန်းတော်များသည် ဦးစွာပထမ ဒေသခံတို့၏ ဘာသာစကားကို လေ့လာသင်ယူရသည်။ သူတို့၏ဘာသာစကားကို တတ်ကျွမ်းပါမှ သူတို့၏သဘောသဘာဝကို နားလည်ပြီး
ကိုယ်ပြောသမျှ စကားများမှာလည်း ထိရောင်အောင်မြင်မှုများ ရှိလာပေသည်။ ဒေသခံတို့၏ ဘာသာစကား
ကို တတ်ကျွမ်းလျှင် သူတို့ကလည်း ပိုမိုခင်မင်ရင်းနှီးလာကြ၏။ ကိုယ်တိုင်သာသနာပြုနေရသော နေရာဒေ
သ၏ ဘာသာစကားကို တတ်ကျွမ်းမှုမရှိလျှင် ကိုယ်ပြောသည်ကိုလည်း သူတို့နားမလည်၊ သူတို့ပြောသည့်စ
ကားကိုလည်း ကိုယ်နားမလည်အလွန်ပင် အခက်အခဲတွေ့ရတတ်သည်။
စာရေးသူသည် သာသနာပြုလုပ်ငန်းကို ကလေးများကို စာပေသင်ကြားရေးလုပ်ငန်းကစတင်ပြီး သူတို့ထံမှာ
လည်း သူတို့ဘာသာစကားကို သင်ယူသည်။ ဝါတွင်းသုံးလ သင်ယူလိုက်လျှင်အတော်အတန် နားလည်လာ
သည်။ စာရေးသူ၏တစ်နေ့တာ လုပ်ငန်းမှာ မနက် ရ-နာရီမှစ၍ ၁၀-နာရီခွဲအထိ ကလေးများကို စာတစ်ချိန်
သင်ပေးပြီး နေ့လယ် ၁-နာရီမှ မွန်းလွဲ သုံးနာရီအထိ နောက်ထပ်စာတစ်ချိန်သင်ပေးသည်။ ကလေးများကို
စာသင်ပြီးချိန်မှစ၍ ညနေ ငါးနာရီအထိ ကျက်မှတ်သင့်၊ ကျက်မှတ်ထိုက်သောစာများကို ကျက်မှတ်ပြီး ကလေးများ အတွက် ကဗျာလင်္ကာများကိုရေးစပ်၍ စာရေးသည်။ ၆-နာရီမှ ၇-နာရီအထိ ပရိတ်ပဋ္ဌာန်းများ
ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး တရားအလုပ်ကို လုပ်သည်။ ၇-နာရီခွဲလျှင် ကလေးများနှင့်ကျောင်းသူကျောင်း
သားများ ကျောင်းသို့ ဘုရားရှိခိုးရန် ရောက်လာကြသည်။
ဘုရားရှိခိုးလာတိုင်း သူတို့လေးတွေကို ချိုချဉ်သကြားလုံးများဝေငှပေးပြီး ဘုရားရှိခိုးနေ့တိုင်းလာရန် ပြောပြ
ရသည်။ မကြာမကြာလည်း လက်ဖက်ရည်များ ဖျော်တိုက်ရ၏။ ဘုန်းကြီးကျောင်းမှာ လက်ဖက်ရည်ဖျော်
တိုက်မည်ဟု ပြောသံကြားလျှင်ကလေးများမှာ အုန်းအုန်းကျွတ်ကျွတ်သောင်းသောင်းဖြဖြ ဘုန်းကြီးကျောင်း
သို့ဘုရားရှိခိုးရန်လာကြသည်။နေ့တိုင်းကထက် ပိုများ၏။သကြားလုံးလည်းကုန်သွားပြီ၊လဖက်ရည်ကလည်း
မတိုက်သည့်ရက်က ကြာနေပြီဆိုလျှင် ကလေးများမှာ ဘုရားရှိခိုးအလာနည်းလာသည်။ ထို့ကြောင့် ကလေး
များကို မကြာမကြာ သွားရေစာများ ကျွေးမွေးရသည်။ အစားအသောက်များကို စားရလျှင် ပျော်တတ်သည်
မှာ ကလေးတို့၏ သဘာဝတစ်ရပ်ပင်ဖြစ်၍ ကလေးများကို အကျွေးအမွေးကျွေးပြီးမှ ဘာသာရေးစကားများ
ကို သွတ်သွင်းပေးရသည်။
ဘုရားရှိခိုးပြီးပြီဆိုလျှင် (၃၈)ဖြာ မင်္ဂလာကဗျာများနှင့် လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ဘုရားရှိခိုး
လင်္ကာများကို သင်ပေးသည်။ တစ်ရက်ခြား ဘုရားဇာတ်တော်များနှင့် ပတ်သည့်ပုံပြင် တစ်ပုဒ်စီ ဘာသာ
ပြန်နှင့် ပြောပြပေးသည်။ ဘုရားရှင်အကြောင်းကို သိရှိစေရန်လည်း ဘုရားရှင်ရဲ့ဖြစ်တော်စဉ်ကို ခုနစ်နေ့
ဘုရားရှိခိုးလင်္ကာများကို ရွတ်ဆိုခိုင်းပြီး ရှင်းပြပေးသည်။ “ဒီနေ့ဘုရားရှင် အကြောင်းနှင့်ပတ်သက်ပြီး အ
မည် ငါးခုကို အလွတ်သင်ပေးလိုက်မယ်၊ မနက်ဖြန် ဘုရားရှိခိုးလာတဲ့အခါ မေးလို့အမည်မှန်ဖြေနိုင်တဲ့သူ
ကို ပိုက်ဆံကျပ် ၂၀-ဆုချမည်” ဆိုပြီး ဘုရားရှင်၏ဘွဲ့တော်က အရှင်ဂေါတမ အလောင်းတော်က သိဒ္ဓတ္ထ
စသည်ဖြင့် အမည်ငါးခုကို နှုတ်တိုက်အလွတ်သင်ပေးလိုက်သည်။
နောက်နေ့ ဘုရားရှိခိုးလာသည့်အချိန်မှာ အမည်တစ်ခုကိုအဖြေနိုင်တဲ့သူကို ပိုက်ဆံ ၂၀-ကျပ်စီပေးရသည်။
မေးသည့်အခါ အမှန်ဖြေနိုင်သည့်သူကို ပိုက်ဆံပေးလိုက်ပြီဆိုလျှင် ကလေးများက လက်ခုပ်သြဘာတီးပြီး
အားပေးကြသည်။ ကလေးများမှာလည်းသူတို့အချင်းချင်း စကားပြောသူကပြေကြ၊ ရယ်သူကရယ်ကြနှင့် အလွန်ပျော်ကြသည်။အန္တရာယ်ကင်းဂါထာများကိုလည်း သူ့ရက်နှင့်သူ အလှည့်ကျသင်ပေးသည်။ ကလေးများမှာအမျိုးစုံသင်ပေးထား၍ အန္တရာယ်ကင်းဂါထာများနှင့် ရတနာသုံးပါးပတ်သက်သည့် ကဗျာလင်္ကာများကို အတော်လေးအလွတ်ရကြသည်။ ကလေးများမှာကား ရတနာသုံးပါး၏အကြောင်းအရာများကို သိရှိရသောအခါ ရတနာသုံးပါးပေါ်တွင် ကြည်ညိုလေးစား ရိုသေကိုင်းရှိုင်းလာကြသည်။ ကလေးများသည် ဆော့ကစားနေသည့်အချိန်မှာလည်း သမ္ဗုဒ္ဓေဂါထာကိုရွတ်ဆိုပြီး ကစားနေကြ၍ ပီတိဖြစ်မိသည်။ ကလေးတစ်ယောက်ဆိုလျှင် ဘုရားရှင်မွေးဖွါးသည့် ကပ္ပိလဝတ်မြို့တော်အကြောင်းကို ပြောပြထား၍ သူ့စိတ်ထဲတွင် ကပ္ပိလဝတ်မြို့အမည်ကို မှတ်မိနေပြီး ဆိုလို့ကောင်းတယ်ထင်ပါရဲ့ “ကပ္ပိလဝတ်၊ ကပ္ပိလဝတ်” နှင့် ခဏခဏရွတ်ဆိုနေသည်ကို တွေ့ရသည်။ ဘုရားရှိခိုးလာသည့်အချိန်များမှာလည်း သူတို့ဒေသထွက် တောပန်း၊တောင်ပန်းများကိုယူဆောင်လာကြပြီး ဘုရားရှင်အား ဘုရားပန်းများ ဆက်ကပ်လှူဒါန်းကြလေပြီ။
ကလေးများမှာ ညနေဘုရားရှိခိုးလာတိုင်း ဘုရားရှိခိုးအပြီးတွင် အောက်ပါကဗျာလေးကို နေ့တိုင်းရွတ်ဆိုခိုင်း
သည်။

*ညအခါမှာ ဘုရားရှိခိုးလို့
ပျော်နေကြတဲ့ ငါတို့တွေ
ကုသိုလ်ရကြမယ်။
*ကုသိုလ်ရကာ အန္တရာယ်ကင်း၍
ဘေးရန်ရှင်းလို့ နေနိုင်တယ်
*ဒါကြောင့်ကွယ် ဒါကြောင့်ကွယ်
ဘုရားရှိခိုး နေ့တိုင်းသွားကြမယ်။
ပျော်နေကြတဲ့ ငါတို့တွေ
ကုသိုလ်ရကြမယ်။
*ကုသိုလ်ရကာ အန္တရာယ်ကင်း၍
ဘေးရန်ရှင်းလို့ နေနိုင်တယ်
*ဒါကြောင့်ကွယ် ဒါကြောင့်ကွယ်
ဘုရားရှိခိုး နေ့တိုင်းသွားကြမယ်။
ကဗျာလေးကိုရွတ်ဆိုပြီးတာနှင့် တစ်ပတ်မှာတစ်ရက် ငါးမိနစ်ခန့်မျှ တရားထိုင်းခိုင်းသည်။ ကလေးများမှာ
တရားထိုင်ခိုင်းပြီးလျှင် သိပ်မထိုင်ချင်ကြ။ ဒါပေမဲ့ ချော့မော့ပြောပြ၍ သကြားလုံးပေးပြီးမှ တရားထိုင်ခိုင်းရသည်။
(ဆက်ပါအုံးမည်)
စာရေးသူ-သစ္စာရောင်ခြည်
(၄-၉-၂၀၁၀)

0 comments:
Post a Comment