* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 18, 2010

မဟာဗုဒ္ဓ၀င်အကျဉ်း

“သုံးသွယ်ရွှေနန်း သူစံမြန်း”


“အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ သားတော်သိဒ္ဓတ္ထမင်းသားလေး အရွယ်ရောက်လာတဲ့အခါမှာ သူအို၊ သူနာ၊ သူသေနဲ့ ရဟန်းများကို မြင်တွေ့ပြီး နန်းတော်ကနေ ထွက်ခွာကာ ရဟန်းပြု၍ ဆင်းရဲခြင်းအဆုံးဖြစ်တဲ့အရာကို ရွာဖွေပါလိမ့်မယ်” ဆိုတဲ့ အသိတရသေ့ကြီးနဲ့ ကောဏ္ဍညပညာရှိတို့ရဲ့ နိမိတ်ဖတ်ခဲ့တဲ့ အသံကို ဘုရင်သုဒ္ဓေါဓနရဲ့ စိတ်ထဲမှာ အမြဲကြားယောင်နေပါတယ်။ ဒါကြောင့်လည်းပဲ သိဒ္ဓတ္ထမင်းသားလေးရဲ့ ဆင်းရဲခြင်းရဲ့ အဆုံးဖြစ်တဲ့ အရာကို ရှာဖွေချင်နေတဲ့ စိတ်ဆန္ဒဟာ ဘုရင်သုဒ္ဓေါဓန မင်းကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီလိုအတွေးမျိုးကို ရှင်းလင်းဖယ်ထုတ်မပစ်နိုင်ဘူးဆိုရင် သိဒ္ဓတ္ထမင်းသားလေးဟာ မကြာခင်မှာ တိုင်းပြည်နဲ့ နန်းတော်ကို စွန့်ခွာပြီးထွက်သွားမှာကို ဘုရင်သုဒ္ဓေါဓန စိုးရိမ်ကာ တွေးတောပြီး ကြောက်ရွံ့နေပါတယ်။ တကယ်လို့ သိဒ္ဓတ္ထမင်းသားလေးသာ နန်းတော်ကိုစွန့်ခွာ တောအရပ်ကို ထွက်ခွားသွားမယ်ဆိုရင် သူ့ရဲ့အရိုက်အရာနန်းတော်နဲ့ အမျိုးအနွယ်ကို ဆက်ခံမယ့်သူ၊ ဆက်လက်ထိမ်းသိမ်းမယ့်သူ မရှိမှာကိုလည်း စိုးရိမ်နေပါတယ်။ သိဒ္ဓတ္ထမင်းသားလေးရဲ့ နန်းတော်က ထွက်ခွာချင်နေတဲ့ စိတ်ဆန္ဒကို ပြောင်းလဲပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ နန်းတော်မှာ ပျော်ရွှင်မှု့တွေ ကာမဂုဏ်စည်းစိမ်တွေနဲ့သာ အပြည့်အ၀ ခံစားသုံးဆောင်လို့ ရနိုင်အောင်ထားနိုင်ဖို့ လိုအပ်တယ်ဆိုတာကို ဘုရင်သုဒ္ဓေါဓန တွေးမြင်သဘောပေါက်ထားပါတယ်။ သူရဲ့ ဆန္ဒအောင်မြင်ပြည့်ဝဖို့ ပထမဆုံးအနေနဲ့ ခမ်းနားထည်ဝါပြီး ရှု့ချင်စဖွယ်ကောင်းတဲ့ အသစ်ဖြစ်တဲ့ နန်းတော်ကြီးသုံးဆောင်ကို သိဒ္ဓတ္ထမင်းသားလေးအတွက် ထည်ဆောက်ဖို့ စီစဉ်လိုက်ပါတယ်။ သိဒ္ဓတ္ထမင်းသားလေး အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်မှာပါ။
ပထမနန်းတော်ကတော့ သင်းပျံ့မွှေးကြိုင်သော သစ်မွှေးများနဲ့ ဆောက်လုပ်လိုက်ပါတယ်။ ဒီနန်းတော်လေးရဲ့ ဘေးပတ်ပတ်လည်မှာ နွေးထွေးစေမယ့် လေပြေလေးများ ရစေဖို့၊ သင်းပျံ့တဲ့ ပန်းရနံ့လေးများ ခံစားရရှိစေဖို့ အတွက်နဲ့ သက်သောင့်သက်သာ ငြိမ်းချမ်းပျော်ရွှင်စွာ ကြည်နှုးနိုင်စေဖို့အတွက် စိတ်ကိုကြည်နှုးစေမယ့် အရာမှန်သမျှကို အပြည့်အ၀ အစွမ်းကုန် ဖန်တီးပေးထားပါတယ်။ ဒီပထမ နန်းတော်ကတော့ သိဒ္ဓတ္ထမင်းသားလေး အေးမြတဲ့ ဆောင်းရာသီအတွက် စံမြန်းနေထိုင်ဖို့ပါပဲ။
ဒုတိယနန်းတော်ကတော့ သိဒ္ဓတ္ထမင်သားလေး ပှုပြင်းတဲ့နွေရာသီရောက်ရင် စံမြန်းဖို့အတွက် တောက်တောက်ပြောင်ပြောင် အရောင်တလက်လက်နဲ့ ပြုပြင်မွန်းမံထားတဲ့ စကျင်ကျောက်များနဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ တတိယနန်းတော်ကတော့ အစိမ်းရောင်ကြွေပြားများနဲ့အတှု အုတ်ခဲများနဲ့ကာရံထားပြီး မိုးရာသီရောက်ရင် စံမြန်းဖို့အတွက် ပြုလုပ်ဖန်တီးဆောက်တည်ထားပါတယ်။
ဘုရင်သုဒ္ဓေါဓနဟာ နန်းတော်သုံးဆောင်တို့ရဲ့ ပတ်ပတ်လည် ၀န်းကျင်မှာ ထာဝရ စိမ်းစိုလှပ အေးမြ မွှေးပျံ့နေစေမယ့် ဥယျာဉ်တစ်ခုကို ဆောက်လုပ်စေပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ အရောင်မျိုးစုံတဲ့ ကြာပန်းများနဲ့အတူ အေးစိမ့်ကြည်လင်နေတဲ့ ရေကန်များကိုလည်း ဆောက်လုပ်ပေးထားစေပါတယ်။ ဒီဥယျာဉ်က သိဒ္ဓတ္ထမင်းသားလေးအတွက် လမ်းလျှောက်တဲ့အခါမှာဖြစ်ဖြစ်၊ စီးတော်မြင်းကို စီးနင်းနေတဲ့အခါဖြစ်ဖြစ်၊ စိတ်ပျော်ရွှင်စေမယ့် အရာဟူသမျှ ဘာကိုပဲ ပြုလုပ်လုပ် ပြုလုပ်တဲ့အခါမျိုးမှာ အမြဲတမ်းပျော်ရွှင်နေနိုင်အောင်အတွက်၊ ပြုလုပ်နိုင်ဖို့အတွက် လိုအပ်မှု့မရှိအောင် ဖြည့်စည်းပေးထားတာပါ။
ဒီလိုနဲ့ နှစ်တွေဟာ လျှင်မြန်စွာ ကုန်ဆုံးလာတာနဲ့အမျှ သိဒ္ဓတ္ထမင်းသားလေးဟာလည်း အခုဆို အရွယ်ရောက်လာကာ ချောမောလှပတဲ့ မင်းသားလေးတစ်ပါးဖြစ်လာပါတယ်။
ခမည်းတော် ဘုရင်သုဒ္ဓေါဓနဟာ သိဒ္ဓတ္ထမင်းသားလေး နန်းတော်ကနေ ထွက်ခွာပြီး ဆင်းရဲခြင်းများရဲ့ အဆုံး၊ စစ်မှန်တဲ့ ပျော်ရွှင်မှု့တွေကို ရှာဖွေဖို့ အခွင့်အရေးမရရှိအောင် ခမ်းနားထည်ဝါလွန်းလှတဲ့ ရမ္မ၊ သုဘ၊ သုရမ္မ ဆိုတဲ့ နန်းတော်ကြီးသုံးဆောင်ကို ဆောက်လုပ်ကာ အရာရာတိုင်းအတွက် လိုအပ်မှု့မရှိအောင် ဖြည့်ဆည်းပေးထားပါတယ်။ ပြီးတော့ နုပျိုလှပတဲ့ မောင်းမိဿံ အခြွေအရံများကိုလည်း လုပ်ကျွေး ခစားထားစေသလို ဖျားနာတဲ့သူ၊ အိုမင်းတဲ့သူများကိုလည်း နန်းတော်အတွင်းမှာ မမြင်ရလေအောင် စီမံထားပါတယ်။ “သေခြင်းတရား” ဆိုတဲ့ အသံကိုပင် မပြောမိဖို့ အမိန့်တော် ထုတ်ထားတာပါ။
ဘုရင်သုဒ္ဓေါဓနဟာ သားတော် သိဒ္ဓတ္ထမင်းသားလေးကို တစ်လောကလုံးကို အစိုးရတဲ့ စင်္ကြာဝတေးမင်းကြီးပဲ ဖြစ်စေချင်ပါတယ်။ ဘုရားအဖြစ်ကို သူမလိုလားတာ အမှန်ပါ။ သို့ပေမယ့်လို့ သိဒ္ဓတ္ထမင်းသားလေးဟာ ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးသုံးဆောင်မှာ စံနေရပေမယ့်လို့ တကယ်မပျော်ရွှင်ခဲ့ပါဘူး။ အမြဲတမ်းပဲ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေဖို့ စဉ်းစားတွေးကြံနေခဲ့တာပါ။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ဆိုတာ ဆင်းရဲဒုက္ခဟူသမျှ လုံးဝကို မရှိတဲ့နေရာပဲဖြစ်ပါတယ်။ ဆင်းရဲဒုက္ခများ မရှိတဲ့နေရာကတော့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို ရှာဖွေချင်တဲ့ ဆန္ဒရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး အတွက်ပါပဲ။ ဒါဟာ လောကနဲ့ လူသားအကျိုးကို ကြီးမြတ်တဲ့ ကရုဏာတော်နဲ့အတူ အနစ်နာခံကာ ကောင်းကျိုးများကို ပေးဆပ်ချင်ကြတဲ့ မြင့်မြတ်သူတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ဆန္ဒနဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။
(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP