* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 18, 2010

ဘာဂျေ လိုဏ်ဂူ (BHAJE LENA)














၅-၉-၂၀၁၀-နေ့ည ၉-နာရီခန့်တွင် စောမယကောလိပ်မှထွက်ခွါလာသော express ကားနှစ်စီးသည် ညပိုင်း ၁၂-နာရီခန့်တွင် တည်းခိုမည့် ဟိုတယ်သို့ရောက်ရှိကြပါသည်။ ဟိုတယ်တွင် ထိုတစ်ညတာကို ကောင်းစွာ အိပ်စက်အနားယူကြပြီး နောက် ၆-၉-၂၀၁၀-နေ့ မနက်ပိုင်းတွင် ဂျပန်ဆရာတော်ထံ တရားများနာယူကြအပြီး လက်တွေ့တရားထိုင်ကြရပါသည်။ နေ့လည်ပိုင်း ၁-နာရီတွင် ကာလေလိုဏ်ဂူသို့ သွားရောက်ကြပြီးနောက် ည ၆-နာရီခန့်တွင် မူလတည်းခိုသော ဟိုတယ်သို့ ပြန်ရောက် အိပ်စက်အနား ယူကြပါသည်။

နောက်တစ်နေ့ ၇-၉-၂၀၁၀-ရက် နံနက်ပိုင်းတွင် ဂျပန်ဆရာတော်ထံမှပင် တရားများကို နာကြားအပြီး လက်တွေ့ တရားထိုင်ကြရပြန်ပါသည်။ နေ့လည်ပိုင်း တစ်နာရီတွင် ဘာဂျေလိုဏ်ဂူများသို့ သွားရောက်ကြမည်ဖြစ်ရာ ဤအကြိမ်တွင် လိုဏ်ဂူများသို့သွားရောက်ပြီးနောက် မွမ်ဘိုင်းမြို့သို့ တခါတည်းပြန်ကြမည်ဖြစ်၍ ပစ္စည်းများသိမ်းဆည်းကာ သော့များ အပ်နှံခဲ့ကြရပါသည်။ ထို့နောက် ဘာဂျေလိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်ခွါကြပါသည်။

ဘာဂျေလိုဏ်ဂူသည် မွမ်ဘိုင်း-ပုနေးလမ်း၊ လောန၀လ(LONAVALA)မြို့မှ ကီလိုမီတာ ၁၀-အကွာတွင် တည်ရှိပါသည်။ ဘာဂျေတွင် ၂၉-ခု တူးဖော်ထားသည်ဟု ဆိုသည်။ အားလုံးသည် အနောက်ဖက်သို့ မျက်နှာမူထားပြီး မြေအပြင်အထက် ပေပေါင်း- ၂၀၀-ခန့်တွင် ရှိပါသည်။ ဘာဂတ်( Bor ghat) မှ ဒီဇင်း(Deccan)သို့ ဖြတ်သန်းထားသော ရှေးဟောင်းလမ်း မကြီး၏လမ်းကြောင်း၌ ဖြစ်ပါသည်။ ၀ိသပူရ်(Visapur)တောင်စွယ်နှင့်(Lohgad) လောဂတ်ခံတပ်များရှိရာ ဒေသ၌ ဘာဂျေ လိုဏ်ဂူများကို တွေ့ရှိရသည်။ ဘာဂျေသည် ဒီဇင်(Deccan)၌ ရှေးဟောင်းတူးဖော်ရရှိမှုထဲမှ တစ်ခု ဖြစ်သည်ဟု ဆိုသည်။


တူးဖော်မှုလုပ်ငန်းခွင်တစ်ခုလုံးသည် ထေရ၀ါဒဂိုဏ်းများ၏လက်ရာများသာ ဖြစ်ပုံပေါ်ပြီး နောက်ပိုင်း မဟာယာနများက ပြင်ဆင်ပြောင်းလဲထားသည်များကိုတော့ မတွေ့မြင်ရဟု ဆိုသည်။ ဘာဂျေကျောင်းတော်သည် စေတီတည်ထားရာလိုဏ်ဂူ ၂-ခုနှင့် အခြားလိုဏ်ဂူပေါင်း ၁၃-ခု ပါဝင်သည်။ နှစ်ခန်းတွဲထားသော ကျောင်းဆောင်များ၊ ရေကန်ကြီးများ၊ စေတီ ပန်းပုလက်ရာများ၊ ကျောက်ဆစ်ရုပ်ထွင်းထုထားသော ကျောင်းဆောင်များ၊ ကျောက်စာများမှာ ဘာဂျေလိုဏ်ဂူ၏ ထူးခြားသောအသွင်အပြင်အချို့ ဖြစ်ပါသည်။

ပင်မစေတီထားရှိလိုဏ်ဂူတွင် မူရင်းသစ်သားများရှိဆဲဖြစ်သော အမိုးခုံးများမိုးထားသည့် စက်ဝိုင်းခြမ်းပုံသဏ္ဍန်ကို တွေ့မြင် ရမည်ဖြစ်ပါသည်။ အလယ်ပိုင်းနေရာနှင့်လမ်းကို ဖြောင့်တန်းသောလိုင်း ၂-ခုတွင် တိုင် ၂၇-လုံးဖြင့် ခွဲခြားထားပါသည်။ စေတီသည် ရိုးရိုးရှင်းရှင်းပင် ဖြစ်ပြီး လမ်းအမိုးကိုလည်း ၀ိုက်၍ခုံးထားပါသည်။ စေတီတည်ရှိရာဂူအတွင်းတွင် အလှုရှင်ကို ဖော်ပြသော ကမ္ဗည်းကျောက်စာများ ရှိပါသည်။ တစ်ခုမှာ သစ်သားအပေါ်တွင် ရှိသည်ဟု ဆိုပါသည်။

ပညာရှင်များသည် ဤစေတီထားရှိရာဂူကို ဘီစီ ၂-ရာစု စောစောပိုင်းအဖြစ် သတ်မှတ်ထားသည်။ ထိုအချိန်မတိုင်မီ အနည်းငယ်ကပင် ဖြစ်နိုင်သည်ဟုလည်း ဆိုထားသည်။ စေတီပြခန်းအဆောက်အဦးတွင် အထိမ်းအမှတ် စေတီ ၁၄-ခု ရှိပါသည်။ ဤစေတီများ၏ခြားနားသောရှု့ထောင့်များနှင့် မတူကွဲပြားသောအနေအထားများမှ သတ်မှတ်ချက်သက်တမ်းကို နောက်ထပ်ကောက်ချက်ချနိုင်သည်ဟု ဆိုထားပြန်သည်။

ပင်မစေတီထားရှိရာလိုဏ်ဂူတွင်းရှိ စေတီတော်၌ ထေရ၀ါဒဂိုဏ်းဝင်များက ထေရ၀ါဒနည်ဖြင့်လည်းကောင်း၊ မဟာယာနဂိုဏ်းဝင်များက မဟာယာနပုံစံဖြင့်လည်းကောင်း စုပေါင်း၍ ဘုရှားရှိးခိုးခဲ့ကြပါသည်။










0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP