* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 5, 2010

“စစ်မှန်တဲ့ ချမ်းသာခြင်းဆိုတာ”

ဗုဒ္ဓမြတ်စွာရဲ့ ပရမတ္ထဓမ္မများကို ကိလေသာအပှုဘေးမှ ကင်းကွာတဲ့ချမ်းသာရာကို ရှာဖွေခံစားလိုသူ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမှန်တကယ် လိုက်နာကျင့်ကြံ အားထုတ်မယ်ဆိုရင် မိမိလိုလားတဲ့ ကိလေသာအပှုကင်းရာဖြစ်တဲ့ ချမ်းသားခြင်းများကို နိဗ္ဗာန်တိုင်အောင် ရရှိနိုင်ပါတယ်။ “အတ္ထာယ-သတ္တ၀ါများအတွက် ကောင်းကျိုးတရားများ ရရှိစေဖို့ရာ၊ ဟိတာယ-သတ္တ၀ါအများအတွက် အစီးအပွားရရှိစေဖို့ရာ၊ သုခါယ-သတ္တ၀ါများအတွက် ချမ်းသားခြင်းတရားများ ရရှိစေဖို့ရာ ဆိုတဲ့ ကြီးမြတ်တဲ့ ကရုဏာတော်နဲ့အတူ ဒီဘဒ္ဒကမ္ဘာမှာ သိဒ္ဓတ္ထမင်းသားဟာ ဘုရားအဖြစ်ကို ရရှိအောင် အားထုတ်တော်မှုပြီး တရားဓမ္မများကို ဟောကြားခဲ့တာပါ။”
သံသရာတစ်ဖက်ကမ်းဆိုတဲ့ နိဗ္ဗာန်ကို အရောက်ပို့နိုင်ဖို့အတွက် ဘုရားအဖြစ်ရရှိအောင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာအောင် ကျင့်ကြံအားထုတ်ခဲ့တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်များအားလုံး သိပြီးသားပါ။ ပါရမီတွေကို ဘ၀များစွာဖြည့်ကျင့်ရင်း နောက်ဆုံးဘ၀ သိဒ္ဓတ္ထမင်းသားအဖြစ်နဲ့ နန်းတော်ကိုစွန့်ခွာ မအိုခြင်းတရား၊ မနာခြင်းတရား၊ မသေခြင်းတရားများကို ရှာဖွေတွေ့ရှိပြီး သက်တော် ၃၅ နှစ်မှာပဲ ဘုရားအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။
ဘုရားအဖြစ်သို့ ရောက်ရှိပြီး ရုပ်ခန္ဓာ ပန်းပန်းနွမ်းနယ်မှု့ကို (ဗုဒ္ဓမြတ်စွာသည် စိတ်ပင်ပန်း နွမ်းနယ်မှု့ မဖြစ်ပါ) အပန်းဖြေရင်း နောင်ဟောကြားမယ့် ဘ၀များစွာ ဖြည့်ဆည်းခဲ့တဲ့ တရားဓမ္မများကို သုံးသပ်ဆင်ခြင်ဖို့အတွက် လိုအပ်တာကြောင် ဗုဒ္ဓမြတ်စွာဟာ သတ္တသတ္တာဟ-ရက်သတ္တ (၇)ပတ် အနားယူပါတယ်။ သတ္တသတ္တာဟရဲ့ ဆဋ္ဌမသတ္တာဟအတွက် မဟာဗောဓိပင်၏ အရှေ့တောင်အရပ်မှ အလံငါးဆယ်ဝေးကွာတဲ့ မုစလိန္ဒာရေအိုင်ကြီးအနီးမှာတည်ရှိတဲ့ ကျည်းပင်အောက်မှာ မိုးဒဏ်ကာကွယ်ဖို့သင့်တော်တာကြော့င် အနားယူပါတယ်။ ဗုဒ္ဓမြတ်စွာ မုစလိန္ဒရေအိုင်ကြီးနား ကျည်းပင်အောက်မှာ ဖလသမာပတ်ဝင်စားနေခိုက်မှာ ပြင်းထန်သော မိုးကြီးရွာချလာပါတယ်။ ထိုရေအိုင်ကို ပိုင်ဆိုင်တဲ့ မုစလိန္ဒနဂါးမင်းဆိုတာရှိပါတယ်။ သူဟာ အလောင်းတော်ဘ၀ကတည်းက ဘုရားအဖြစ်ကို ရရှိအောင်ကျင့်ကြံအားထုတ်တော်မှုတဲ့ သိဒ္ဓတ္ထမင်းသားရဲ့ ကြီးမြတ်တဲ့ပညာ၊ ကြီးမားတဲ့ဝီရိယတော်များကို ကြည်ညိုခဲ့တာပါ။ ကြည်ညိုမှု့သဒ္ဓါတရား အားကြီးတာကြောင့် မုစလိန္ဒနဂါးမင်းဟာ ဗုဒ္ဓမြတ်စွာကို ရေဒဏ်၊ မိုးဒဏ်မှ ကာကွယ်ဖို့အတွက် ကြီးမားတဲ့ ပှုဇော်မှု့အခွင့်အရေးကို ရရှိတာကြောင့် သိပ်ကိုပျော်ရွှင်သွားပါတယ်။ ဒါကြောင့်လည်း မိုးများရွာချလာတော့ သူ့ရဲ့တန်ခိုးတော်နဲ့ ကြီးမားတဲ့ကိုယ်ခန္ဓာကို ဖန်ဆင်းပြီး ဗုဒ္ဓမြတ်စွာကို ခှုနှစ်ပတ်ပတ်ကာ ဦးခေါင်းတော်နဲ့ ၇ ရက်ပတ်လုံးမိုးပေးကာ မိုးဒဏ်၊ လေဒဏ်မှာ ကာကွယ်ပေးပါတယ်။ ၇ ရက်ပြည့်တော့ မိုးကြီးကလည်း ရပ်ဆဲ ဗုဒ္ဓမြတ်စွာကလည်း ဖလသမာပတ်ဝင်စားရာကထပါတယ်။
ဗုဒ္ဓမြတ်စွာ ဖလသမာပတ်ဝင်စားရာက ထတော်မှုစဉ်မှာပဲ မုစလိန္ဒနဂါးမင်းဟာ လုလင်တစ်ယောက်အသွင်ကို ဖန်ဆင်းပြီး ဗုဒ္ဓမြတ်စွာကို အရိုအသေပေး ရှိခိုးပှုဇော်လိုက်ပါတယ်။ ထိုအခါမှာ ဗုဒ္ဓမြတ်စွာက မုစလိန္ဒနဂါးမင်းကို နဂါးမင်းတို့ရဲ့သဘာဝအရ မာန်ဟုန်ပြင်းတဲ့ ဒေါသစရိုက်၊ ကာမဂုဏ်ခံစားမှု့အားကြီးတဲ့ ရာဂစရိုက်အားကြီးတာကို သိရှိတာကြောင့် သူ့စရိုက်နဲ့ သင့်လျှော်မယ့် တရားဓမ္မကို ဟောကြားပေးပါတယ်။ ဗုဒ္ဓမြတ်စွာဟာ တရားမဟောခင်မှာ ဟောကြားမယ့် သူရဲ့ စရိုက်ကိုကြည့်မြင်တော်မှုပြီးမှ ဟောကြားလေ့ရှိပါတယ်၊ ဒါကြောင့်လည်းပဲ ဗုဒ္ဓရဲ့ တရားပွဲများမှာ ကျွတ်ထိုက်သွားသောသတ္တ၀ါများ အများကြီးရှိခဲ့တာပါ။
မုစလိန္ဒနဂါးမင်းကို ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားကတော့ ချမ်းသာခြင်းကို ဖြစ်စေတတ်တဲ့ တရားတွေပါပဲ။ ချမ်းသာခြင်းကို လိုလားသူအတွက် လိုက်နာကျင့်ကြံဖို့ လိုပါတယ်။ ထိုချမ်းသာခြင်းတရားများကို လိုက်နာကျင့်ကြံလို့ရအောင် ဘယ်လိုတရားတွေလဲဆို သိရှိပြီး ရရှိအောင်အားထုတ်ဖို့ ပှုဇော်ကြည်ရအောင်ပါ။
“နဂါးမင်း၊ ဒေါသတရားကို ပယ်ပါ၊ သတ္တ၀ါအပေါင်းတို့ကို စိတ်ရော၊ ကိုယ်ပါ ထိပါးတိုက်ခိုက်ကာ ဆင်းရဲခြင်းတရားများကို ဖြစ်စေတတ်တဲ့ ဒေါသတရားကင်းခြင်းဟာ ချမ်းသာလှပါတယ်။ အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ခုံမင်ကပ်ငြိတတ်တဲ့ ရာဂတရားကင်းခြင်းဟာလည်းပဲ ချမ်းသာလှပါတယ်။ မာန်မာနတရားကို ပယ်ပါ၊ သတ္တ၀ါများကို ညှာတာထောက်ထားကာ ညှင်းဆဲခြင်းမပြု သည်းခံခြင်းဟာလည်း ချမ်းသာလှပါတယ်။ မဂ်ဥာဏ်လေးပါးဖြင့် ရဟန္တာဖြစ်ကာ နိဗ္ဗာန်စံမြန်းရခြင်းကတော့ အချမ်းသာဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဂါးမင်းအနေနဲ့ အဟိတ်တိရစ္ဆာန်ဖြစ်ပေမယ့်လို့ ထိုချမ်းသာမှု့များကို ပြည့်စုံရရှိအောင် ကြိုးစားပါ”လို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။
“နိဗ္ဗာနံ ပရမံ သုခံ- နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာဖြစ်တယ်” လို့လည်း ဓမ္မပဒမှာလည်း ဟောကြားထားခဲ့တာ ရှိပါတယ်။
“စစ်မှန်တဲ့ ချမ်းသာခြင်းဆိုတာ ဒေါသကိုပယ်သတ်ခြင်း၊ ရာဂကိုပယ်သတ်ခြင်း၊ မာန်မာနကို ပယ်သတ်ခြင်း၊ နိဗ္ဗာန်ရောက်အောင် အားထုတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။”
တကယ်တော့ အဟိတ်တိရစ္ဆာန်အဖြစ်နဲ့ မဂ်ဖိုလ်မရရှိနိုင်ပါဘူး။ သာမာန် ကာမာဝစရကုသိုလ်တော့ရရှိနိုင်ပါတယ်။ အထက်ပါ သုံးပါးသော ဒေါသ၊ ရာဂ၊ မာနတရားများဟာ အကုသိုလ်တရားများဖြစ်ပါတယ်။ ထိုအကုသိုလ်တရားများကို မဖြစ်အောင် လိုက်နာကျင့်ကြံနေထိုင်မယ်ဆိုရင် ကုသိုလ်ရနိုင်ပါတယ်။ ကုသိုလ်တရားများ ကိုယ့်သန္တာန်မှာ တည်ရှိနေမယ်ဆိုရင် ချမ်းသာခြင်းကိုလည်း ရရှိပါတယ်။ ဗုဒ္ဓမြတ်စွာက ဒီဘ၀မှာ ထိုတရားများကိုပယ် ကောင်းတာလုပ် နောက်ဘ၀လူ့အဖြစ်ကိုရရှိကာ မဂ်ဖိုလ်ရအောင် ကြိုးစားအားထုတ်ပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာ သာသနာနဲ့ တွေ့ကြံဆုံခိုက်ခွင့်ရပြီး အဖိုးတန်လှု့ဘ၀ကို ရရှိနေခိုက်မှာ အပမာဒတရားလက်ကိုင်ထားပြီး မလျှော့တဲ့ ၀ီရိယတရားနဲ့အတူ အလွန်ကဲဆုံး ချမ်းသာဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိအောင် ကြိုးစားသင့်ပါတယ်။
(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP