*လောက၌ထင်ရှားဖြစ်ပေါ်မှုရခဲသောရတနာငါးမျိုး*
1 အကြံပြုပါသည်။ Posted in: မှတ်သားဖွယ်ရာဓမ္မစာပေများ
မြတ်စွာဘုရားရှင်က လိစ္ဆ၀ီမင်းတို့အား လောက၌ထင်ရှားဖြစ်ပေါ်မှုရခဲသော ရတနာငါးမျိုးကို အောက်ပါအ တိုင်းဟောကြားတော်မူခဲ့ပါသည်။၁။ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူ သောမြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။
၂။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောပြောတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။
၃။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ်သည်ရှိသော်သိတတ် သောပုဂ္ဂိုလ်ကိုရခဲ၏။
၎။ လောက၌ မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ်သည်ရှိသော် သိသည့်အ တိုင်းတရားနှင့်အညီကျင့်သော ပုဂ္ဂိုလ်ကိုရခဲ၏။
၅။ လောက၌ သူပြုဖူးသောကျေးဇူးကိုသိ၍ သူပြုဖူးသောကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသောပုဂ္ဂိုလ် ရခဲ၏။
ဟုဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ပဉ္စက၊သာရန္ဒဒသုတ်၊)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


0 comments:
Post a Comment