* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 13, 2010

မကောင်းမှုလုပ်တာသိတာနဲ့မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ

အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။
ဖိုးလပြည့်
မြိတ်

အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။
ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။
သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့(သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်၊ သူ့မှာ မလွဲသာလို့သာ မရှောင်ကြဉ်နိုင်ဘဲ ပြုကျင့်လိုက်ရတာကိုး။ ဒါကြောင့် သိရက်နဲ့ မကောင်းမှုပြုမိသူမှာ ဒိဋ္ဌိနဲ့ယှဉ်ပြီး ပြုတာထက် အပြစ်မကြီးလေးပါ။
ဥပမာ….ရဲရဲငြိနေတဲ့သံတွေခဲကို မလွဲသာလို့ ကိုင်တဲ့အခါမှာ အပူသက်သာအောင် ကိုင်သလိုပါပဲ။ သိပြီး ပြုမိတာက မသိဘဲပြုမိတာထက် အပြစ်နည်းပါးပါတယ်။(မိလိန္ဒပဥှာပါဠိတော်၊ ဇာနန္တာဇာနန္တာနံ ပါပကရဏပဥှာ)
ဒါဖြင့်ရင် ရာဇသတ်ဥပဒေကိုပဲဖြစ်စေ၊ ဘုရားပညတ်တော်ကိုပဲဖြစ်စေ သိရက်နဲ့ လွန်ကျုးမိတဲ့သူများမှာ လောကဓမ္မအရ ဘာ့ကြောင့်များ ကြီးလေးတဲ့အပြစ်ကို ရကြပါသလဲ လို့မေးစရာရှိပါတယ်။
အဖြေက ..သိရက်နဲ့အပြစ်ကျုးလွန်သူမှာ ရာဇသတ်ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို ကျုးလွန်ဖေါက်ဖျက်ရုံမက မရိုသေ လေစားမှုလဲမရှိဘဲ အဂါရ၀ ဒေါသစိတ်များနဲ့ ခြံရံပြီးရှိနေတာကြောင့် လောကဓမ္မအလိုက် ကြီးလေးတဲ့အပြစ်ထိုက်ပါတယ်။
ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို နားမလည်တာ မသိတာဟာ “ဒိဋ္ဌိ” မဟုတ်ပါ၊ အချို့နေရာမှာ မောဟ၊ အချို့နေရာမှာ မသိရုံမျှသာ ဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိတဲ့အတွက် အပြစ်ကျုးလွန်သူမှာ ဥပဒေပြုသူအပေါ်မှာဖြစ်စေ၊ ဘုရားရှင်အပေါ်မှာဖြစ်စေ မလေးစားတဲ့စိတ် မပါတဲ့အတွက် လောကအလိုက် ညှာညှာတာတာ အပြစ်ပေးကြရပါတယ်။ သံသရာဘေးမှာလဲ သိရက်နဲ့ကျူးလွန်သူလောက် အပြစ်မကြီးလေးပါ။(သဂြိုဟ်ဘာသာဋီကာ၊၃၈)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP