* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 13, 2010

စစ်ကိုင်းတောင်ရိုးဆမ်းလောင်းအသင်း တစ်နှစ်ပြည့် ဆွမ်းလောင်းပွဲ ( ၉.ဇူလိုင်.၂၀၁၀)

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း တစ်နှစ်ပြည့်အခမ်းအနားအဖြစ် ၈.၇.၂၀၁၀ ရက်နေ့ည (၇း၃၀)တွင် စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားရင်ပြင်ဓမ္မာရုံပေါ်တွင်အကြိုတရားပွဲအဖြစ်စစ်ကိုင်းမြို့ (ရွိုင်ရယ်ပညာရေးစင်တာ)မှ အရှင်ဝဇီရဥာဏ ၏
တရားပွဲအစီအစဉ်ကျင်းပခဲ့ပါသည်။
၉.၇.၂၀၁၀ ရက်နေ့နံနက်ပိုင်းတွင် သံဃာတော် အပါး ၄၀၀ ကျော်တို့အား အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်များကပ်လှူခဲ့ပြီး
နတ်သုဒ္ဓါဒံပေါက်ဆွမ်းတစ်ပါးလျှင်တစ်ဗူးစီ၊ ဌက်ပျောသီးတစ်လုံး နှင့်ဆွမ်းလောင်းအသင်းဝေယျာဝစ္စအဖွဲ့များမှဗလာစာအုပ်
တစ်အုပ်စီနှင့်ဆပ်ပြာမှုန့်တစ်ထုတ်စီ ၊စစ်ကိုင်းမြို့ မြန်မာဦးစတိုးဆိုင်မိသားစုမှဘောပင်တစ်ချောင်းစီနှင် မှင်တံတစ်ချောင်းစီလှူဒါန်းခဲ့ပြီး နာယကဆရာတော်မေတ္တာရှင်ရွှေပြည်သာဆရာတော် ဦးဇ၀န အား အရုဏ်ဆွမ်း ကပ်လှူခဲ့ပါသည်။ဝေယျာဝစ္စအဖြစ်လာရောက်
ဆွမ်းလောင်းကြသော ဦးသုဇာတ၊ ဦပညာဝံသ ၊ ဦးအာဒိစ္စနှင့် ကိုဖြိုးမိသားစု၊ ကိုထက် နှင်မိတ်ဆွေများ ၊ဂစ်တာ၊မောင်စိုးလင်းအောင်၊
မောင်နီ၊မောင်အောင်မြင့်ဆွေ၊ မောင်ဇော်မျိုး+မအိုမီ၊ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊ နှင့်ဒါယကာနှစ်ဦး တို့ဖြစ်ကြပါသည်။
နေ့လည်ပိုင်းတွင် သြ၀ါဒ ဆရာတော်ကြီးများအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြပါသည်။ သြ၀ါဒဆရာတော်ကြီးများ နှင့် အား
ဆွမ်းလောင်းအသင်းဝေယျာဝစ္စများ ကိုယ်စား ဦးဘုန်း(ဓါတု)၊ဒေါ်ချောအိမာန်၊ဦးဇော်ခိုင်ဦး၊ ကိုဇော်သိင်္ခ တို့မှနေ့ဆွမ်းကပ်လှူရာတွင်
ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဆရာတော်ကြီးများအားနေ့ဆွမ်းကပ်လှူပြီးနောက် ဆွမ်းလောင်းအသင်း ဥပဋ္ဌာပကအဖွဲ့များကိုယ်စား ဦးရဲဝင်းနောင် (Pro-techComputer)မှဆရာတော်ကြီးများအား န၀ကမ္မ ကပ်လှူခဲ့ပါသည်။
ညပိုင်း (၈း၀၀) နာရီအချိန်တွင် သြ၀ါဒဆရာတော်တစ်ပါးဖြစ်သော စစ်ကိုင်းမြို့မြစင်္ကြာကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသ ၏ တရားပွဲအစီအစဉ်ဖြစ်ပါသည်။ တရားပွဲဓမ္မဒါနကုသိုလ်ရှင်များကတော့ ကိုဖြိုး၊ ကိုထက်(ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး) မှဖြစ်ကြပါတယ်။

အလှူရှင်များစာရင်း

၁.မခင်ငြိမ်းချမ်းဦး (မလေးရှား) မှ သံဃာတော် ( ၄၇ ပါး) အတွက် အလှူငွေ ၉၉၀၀၀ ကျပ်
၂.မသန္တာဝင်း (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ကျပ်(စင်္ကာပူဒေါ်လာ ၃၀)
၃.မမေမြတ်နိုးခိုင် (မြန်မာ)(စင်္ကာပူ)မှ သံဃာတော် ( ၉ ပါး) အတွက် အလှူငွေ ၁၈၉၀၀ ကျပ်
၎.ကိုဟန်လင်းအောင်+မကြည်စင်သန့် (စင်္ကာပူ)မှ သံဃာတော် ( ၅၀ ပါး)အတွက်အလှူငွေ ၁၅၀၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၁၅၀)
၅.ကိုမင်းကျော်သူ+မစုစုလှိုင်မြင့် ၊သမီးမြတ်သဒ္ဓါသူ မိသားစု(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ်
(စင်္ကာပူဒေါ်လာ ၃၀)
၆.ဦးမောင်အေး +ဒေါ်သန်းသန်းဝင်း ၊သားစစ်မင်းဦး မိသားစု(စင်္ကာပူ)မှသံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ ၂၁၀၀၀ ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၇.မငုဇာခိုင်(စင်္ကာပူ)မှ သံဃာတော် ( ၃၀ ပါး) အတွက် အလှူငွေ ၆၃၀၀၀ကျပ်(စင်္ကာပူဒေါ်လာ ၉၀)
၈.ကိုအောင်ဝင်းထွဋ် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက် အလှူငွေ၂၁၀၀၀ကျပ် (စင်္ကာပူဒေါ်လာ ၃၀)
၉.မသီတာဇော်မင်း (ဂျပန်)မှ သံဃာတော် ( ၂၀ ပါး) အတွက် အလှူငွေ ၄၂၀၀၀ ကျပ်
၁၀.ဒေါ်ကြည်ကြည်စိန် မိသားစု(အင်းစိန်)မှ သံဃာတော် (၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၁.ကိုကြီး (စင်္ကာပူ)မှ သံဃာတော် ( ၁၀၀ )ပါး အတွက် အလှူငွေ ၂၁၀၀၀၀ ကျပ်
၁၂.ကိုလှဖုန်းမြင့်+မချိုချိုမော်မိသားစု (ဘန်ကောက်)မှသံဃာတော်(၁၀)ပါးအတွက် အလှူငွေ ၂၁၀၀၀ ကျပ်
၁၃.ဦးဆန်းမော်+ဒေါ်အေးမွန်ထွန်း(ယိုကိုဟားမား-ဂျပန်)မှ သံဃာတော်(၁၅)ပါးအတွက် အလှူငွေ ၃၁၅၀၀ ကျပ်
၁၄.ကိုဇော်လင်းနိုင်+မဥမ္မာသန့် (စင်္ကာပူ)မှ သံဃာတော် ( ၁၀ ပါး) အတွက်အလှူငွေ ၂၁၀၀၀ကျပ်
၁၅. ဦးစိုးမိုးညွှန့် +ဒေါ်မိုမို (USA) (LA) မှ သံဃာ ၁၀ ပါးအတွက်
၁၆. ချိုဒီဇိုင်နာ မှသံဃာ (၁၀) ပါးအတွက်
၁၇.မသင်း မှ သံဃာ (၅) ပါးအတွက်
၁၈.မမမြင့်ဉ္ဇူမှ သံဃာ (၅) ပါးအတွက်
၁၉.မတင်ဇာမော် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၀.မလဲ့သူလှိုင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၁.sweetpeony - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀
၂၂.ထက်ထက်အောင် - ၁၀ ပါးစာ - စင်္ကာပူဒေါ်လာ ၃၀

ဓါတ်ပုံများကို
http://kovida.multiply.com/photos
လင့်တွင် ကြည်ညိုနိုင်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP