* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 5, 2010

ရှင်ပြု အလှူတော်မင်္ဂလာ



ကျောင်းအတွင်း နံရံ မှာ
အလှူ မှန်း သိရအောင်
ဆိုင်းဘုတ်ကို ကိုယ်ကိုယ်တိုင် ထောင်ပြခဲ့ပါတယ်။

လာရောက်ကြတဲ့ ဂျာမန် ၊ ထိုင်း ၊ အိန္ဒိယ တို့ လည်း
မြင်နိုင်အောင်ပေါ့။



ကျောင်း အပြင် နံရံမှာ

ဂျာမန်လိုရေး ပြီး အလှူမှန်း ထင်ထင်ရှားရှားလေး သိရအောင်
အလံလေးက လွင့်ထူလိုက်ပါသေးတယ်။




ဆရာဘုန်းကြီးက ရှေ့ ကနေပြီး တစပဉ္စက ကမ္မဋ္ဌာန်းကို
ပါဠိနဲ့  မြန်မာ နှစ်ဘာသာ ရှေ့ က တိုင်ပေးခဲ့ပါတယ်။
မောင်ရင်လောင်း သာမက အလှူ့ ရှင် မိသားစုတွေကပါ လိုက်ဆိုကြပါတယ်။
ပြီးတော့ ကာယဂတိ ဘာဝနာ ဖြစ်ကြောင်းရှင်း ပြခဲ့လိုက်သေးတယ်။



ဓာတ်ပုံ ရိုက်မှာဆိုတော့ သူ တစ်လှည့် ကိုယ်တစ်လှည့်
ဘုန်းကြီး နှစ်ပါး အလှည့်ကြ လေးတွေပေါ့။
ဂျာမန် ဥူးဇင်းက အကြမ်းဖျဉ်း ဆံရှည်များကို ဖြတ်ညှပ်ပေးတယ်။




ကိုယ့်အလှည့်လည်း ရောက်ရော
အပြင်က ဆံပင်ကို အပြောင် ရိတ်ပေးလိုက်တယ်။
အတွင်းချေးလေးများ နဲနဲပါးပါးလေး ပြောင်ပါစေရောပေါ့။




ဖေဖေ +မေမေ ။ မမတို့ ထက် သိက္ခာ ကြီးသွားလေသော
ကိုရင်လေး ရှင်ဝိဝေကာနန္ဒ ဖေဖေ + မေမေ ၊ မမ တို့ ရဲ့ 
ရှိခိုး လေးစားမှုကို ခံယူစဉ် မေတ္တာပွါးများစဉ်




အလှူကို အဝေးမှာနေသော်လည်း မဝေးသော စိတ်ထားများနဲ့ 
လာရောက် ကြတဲ့ မြန်မာ မိသားစုများ မြင်ရပြန်တော့လည်း
စိတ်ထဲမှာ...

နောက်ပြီး - တရားကို စိတ်ဝင်စားလို့ 
တရားတွေ တရားတွေ မေးပြန်တော့လည်း
စိတ်ထဲမှာ...

ဒီနေ့ ကတော့
စိတ်ထဲမှာ...
...မှာ...
...မှာ...
...မှာ...



မှတ်ချက်။ ။ ဓာတ်ပုံများကို အလှူဒါယကာ မိသားစုတို့ က အဓိက ရိုက်ကြပါတယ်။
ကိုယ့်ကင်မရာ မှာ ရှိသလောက်လေးကို မိတ်ဆက် အနေ ဖေါ်ပြလိုက်ပါတယ်။

အထူး = မြန်မာပြည်မှာလို အလှူကို မြင်းနဲ့  လှည့်လည်ပါတယ်။

သို့ သော် အလှူ ဗျောမပါ ၊ အပူ သောက ကွာစေတဲ့ အလှူလေးမို့ 
အေးဆေးစွာမှဘဲ ဆောင်းပါးနှင့် ဓာတ်ပုံများ ဆက်လက် ဖေါ်ပြသွားပါအုံးမယ်။

နယ်ဝေးမှ လူကိုယ်တိုင် မလာရောက်နိုင်သော အလှူ ရှင်များ အတွက်
သာဓုခေါ် ၀မ်းမြောက်ကြောင်းပါ။


မြတ်ရောင်နီ
( ၀၄ ၊ ၀၆ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP