* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 5, 2010

ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ (စင်ကာပူ မိုးကုတ်ဓမ္မရိပ်သာ)

0 comments

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အား ဖိတ်ကြားအပ်ပါသည်။ စင်ကာပူနိုင်ငံ Jayamangala Buddhist Vihara (စင်ကာပူ မိုးကုတ်ဓမ္မရိပ်သာ) ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်တော်မူကြသော ချမ်းမြစည်သာဆရာတော် အရှင်သြဘာသ၊ မစိုးရိမ်ဆရာတော် အရှင်သောမစာရ၊ ကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်ဝိစိတ္တနှင့် သံဃာတော်များကို ၀ါဆိုသင်္ကန်း ဆက်ကပ် လှုဒါန်းမည် ဖြစ်ပါသောကြောင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
နေ့ရက် ။ ။ ၁၁ .၇.၂၀၁၀ (၁၃၇၂ခု၊ ပထမ၀ါဆို လကွယ်)၊ တနင်္ဂနွေနေ့။
အချိန် ။ ။ နံနက် (၉း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီထိ။ (ပထမပိုင်း)
ညနေ (၄း၀၀)နာရီမှ (၇း၀၀) နာရီထိ။ (ဒုတိယပိုင်း)
နေရာ။ ။ 23A, Jalan Mas Puteh, Along West Coast Road.
Singapore-128628

ကျောင်းကော်မတီနှင့် အလှုရှင်များ
ဆက်သွယ်လှုဒါန်းရန်။ ။ 67781678

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP