ယင်နဲ့ပျား
ယင်
ဆင်ခြင်ဥာဏ်ကင်း
ညံ့ဖျင်းတဲ့ လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားတဲ့သတ္တ၀ါ...။
ပျား
ထူးခြားသွက်လက်
ထက်မြက်တဲ့ ဆင်ခြင်ဥာဏ်
ရင့်သန်တဲ့ လုံ့လနဲ့ 
ဘ၀အတွက် စုဆောင်း
ကြောင်းကျိုးမျှော်ကြည့်
အနာဂတ်ကို သိတဲ့ သတ္တ၀ါ...။
လူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
အတ္တတရားကို ရှေ့ တန်းတင်
ယင်သတ္တ၀ါကို အားကျ
တစ်ဘ၀စာနဲ့ ကျေနပ်မှာလား?
ပျားကိုနည်းယူ
ကြည်ဖြူတဲ့ စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား?
စဉ်းစား.....။
ဆင်ခြင်ဥာဏ်ကင်း
ညံ့ဖျင်းတဲ့ လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားတဲ့သတ္တ၀ါ...။
ပျား
ထူးခြားသွက်လက်
ထက်မြက်တဲ့ ဆင်ခြင်ဥာဏ်
ရင့်သန်တဲ့ လုံ့လနဲ့ 
ဘ၀အတွက် စုဆောင်း
ကြောင်းကျိုးမျှော်ကြည့်
အနာဂတ်ကို သိတဲ့ သတ္တ၀ါ...။
လူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
အတ္တတရားကို ရှေ့ တန်းတင်
ယင်သတ္တ၀ါကို အားကျ
တစ်ဘ၀စာနဲ့ ကျေနပ်မှာလား?
ပျားကိုနည်းယူ
ကြည်ဖြူတဲ့ စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား?
စဉ်းစား.....။
(ကိုရင်ရွှေဗျိုင်း)
စာမေးပွဲ ပြီးပါပြီ
စာမေးပွဲ ပြီးပါပြီ

0 comments:
Post a Comment