"မင်္ဂလသုတ် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်"
Blessing Sutta, Pali Myanmar and English
မင်္ဂလသုတ္တ၊ Blessing Sutta
ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝာ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကသ္သ အာရာမေ။ အထ ခော အညတရာ ဒေဝတာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတ္ဝာ ယေန ဘဂဝာ တေနုပသင္ကမိ; ဥပသင္ကမိတ္ဝာ ဘဂဝန္တံ အဘိဝာဒေတ္ဝာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခော သာ ဒေဝတာ ဘဂဝန္တံ ဂာထာယ အဇ္ဈဘာသိ –
အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်-
အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မှု၏။ ထိုအခါ နတ်သားတစ်ယောက်သည် ညာဥ့်ဦးယံ ကုန်လွန်ပြီးသော သန်းခေါင်ယံ၌ အလွန်နှစ်လိုဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ ဇေတ၀န်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားရှင်အား ရှိခိုးကာ တစ်ခုသော နေရာ၌ ရပ်တည်ပြီး မြတ်စွာဘုရားရှင်အား ဂါထာဖြင့်လျှောက်၏။
Thus have I heard;
The Blessed One was once living at the monastery of Anathapindika in Jeta’s grove, near Savatthi. Now when the night was far advanced, certain deity, whose surpassing splendor illuminated the entire Jeta grove, came into the present of the Blessed One and drawing near respectfully saluted Him and stood on one side. Standing thus, he addressed the Blessed One in verse;
၁။ ‘‘ဗဟူ ဒဝော မနုသ်သာ စ၊ မင်ဂလာနိ အစိန်တယုံ။
အာကင္ခမာနာ သောတ္ထာနံ၊ ဗ္ရူဟိ မင္ဂလမုတ္တမံ’’။
၁။ ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား များစွာကုန်သော နတ်၊လူတို့သည် ချမ်းသာခြင်းကို အလိုရှိသည်ဖြစ်၍ မင်္ဂလာတရားတော်တို့ကို ကြံကြကုန်၏။ မြတ်စွာဘုရား တောင်းပန်ပါ၏ ထိုမင်္ဂလာတရားတော်များကို ဟောတော်မှုပါဘုရား။
1. “Many deities and men, yearning after happiness, have pondered on Blessings. Pray, tell me the Highest Blessings.”
၂။ ‘‘အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာ စ ပူဇနေယ္ယာနံ ၊ ဧတံ မင္ဂလမုတ္တမံ။
၂။ နတ်သား၊ သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ခြင်းသည်လည်းကောင်း၊ ပညာရှိတို့ကို မှီဝဲ ဆည်းကပ်ရခြင်းသည်လည်းကောင်း၊ ပှုဇော်ထိုက်သူတို့ကို ပှုဇော်ရခြင်းသည်လည်းကောင်း၊ ဤသုံးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
2. Not to associate with fools, to associate with the wise, and to honor those who are worthy of honor. This is the Highest Blessing.
၃။ ‘‘ပတိရူပဒေသဝာသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင္ဂလမုတ္တမံ။
၃။ သင့်လျော် လျောက်ပတ်သော နေရာအရပ်၌ နေရခြင်းသည်လည်းကောင်း၊ ရှေးဘ၀က ပြုခဲ့သော ကုသိုလ်ကောင်းမှု့ရှိသူ ဖြစ်ခြင်းသည်လည်းကောင်း၊ မိမိ၏ ကိုယ်၊နှုတ်၊ စိတ်ကို ကောင်းစွာထားခြင်းသည်လည်းကောင်း၊ ဤသုံးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
3. To reside in a suitable locality, to have done meritorious actions in the past, and to set oneself in the right course. This is the Highest Blessing.
၎ ။‘‘ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝာစာ၊ ဧတံ မင္ဂလမုတ္တမံ။
၄။ အကြားအမြင်၊ သုတများခြင်းသည်လည်းကောင်း၊ အပြစ်ကင်းသော အတတ်ပညာကို တတ်ရခြင်းသည်လည်းကေင်း၊ မိမိတို့၏ ၀ိနည်း၊ ကျင့်ဝတ်ဆိုင်ရာများကို ကောင်းစွာ ကျင့်သုံးခြင်းသည်လည်းကောင်း၊ ကောင်းသောစကားကို ပြောဆိုခြင်းသည်လည်းကောင်း၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
4. Vast learning skill in handicraft, a highly trained disciplince, and pleasant speech. This is the Highest Blessing.
၅ ။‘‘မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒာရသ္သ သင္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင္ဂလမုတ္တမံ။
၅။ အမိ၊ အဖတို့ကို ကောင်းစွာ လုပ်ကျွေးခြင်းသည်လည်းကောင်း၊ သား၊ မယားတို့ကို ချီးမြှောက်ထောက့်ပံ့ခြင်းသည်လည်းကောင်း၊ ပျင်းရိဖင့်နွှဲ့ခြင်းစသော အနှောင့်အယှက်မရှိမှု၍ အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းသည်လည်းကောင်း၊ ဤသုံးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
5. Supporting one’s father and mother, cherishing wife and children, and peaceful occupations. This is the Highest Blessing.
၆။ ‘‘ဒာနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင္ဂလမုတ္တမံ။
၆။ အလှုဒါန ပေးလှုရခြင်းသည်လည်းကောင်း၊ ကိုသိုလ် ကမ္မပထတရား ၁၀ပါးကို ကျင့်ရခြင်းသည်လည်းကောင်း၊ ဆွေမျိုးတို့ကို ချီးမြောက်ထောက်ပံ့ခြင်းသည်လည်းကောင်း၊ အပြစ်ကင်းသော အမှု့တို့ကို ပြုလုပ်ရခြင်းသည်လည်းကောင်း၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
6. Liberality, righteous conduct, the helping of relatives, and blameless actions. This is the Highest Blessing.
၇။ ‘‘အာရတီ ဝိရတီ ပာပာ၊ မဇ္ဇပာနာ စ သံယမော။
အပ္ပမာဒော စ ဓမ္မေသု၊ ဧတံ မင္ဂလမုတ္တမံ။
၇။ မကောင်းမှု့မှ စိတ်ကို ရှောင်ကြဉ်ခြင်းသည်လည်းကောင်း၊ မကောင်းမှု့မှ ကိုယ်၊ နှုတ်ကို ရှောင်ကြဉ်ခြင်းသည်လည်းကောင်း၊ သေရည်အရက်သောက်သုံးခြင်းမှ စောင့်စည်းခြင်းသည်လည်းကောင်း၊ ကောင်းမှု့ကုသိုလ်တရားတို့ ၌ မမေ့မလျော့ခြင်းသည်လည်းကောင်း၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
7. To cease and abstain from evil, abstention from intoxicating drinks, and diligence in virtue. This is the Highest Blessing.
၈။‘‘ဂာရဝော စ နိဝာတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မသ္သဝနံ ၊ ဧတံ မင္ဂလမုတ္တမံ။
၈။ ရိုသေထိုက်သူတို့ကို အရိုအသေပြုခြင်းသည်လည်းကောင်း၊ မိမိကိုယ်ကို(မာန်မာနမတက်) နှိမ့်ချခြင်းသည်လည်းကောင်း၊ ရောင့်ရဲလွယ်ခြင်းသည်လည်းကောင်း၊ သူပြုဖူးသော ကျေးဇူးတရားကို သိခြင်းသည်လည်းကောင်း၊ သင့်တင့်သောအခါ၌ တရားဓမ္မ နားယူခြင်းသည်လည်းကောင်း၊ ဤငါးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
8. Reverence, humility, contentment, gratitude and the opportune hearing of the Dhamma. This is the Highest Blessing.
၉‘‘ခန္တီ စ သောဝစသ္သတာ၊ သမဏာနဉ္စ ဒသ္သနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင္ဂလမုတ္တမံ။
၉။ သည်းခံခြင်းသည်လည်းကောင်း၊ သူတော်ကောင်းတို့၏ အဆုံးအမစကားကို နာလွယ်ခြင်းသည်လည်းကောင်း၊ ရဟန်းတော်တို့အား ဖူးမြင်ရခြင်းသည်လည်းကောင်း၊ သင့်တင့်သောအခါ၌ တရားဓမ္မ ဆွေးနွေး၊ မေးမြန်းခြင်းသည်လည်းကောင်း၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
9. Patience, obedience, seeing the Samanas (holy men), and (taking part in) religious discussions at proper times. This is the Highest Blessing.
၁၀။‘‘တပော စ ဗ္ရဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒသ္သနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင္ဂလမုတ္တမံ။
၁၀။ ပူပန်စေတတ်သော အကုသိုလ်တရားတို့ကို ကျင့်ခြင်းသည်လည်းကောင်း၊ မြတ်သော အကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊ အရိယာသစ္စာတို့ကို မဂ်ဖြင့် မြင်ခြင်းသည်လည်းကောင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသညလ်လည်းကောင်း၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
10. Self-control, Holy life, perception of the Noble Truths, and the realization of Nibbana. This is the Highest Blessing.
၁၁။ ‘‘ဖုဋ္ဌသ္သ လောကဓမ္မေဟိ၊ စိတ္တံ ယသ္သ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင္ဂလမုတ္တမံ။
၁၁။ လောကဓံတို့နှင့် တွေ့သော အကြင်ရဟန္တာ၏ စိတ်သည် မတုန်မလှုပ်၊ စိုးရိမ်ခြင်းမရှိ၊ ကိလေသာမြူ ကင်းစင်၏၊ ဘေးရန်မရှိ၊ ဤလေးပါးသော တရားတို့သည် မြင့်မြတ်သော မင်္ဂလာတရားမည်ပါပေ၏။
11. If a man’s mind is sorrowless, stainless, and secure, and does not shake when touched by worldly vicissitudes. This is the Highest Blessing.
၁၂။ ‘‘ဧတာဒိသာနိ ကတ္ဝာန၊ သဗ္ဗတ္ထမပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင္ဂလမုတ္တမ’’န္တိ။
၁၂။ နတ်သား၊ ဤသုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို ပြုကျင့်သောသူတို့အား ထိုသို့ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် တစ်ယောက်သော ရန်သူမျှ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသော နေရာအရပ်တို့၌ ကြီးပွား၊ ချမ်းသာခြင်းသို့ ရောက်ရလေ၏။
11. Those who thus acting are everywhere unconquered, attain happiness everywhere, to them these are the Highest Blessing.
မင်ဂလသုတ်တံ နိဌိတံ။
The End Blessing Sutta
အားလုံးသော စာချစ်သူများ ရွတ်ဆို ပှုဇော်၊ ကျင့်ကြံ အားထုတ်ပြီး ကောင်းကျိုး မင်္ဂလာများရရှိနိုင်စေဖို့အတွက် မင်္ဂလသုတ်တော်ကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးမျိုးဖြင့် ရေးသားကာ ဓမ္မဒါန ပြုလိုက်ပါသည်။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment