* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 11, 2010

Buddha FM မြန်မာပြည်ကို စတင်မိတ်ဆက်ပြီ

Posted by Ashin Mettacara Sunday, January 10, 2010


Buddha FM Online Radio ကို စတင်မိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံအပါအ၀င် မည်သည့် နေရာကိုပဲရောက်ရောက် ကွန်နက်ရှင်းရှိမယ်ဆိုရင် နားထောင်လို့ရပါပြီ။ Buddha FM ရဲ့ ထူးခြားချက်မှာ တရားတော်များ၊ ဓမ္မပူဇာတေးများရဲ့ ဗီဒီယိုတွေကိုပါ တစ်နေရာထဲက ကြည့်နိုင်ပါသည်။ Buddha FM ရဲ့ လတ်တလော ၀န်ဆောင်မှုကတော့ ကြုံရင် ကြုံသလို တိုက်ရိုက်အွန်လိုင်း တရားပွဲများ စီစဉ်ပေးခြင်း၊ တိုက်ရိုက် ဘာသာရေးအခြေခံစကားဝိုင်းများ၊ ၂၄ နာရီပတ်လုံး တရားတော်များ၊ ဓမ္မပူဇာတေးသီချင်းများကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ထုတ်လွှင့်ပေးလျက်ရှိပါသည်။ နားဆင်သူတွေအနေနဲ့ Buddha FM မှာ အသင်းဝင်နိုင်ပါသည်။ အသင်းဝင်ပြီးသူတွေအနေဖြင့် မြန်မာပြည်တွင်း၌ ကြည့်လို့ရသော ဖလက်ဗီဒီယိုဖိုင်းများကို တင်ပေးစေလိုပါသည်။ http://www.buddhafm.net/ နဲ့ www.buddhafm.com ဆိုပြီး ၀က်ဆိုက်လိပ်စာ နှစ်ခုရှိသည့်အနက် www.buddhafm.com ကိုသာလျှင် မြန်မာပြည်အတွက် အသုံးပြသွားမှာ ဖြစ်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP