* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 11, 2010

မေခလာ ဒါယိကာထေရီ


“အို အရှင်မတို့၊ မေခလာ အမည်ရှိသော တပည့်တော်မသည် ဤကမ္တာမှ ပြန်၍ ရေသည်ရှိသော် ကိုးဆယ့်လေး ကမ္ဘာထက်၌ ပွင့်တော်မူသော ‘သိဒ္ဓတ္တ မြတ်စွာဘုရား’ ပရိနိဗ္ဗာန် စံတော်မူသောအခါ၌ ဓာတ်တော်တို့ကို ဌာပနာရန် တည်လုပ်ကြသော စေတီတွင် အမှုကိစ္စ ဆောင်ရွက်လုပ်ကိုင်ရန် အလို့ငှာ တပည့်တော်မ၏ ခါးကြိုးတန်ဆာကို ရောင်းချ၍ လှူဒါန်းခဲ့ပေ၏။ စေတီတော်တည်၍ ပြီးစီးသောအခါ၌ ခါးကြိုးတန်ဆာ တစ်ခုကို ထပ်မံ၍ လှူပြန်သည်။

“ခါးကြိုး တန်ဆာကို လှူခဲ့သော ကုသိုလ် စေတနာကြောင့် ကိုးဆယ့်လေး ကမ္ဘာပတ်လုံး တစ်ကြိမ်တစ်ခါမျှ အပယ်ဘုံသို့ ကျရောက်ခဲ့ခြင်း မရှိချေ။ ယခုဘဝ၌ တပည့်တော်မသည် ခါးကြိုးတန်ဆာကို လှူဖူးသော ကုသိုလ် ပါရမီကို အကြောင်းအရင်းပြု၍ ကိလေသာ အာသဝေါတရားတို့မှ ကင်းလွတ်သော ရဟန္တာ မိန်းမ အဖြစ်သို့ ရောက်ပါသည်။ နောက်ဘဝ၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ ဆင်းရဲခြင်း အပေါင်းမှ လွတ်ကင်းရပေပြီ။

“ကျပ်တည်းလှစွာ ဖွဲ့ချည်ထားသော ကြိုးလွန်ကို ရုန်းဖြတ်၍ လွတ်ကင်းချမ်းသာစွာ နေရသော ဆင်မကဲ့သို့ ကျွန်တော်မသည်လည်း ကိလေသာ တဏှာရာဂ တည်းဟူသော ကြိုးလွန်ကို ဝိပဿနာ တည်းဟူသော ပညာ သန်လျက် ဓားလက်နက်ဖြင့် ဖြတ်တောက်၍ နိဗ္ဗာန်တည်းဟူသော ချမ်းသာရာ အရပ်၌ အေးမြချမ်းသာစွာ နေရပါ၏။

ဤသို့လျှင် မေခလာဒါယိကာ ဘိက္ခုနီ အရှင်မသည် မိမိ၏ အပါဒါန်တရားတော်ကို တရားနာ လာရောက်ကြသော ပုဂ္ဂိုလ်တို့အား ဟောကြားတော်မူ၍ ‘ကိလေသာ ဈာပိတာမယှံ’ အစရှိသော ဂါထာဖြင့် ဥဒါန်းကျူးရင့်တော်မူသည်။

ဤမေခလာဒါယိကာထေရီ ဂါထာ ဒုက၌ မေတ္တိကာအမည်ရှိသော ရာဇဂြိုဟ်ပြည်သူ ဖြစ်ကာ ဂိဇ္ဈကုဋ် တောင်ထွတ်နေရာသို့ တက်၍ ရဟန္တာ ဖြစ်တော်မူ၏။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP