* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 11, 2010

ထေရိကာ ထေရီ


ထေရိကာ အမည်ရှိသော ‘မဏ္ဍပဒါယီကာ’ ထေရ်မြတ်လှ အရှင်မ၏ အကြောင်းကား ဤသို့ ဖြစ်ပေသည်။

ဤအရှင်မသည် ရှေးရှေးသော မြတ်စွာဘုရားတို့၏ အထံတော်၌ ပြုဖူးသော ကုသိုလ်ပါရမီ သမ္ဘရ အဓိကာရပတ္ထနာ ဆုတောင်းရှိသည် ဖြစ်၍ ဤကမ္ဘာအတွင်း၌ ကောဏဂုံ မြတ်စွာဘုရား ပွင့်တော်မူသောအခါ သူကြွယ်သမီးဖြစ်၍ သာသနာတော်ကို ယုံကြည်သော စိတ်ဖြင့် သစ်ခက်မိုးကာသော မဏ္ဍာပ်ကို ဆောက်ပြီးလျှင် သဲဖြူတို့ကို မဏ္ဍပ်အမိုးအောက် မြေပြင်၌ ကြဲဖြန့်ခင်း၏။ အထက်မှာလည်း အဝတ်ပိတ်ဖျင်တို့ကို ဗိတာန် မျက်နှာကျက် မိုး၍ ပန်းဆိုင်းတို့ဖြင့် ကောင်းစွာ တန်ဆာဆင်၏။

ကောဏဂုံ မြတ်စွာဘုရားအား မဏ္ဍာပ်တွင်းသို့ ပင့်ကာ ဆွမ်းခဲဖွယ် ဘောဇဉ် ကပ်လှူပြီးနောက် တိစီဝရိတ် သင်္ကန်းကိုလည်း လှူ၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူပေသည်။

သူကြွယ်သမီးသည် ထိုဘဝမှ စုတေသော် မြတ်စွာဘုရားအား ဆွမ်းလုပ်ကျွေးခြင်း၊ တိစီဝရိတ် သင်္ကန်း လှူခြင်းနှင့် မဏ္ဍာပ်ဆောက်လုပ် လှူဒါန်းခြင်း ကောင်းမှု ကုသိုလ်တို့ကြောင့် နတ်ပြည်၌ ဖြစ်၏။ မဏ္ဍာပ် ဒါယိကာ နတ်သမီးသည် ကဿပ မြတ်စွာဘုရား ပွင့်တော်မူသောအခါ နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်လာကာ သာသနာတော်ဝယ် ရဟန်းမိန်းမ ပြု၍ အနှစ်-နှစ်သောင်းပတ်လုံး ရဟန်းတရားကို အားထုတ်၍ စုတေပြန်သော် နတ်ပြည်၌ပင် ဖြစ်ပြန်၏။ ကဿပ မြတ်စွာဘုရားနှင့် ဂေါတမ မြတ်စွာဘုရား နှစ်ဆူတို့ ပွင့်တော်မူသော ကြားကာလ၌ နတ်စည်းစိမ်ကို ခံစားနေကာ ငါတို့ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဝေသာလီပြည် ခတ္တိယ မင်းမျိုး၌ မင်းသမီးဖြစ်၍ ထေရိကာဟု အမည်ရှိ၏။ အရွယ်ရောက်လျှင် အမျိုးတူသော မင်းသားနှင့် ထိမ်းမြားလက်ထပ်လေ၏။

(ထေရကာ ထေရီ အပိုင်း(၂) အားဆက်တင်ပါမည်)




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP