* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 7, 2010

မိတ်ဆွေကောင်း မိတ်ဆွေမြတ်

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။
ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်းအချိန်လောက်တွင် နတ်သားတပါးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်သည်။

မြတ်စွာဘုရား
၁။ မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေရသူအတွက် အဆွေခင်ပွန်းကား အဘယ်သူဖြစ်ပါသနည်း။

၂။ မိမိအမြဲနေရာအိမ်မှာ အဘယ်သူသည် နေ့စဉ် အဆွေခင်ပွန်းကောင်း ဖြစ်ပါသနည်း ဘုရား။

၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကောင်းကား အဘယ်သူ ဖြစ်ပါသနည်းဘုရား။

၎။ နောင်တမလွန်ဘ၀အတွက်ကား အဘယ်သူသည် အဆွေခင်ပွန်းဖြစ်ပါသနည်း ဘုရား။

ထိုအခါ မြတ်စွာဘုရားက-
၁။ အို-နတ်သား မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေသူအတွက် အဆွေခင်ပွန်းကား အရေးကြုံကြိုက်ပါက ကူညီဖော်ရသည့် အတူ သွားဖက်အဖော်အပေါင်း ဖြစ်သည်။

၂။ မိမိ၏ အမြဲနေရာ အိမ်မှာမူအဆွေခင်ပွန်းကား ကိစ္စကြီးငယ်တို့ကို အနွံနာခံ၍ စီမံပြုလုပ်ဆောင်ရွက်ပေးသော မိခင် ဖြစ်သည်။

၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကား မိမိ၏အကျိုးစီးပွားကို လိုလားသောသူငယ်ချင်း ဖြစ်သည်။

၎။ နောင်တမလွန်ဘ၀အတွက်ကား မိမိကိုယ်တိုင် ပြုစုခဲ့သော ကောင်းမှုကုသိုလ် အမျိုးမျိုးတို့သည် အဆွေခင်ပွန်းကောင်းသဖွယ် ဖြစ်ပေသည်-ဟု ဟောတော်မူသည်။

( အတတ်ပညာသင်ကြားရာ၌ ဖြစ်စေ၊ ငွေအသပြာစသော ပစ္စည်းဥစ္စာတကယ်လိုအပ်နေသည့် အခါ၌ဖြစ်စေ ကိုယ်အား နှုတ်အား ပစ္စည်းဥစ္စာအားတို့ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်တတ်သော သူငယ်ချင်းသည်သာ မိတ်ဆွေစစ်မည်၏။
သေရည်သေရက် သောက်စားလောင်းကစားပြုသောအခါတို့၌ အပေါင်းအဖော်သူငယ်ချင်းသည်ကား မိတ်ဆွေစစ် မဟုတ်ချေ)။
(သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ် ဇရာဝဂ် မိတ္တသုတ်)

( ဦးငွေအောင်မွန်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP