ရှုပါ ၀ိပဿနာ...
(၁) မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းသည်။
(၂) မြင်ရရာမှာ ကိလေသာ ကိန်းကာ ဖြစ်နိုင်သည်။
(၃) မြင်တိုင်းမှတ်ရှု ကိလေစု ကိန်းမှုပယ်သင့်သည်။
(၄) မေးခွန်းနှင့်ပင် လုပ်ငန်းစဉ် ပေါ်လွင်စေခဲ့သည်။
(၅) အဆင်းမြင်လျှင် ချစ်ဖွယ်ထင် ထိုတွင် မေ့လေသည်။
(၆) သာယာတပ်စွဲ ခံစားမြဲ စိတ်ထဲသိမ်းလျက်တည်။
(၇) အဆင်းဆိုင်ရာ ဝေဒနာ များစွာပွားတော့သည်။
(၈) လောဘစည်ကား ဒေါသပွား ဗျာများ စိတ်ပန်းသည်။
(၉) ဤနည်းဖြင့်ပဲ မပြောင်းလဲ ဆင်းရဲရှာသူမည်။
(၁၀) ဆင်းရဲကိုသာ ရှာသူမှာ ဝေးစွာ နိဗ္ဗာန်ပြည်။
(၁၁) အဆင်းမြင်က အမှတ်ရ ရာဂကင်းတော့သည်။
(၁၂) မတပ်မက်ဘဲ ခံစားမြဲ စိတ်ထဲ မသိမ်းပြီ။
(၁၃) မှတ်သိလျက်ပင် မြင်လဲမြင် ထို့ပြင်ခံစားသည်။
(၁၄) သို့ပါသော်လည်း ၀ဋ်ဆင်းရဲ ကုန်မြဲကုန်ခန်းသည်။
(၁၅) ဤနည်းဖြင့်သာ ယောဂီမှာ မှတ်ကာကျင့်ရသည်။
(၁၆) မြင်တိုင်း ရှုမှတ် ဆင်းရဲသတ် နီးကပ်နိဗ္ဗာန်ပြည်။

(မဟာစည်ဆရာတော်ဘုရားကြီး)

0 comments:
Post a Comment