* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 7, 2010

အလှရဲ့အကျည်းတန်

ရုပ်ရေ ချောမောလှပလို့ အလှမာန်ဝင့်ကြသူလေးတွေကို တွေ့ရလေတိုင်း အလွန်လှပြီး အလွန်အလှမာန်ဝင့်ခဲ့တဲ့ ခေမာမိဖုရားနဲ့ ဇနပဒကလျာဏီတို့ကို သတိရမိတယ်။ ရုပ်အလှရဲ့ အပြစ်တွေကို ဟောကြားတဲ့ ဘုရားရှင်ထံ သူတို့နှစ်ဦးဟာ မသွားချင် ကြဘူးလေ။ ခေမာ ဟာ ဝေဠုဝန်ကျောင်းဒကာ ဗိမ္ဗိသာရ ရဲ့ မိဖုရားဆိုတော့ ဘုရားရှင်ရဲ့ ကျောင်းဒကာမ ပေါ့။ ဇနပဒ ကလျာဏီဆိုတာကလည်း ဘုရားရှင်ရဲ့ အဖေတူ အမေကွဲ ညီမလေးပဲ။ သူတို့နှစ်ဦးဟာ ခေ တော့ မခေကြဘူး။ ဘုရားတရားကို နာရတော့လည်း ရဟန္တာမကြီးတွေ ဖြစ်သွားကြတယ်။


ဘုရားက အလှသွေးကြွယ်ခိုက်မို့ အလှမာန်ဝင့်နေသူ သူတို့လေးတွေအား တရား မဟောခင် သူတို့အလှထက် အဆပေါင်းများစွာ သာလွန်းလှတဲ့ ၁၆ နှစ်မယ်လေး တစ်ဦးကို တန်ခိုးနဲ့ ဖန်ဆင်းပြတယ်။ အဲဒိအလှမယ်လေးရဲ့ အလှကို မြင်ရတဲ့အခါ သူတို့အလှဟာ ရွှေဟင်္သာမတွေရဲ့အကြားမှာ ရောက်သွားတဲ့ ကျီးမလေးလို ဖြစ်သွား သတဲ့။ အလှ ပဂေး အလှထိပ်ခေါင်တင် အလှမယ်လေးပေါ့။ ဖန်ဆင်းထားတဲ့အလှ မယ်လေးက ဘုရားအနီးမှာ ယပ်ခတ်ပေးနေတယ်။ အလှထိပ်ခေါင်တင် အလှမယ်လေးရဲ့ မျက်နှာကို မြင်ရ တော့ သူတို့ မျက်လုံးတွေ တုန်လှုပ်သွားတယ်။

အလှမာန်ဝင့် သူနှစ်ဥိးရဲ့ အလှမန်ကို ဆူးတစ်ချောင်းနဲ့ ဆူးတစ်ချောင်း နှုတ်သလို နှုတ်လိုတဲ့ ဘုရားဟာ အလှမယ်လေးကို ၁၆ နှစ်အရွယ်ကနေ အသက် ၂၀ အရွယ်ဖြစ်အောင် ဖန်ဆင်းပြလိုက်တယ်။ ၁၆နှစ်အရွယ်နဲ့ ၂၀ အရွယ်ရဲ့ မတူတော့တာကို မြင်လိုက်ရတော့ အလှ မာန်ဝင့်သူနှစ်ဦးရဲ့ အလှမာန်လေးတွေ လျော့လာတယ်။ သားဖွားမိခင်အရွယ်၊ အလယ် အလတ် မိန်းမအရွယ်၊ အဘွားအရွယ်၊ အဘွားအိုကြီးအရွယ်တွေနဲ့ ဘုရားရှင်က ပြောင်း ပြောင်းပြီး ဖန်ဆင်ပြတယ်။ တစ်ရွယ်ပြီးတစ်ရွယ် အလှတွေ ပျောက်ကွယ်သွားတာကို အလှ မာန်ဝင့်သူနှစ်ဦး တွေ့ရပြန်တော့ အလှမာန်တွေ လွင့်ပြယ်လာကြတယ်။

အဲဒီနောက်မှာ ဘုရားရှင်က အလှမယ်လေးကို သွားတွေ အကုန်လုံး ကျိုး၊ ဆံပင် တွေ တစ်ပင်မကျန်ဖြူ ခါးကိုင်းပြီး တုတ်ကိုင်က တုန်တုန်ရီရီဖြစ်နေတဲ့ အဘွားအိုကြီးအရွယ် ဖန်ဆင်း ပြလိုက်တယ်။ အလှမာန်ဝင့်သူနှစ်ဦးရဲ့ အလှမာန်တွေဟာ အနိမ့်ဆုံး ဒီဂရီလောက် ရောက်သွားကြတယ်။ ဖန်ဆင်းထားတဲ့ မိန်းမအိုကြီးဟာ ကိုင်ထားတဲ့ တုတ်နဲ့ ယပ်တောင်ကို လွှတ်ချပြီး အသံကုန် အော်ဟစ်ညည်းတွားကာ လူးလှိမ့်နေတော့တယ်။ သေပြီး ဖူးဖူးရောင် ပုပ်ကာ အပေါက်ကိုးပေါက်က ပြည်တွေ၊ ပိုးလောက်တွေ ထွက်လာကြတယ်။ ကျီး၊ လင်းတ စတဲ့ သတ္တ၀ါတွေ ၀ိုင်းလာကြတယ်။ အဲဒီလို အခြေအနေကိုလည်း ဘုရားရှင်က တန်ခိုးနဲ့ ဖန်ဆင်းပြလိုက်တယ်။

အလှတရားရဲ့ ပြောင်းလွဲဖောက်ပြန်တတ်တဲ့ သဘောကို ကိုယ်တွေ့ ကြုံလိုက်ကြရတဲ့ အလှမာန်ဝင့်သူနှစ်ဥိးရဲ့ အလှမာန်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပါတော့ တယ်။ အဲဒီအခါရော်ကမှ အလှမာန်ဝင့်သူနှစ်ဦးအား ခန္ဓာကိုယ်ကြီးရဲ့ တပ်မက်ဖွယ်၊ တွယ်တာ ဖွယ် မရှိပုံ၊ အနှစ်သာရ ကင်းမဲ့ပုံတွေကို မိန့်ကြားကာ တရားရှုမှတ်နည်းကို မိန့်ကြား တော် မူပါတယ်။ အလှမာန်ဝင့်သူနှစ်ဦးဟာ တရားရှုမှတ်ကာ ရဟန္တာမကြီးတွေ ဖြစ်သွား ကြပါတယ်။ အဆင့်အမြင့်ဆုံး စိတ် အလှပိုင်ရှင်တွေ ဖြစ်သွားတော့ ရုပ်အလှရဲ့ အားနဲ ချက်၊ အကျည်းတန် ချက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်သွားကြ ပါ တော့တယ်။

ရုပ်အလှရဲ့ အကျည်းတန်မှုတွေကို မြင်အောင်ကြည့်ကာ ရုပ်လှသူဖြစ်ဖြစ်၊ မလှသူ ဖြစ်ဖြစ်၊ စိတ်အလှပိုင်ရှင် ဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။
သာမဏေကျော်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP