* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 7, 2010

သီတဂူဆရာတော်၏ ပြည်ချစ်စိတ် သင်္ကေတပုံရိပ်


သီတဂူဒီပင်္ကရာဆေးရုံကို ဇန်န၀ါရီလ (၄)ရက် မြန်မာ့လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်မွေးဖွားခဲ့သည့် မြေပေါ်တွင် တည်ဆောက်နိုင်ခဲ့သည်။

နတ်မောက်မြို့လေးသည် ခြောက်သွေ့ကာ ဖွံ့ဖြိုးမှုနည်းပါးသောမြို့အဖြစ်တည်ရှိနေဆဲမြို့ဖြစ်သည်။ ယခုအခါ
မျက်စိဝေဒနာ ခံစားနေရသော နတ်မောက်မြိ့နယ်သူ မြို့နယ်သားတို့အတွက် စိတ်ချမ်းသာကိုယ်ချမ်းသာ
သီတဂူဒီပင်္ကရာဆေးရုံတွင် ခွဲစိပ်ကုသနိုင်ပေပြီ။ အလင်းတန်းများ ရရှိနိုင်ကြလေပြီ။

မည်သို့ပင် ခေတ်အဆက်ဆက် အမှောင်ချထား၍ မှောင်ပိတ်နေငြားသော်လည်း နတ်မောက်သားတို့အတွက် သီတဂူလမင်းထိန်ထိန်လင်းလေပြီ တကားလို့ နတ်မောက်သူ နတ်မောက်သားတို့ ဂုဏ်ယူနေကြမည်မှာ မလွဲပေ။

မျက်စိဆေးရုံသည် ဒီပင်္ကရာဘုန်းတော်ကြီးကျောင်း အတွင်း၌တည်ဆောက်ထားသည်။ ထိုဘုန်းတော်ကြီး ကျောင်းသည် တချိန်က လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ကလေးဘ၀က လေးတန်းထိ ပညာသင်
ယူခဲ့သည့် အထက်တန်းကျောင်းတစ်ကျောင်း၏ နေရာဖြစ်သည်။

မည်သို့ပင် ဖြစ်စေ လွတ်လပ်ရေးဗိသုကာကြီး ပညာရေနို့ သောက်စို့ခဲ့သောနေရာလေးသည် သာသနာ့မြေ၊ နတ်မောက်သူ နတ်မောက်သားတို့အတွက် အလင်းရစေနိုင်သည့် မြေဖြစ်ခဲ့လေပြီ။

သီတဂူဒီပင်္ကရာဆေးရုံသည် သီတဂူဆရာတော်၏ လွတ်လပ်ရေးကို မြတ်နိုးသည့်စိတ်၊ တိုင်ပြည်ချစ်စိတ်တို့ကို ဖေါ်ပြလိုက်သည့် တိုင်းပြုပြည်ပြု သင်္ကေတဖြစ်သည်။ ထိုဆေးရုံကြီးအတွက် သီတဂူအောက်မြန်မာပြည်နှင့် အထက်မြန်မာပြည် ကပ္ပိယကာရကအဖွဲ့ သီတဂူကျောင်းဒကာ ဒကာမအဖွဲ့တို့ကသိန်း(၅၀)စီလှူဒါန်းပါဝင်
ခဲ့ကြသည်။

သာဓု သာဓု သာဓု

မှတ်တမ်း ဓာတ်ပုံများ

From မနက်ဖြန်


From မနက်ဖြန်


နတ်မောက်သူ နတ်မောက်သားများ
From မနက်ဖြန်

ဗိုလ်ချုပ်၏ အိမ်
From မနက်ဖြန်


ဓာတ်ပုံနှင့် သတင်းပို့ပေးသူ မစပယ်ပန်း (ရန်ကုန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP